Sunday, October 27, 2013

ကချင်တိုက်ပွဲ ထပ်မံဖြစ်ပွားမှုအတွင်း ပိတ်မိနေသော အရပ်သားများကို ကုလစိုးရိမ်

(AFP မှ 26 Oct 2013 ရက်စွဲပါ “UN fears over Myanmar civilians in fresh kachin unrest”သတင်းကို ဘာသာပြန်ဆို သည်)

မြန်မာနိုင်ငံမြောက်ပိုင်း ကချင်ပြည်နယ် ပဋိပက္ခဇုန်တွင် တပ်မတော်နှင့် ကချင်လက်နကိုင်များအကြား ထပ်မံဖြစ် ပွားနေသော တိုက်ပွဲများအတွင်း ပိတ်မိနေသော ကလေးအများစုအပါအဝင် အရေအတွက် ရာချီသော အရပ်သားများအတွက် အထူးစိုးရိမ်ပူပန်မိကြောင်း ကုလသမဂ္ဂက ထုတ်ဖော်ပြောကြားလိုက်သည်။

မြန်မာအစိုးရတပ်နှင့် ကချင် KIA တပ်ဖွဲ့တို့အကြား အပစ်ရပ်ညှိနှိုင်းမှုများ ပြုလုပ်နေသည့်ကြားမှပင် မကြာသေးမီ ရက်ပိုင်းများအတွင်း မန်စီမြို့နယ်၌ဖြစ်ပွားလျက်ရှိသော တိုက်ပွဲများကြားတွင် ပိတ်မိနေသော စစ်ဘေးရှောင်ဒုက္ခသည် တစ်ထောင်ကျော်မှာ စားနပ်ရိက္ခာပြတ်လပ်မှုနှင့် ကြုံတွေ့နေရသည်ပာုဆိုပါသည်။

“အပြန်အလှန်ပစ်ခတ်နေတဲ့ကြားမှာ အရပ်သားတွေပိတ်မိနေတာကို အလွန်အမင်းစိုးရိမ်မိပါတယ်။ အထူးသဖြင့် ကလေး တွေနဲ့ သက်ကြီးရွယ်အိုတွေပေါ့”ပာု သောကြာနေ့က ထုတ်ပြန်သော ကြေညာချက်တွင် မြန်မာနိုင်ငံဆိုင်ရာ UN Resident and Humanitarian Co-ordinatorn အေရှော့နီဂမ်က ပြောကြားသည်။

တရုတ်နယ်စပ်အနီး မြောက်ပိုင်းကချင်ဒေသမှ တိုက်ပွဲများသည် ၂၀၁၁ ဇွန်လတွင် ၁၇ နှစ်ကြာ အပစ်ရပ်စဲမှု ကျိုးပေါက်ကာပြန်လည်ဖြစ်ပွားခဲ့ရာ ယခုအချိန်အထိ စစ်ဘေးရှောင်အိုးအိမ်မဲ့ဒုက္ခသည် ၁၀၀,၀၀၀ ကျော်သွားပြီဖြစ်သည်။

ရန်စတိုက်ခိုက်မှုများကို ရပ်ဆိုင်းပစ်သင့်ပြီး ထိုဒေသအတွင်းရှိ အရေးပေါ်အကူအညီလိုအပ်နေသော အရပ်သား များထံသို့ ကယ်ဆယ်ရေးအေဂျင်စီများ သွားရောက်နိုင်အောင်ခွင့်ပြုသင့်သည်ပာု အေရှော့နီဂမ် ကဆက်လက်ပြောဆိုသည်။

ဒေသခံကယ်ဆယ်ရေးအဖွဲ့များသည် စစ်ဘေးရှောင်ဒုက္ခသည်များထံ လောလောဆယ်မသွားရောက်နိုင်ကြောင်း နှင့် ၎င်း ဒုက္ခသည်များသည် ရက်အနည်းငယ်စာ စားနပ်ရိက္ခာသာ ကျန်တော့သည်ပာု ကြားသိရကြောင်း ကုလတာဝန်ရှိသူက ဆက်လက်ပြောကြားသည်။

မြန်မာနိုင်ငံ၌ စစ်အုပ်ချုပ်ရေး အလွန်ထွက်ပေါ်လာသော နိုင်ငံတကာအချီးမွမ်းခံ နိုင်ငံရေးအပြောင်းအလဲများ အပေါ်တွင် နိုင်ငံအနှံ့ဖြစ်ပွားနေသော ဘာသာရေးခုတုံးလုပ် ဆူပူမှုများနှင့် ကချင်ပြည်နယ်မှသွေးစွန်းသော ပဋိပက္ခများကလောင်း
ရိပ်  မိုးလျက်ရှိသည်။

၁၉၄၈ ခုနှစ်ဗြိတိန်ထံမှ လွတ်လပ်ရေးရပြီးနောက်ပိုင်း ပြည်တွင်းစစ်ကြောင့် နာလံမထူနိုင်ခဲ့သော မြန်မာနိုင်ငံတွင် ပြုပြင်
ပြောင်းလဲရေးဝါဒီ လက်ရှိသမ္မတဦးသိန်းစိန်အစိုးရ လက်ထက်တွင် အဓိကလက်နက်ကိုင်အုပ်စုအများစုနှင့် အပစ်ရပ် သဘော တူညီမှု များ ရရှိထားပြီးဖြစ်သည်။

နောက်ဆုံးကျနေသည့် အဓိကပြည်တွင်းစစ်ပွဲတစ်ခုဖြစ်သည့် ကချင်ပြည်နယ်တိုက်ပွဲများကို အဆုံးသတ်ရန် လက်ရှိ
ဆွေးနွေးမှုများပြုလုပ်လျက်ရှိရာတွင် လတ်လတ်ဆတ်ဆတ် သဘောတူညီမှုအသစ်တစ်ခုကိုလည်း မကြာသေးမီက ရရှိခဲ့သည်။

ကုလသမဂ္ဂနှင့် တရုတ်နိုင်ငံမှ ကိုယ်စားလှယ်များ တက်ရောက်လေ့လာခဲ့သော ဆွေးနွေးပွဲများအပြီး ရရှိခဲ့သော သဘောတူညီချက်သည် နိုင်ငံရေးဒိုင်ယာလော့ဆွေးနွေးရန် အခြေခံချမှတ်ရေးနှင့်ဘ ငြိမ်းချမ်းရေးကိုဦးတည်ဆောင်ရွက်ရေး တို့ကို ရည်မှန်းခြင်းဖြစ်သည်ပာု အစိုးရငြိမ်းချမ်းရေးညှိနှိုင်းမှုအကျိုးဆောင်များက ဆိုပါသည်။

Wednesday, May 22, 2013

KIA နှင့် အစိုးရတို့၏ ငြိမ်းချမ်းရေးဆွေးနွေးပွဲကို ကုလသမဂ္ဂကိုယ်စားလှယ် မစ္စတာနမ်ဘီးယား တက်ရောက်မည်

KIA  နှင့် အစိုးရ ငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်းကော်မတီ တို့၏ ငြိမ်းချမ်းရေး ဆွေးနွေးပွဲကို  မေလ ၂၈ ရက်နေ့တွင် မြစ်ကြီးနားမြို့ ၌ တွေ့ဆုံဆွေးနွေးရန် သဘောတူညီမှုရရှိပြီးဖြစ်ပြီး အဆိုပါဆွေးနွေးပွဲသို့  ကမ္ဘာ့ကုလသမဂ္ဂ ( UN) အဖွဲ့မှ ကိုယ်စားလှယ် အထူးအကြံပေးပုဂ္ဂိုလ် မစ္စတာနမ်ဘီးယား ၊ မစ္စပရိယမ်၊ လက်နက်ကိုင်တပ်ဖွဲ့ ၉ ဖွဲ့အပါအဝင်၊  တရုတ်ပြည်သူ့သမ္မတနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဋ္ဌာနမှ သံမှူးကြီး Mr. Wang Zongying   နှင့် အဖွဲ့ဝင်နှစ်ဦးတို့ ဆွေးနွေးပွဲ တွင် ပါဝင်မည်ဖြစ်ကြောင်း  ကချင်ငြိမ်းချမ်းရေး ကိုယ်စား လှယ်များ၏ပြောကြားချက်အရ သိရသည်။

ယင်းငြိမ်းချမ်းရေးဆွေးနွေးပွဲတွင် ယခင်သဘောတူညီထားသောလုပ်ငန်းစဉ်အချက်များအပြင် နိုင်ငံရေး အကြောင်း အရာများကိုပါ ဆက်လက်ဆွေးနွေးသွားမည်ဖြစ်ကြောင်း ကချင်ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကော်မတီမှ ဦးလမိုင်ဂွမ်ဂျာက ပြောကြားခဲ့သည်။

KIA  တပ်မဟာ (၂) တပ်ရင်း(၆) မှ တပ်ရင်းမှူး ဗိုလ်မှူးကြီးဇော်ဒွဲ ကလည်းက ချင်းငြိမ်းချမ်းရေး အတွက် ဆွေးနွေးနေစဉ် တိုက်ပွဲများကြောင့် ဆွေးနွေးပွဲဖျက်သိမ်းလိုက်ခြင်းများ အကြိမ်မြောက်များစွာ ဖြစ်ပေါ်ခဲ့ပြီး    ကမ္ဘာ့ကုလ သမဂ္ဂ ( UN ) ၊        US ၊        UK အဖွဲ့ တို့အပြင်  ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ၊ စစ်ရေးနှင့်နိုင်ငံရေးနားလည် တက်ကျွမ်းသော ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌ ဦးသူရရွှေမန်း တို့ပါဝင်လာခြင်းဖြင့် ဆွေးနွေးပွဲကို အမြန်ဆုံး အဆုံးသတ်သွားနိုင်မည်ဟု ယူဆကြောင်း ပြောကြားခဲ့သည်။

ထို့ပြင် မြန်မာငြိမ်းချမ်းရေးစင်တာ ( Myanmar Peace Center )မှ ညွှန်ကြားရေးမှူး ဒေါက်တာမင်းဇော်ဦးကလည်း ယခုကျင်းပမည့် မေလ ၂၈ ရက်နေ့ မြစ်ကြီးနားမြို့ ၌ အစိုးရနှင့် ကေအိုင်အိုအဖွဲ့ဆွေးနွေးပွဲကို မူအားဖြင့်နှစ်ဦး သဘောတူညီ ချက် ရရှိနေပြီးဖြစ်သောကြောင့် ယင်းဆွေးနွေးပွဲ အတွက် သွားလာရေးအဆင်ပြေမှုရှိအောင် စီစဉ်ဆောင်ရွက်ပြီး ပါကသတင်း အသေးစိတ် အချက်အလက်ကို အတည်ပြု ထုတ်ပြန်ကြေငြာ ပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

အဆိုပါ KIA  နှင့် အစိုးရငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီတို့၏ ဆွေးနွေးပွဲအတွက် ဆွေးနွေးပွဲ ကျင်းပရန် ခန်းမပြင်ဆင်ပေးရေးကိုလည်း  မြန်မာနိုင်ငံ၏ ထိပ်တန်းစီးပွားရေးလုပ်ငန်းရှင်တစ်ဦးဖြစ်သူ ဦးတေဇထူထောင် ထားသော ထူးကုမ္ပဏီလုပ်ငန်းအုပ်စု ကမြစ်ကြီးနားမြို့ရှိ မနောကွင်း မဂျွယ်အစည်းအဝေး ခန်းမကို ကျပ်သိန်း တစ်ထောင် ကျော် အကုန်အကျခံပြီး ပံ့ပိုးပေးရန်ရှိကြောင်း ကချင်ပြည်နယ်အစိုးရအဖွဲ့၏ ပြောကြားချက် အားဖြင့် သိရသည်။

အစိုးရနှင့် KNU သဘောတူညီချက် လက်တွေ့ဖော်ဆောင်ခြင်းမရှိသေး

             ကရင်အမျိုးအသားအစည်းအရုံး (KNU) နှင့် အစိုးရတို့အကြား သဘောတူညီထားသော အချက်
အလက်များအား လက်တွေ့  အကောင်အထည်ဖော်      ဆောင်ရွက်ခြင်း  မရှိသေးကြောင်း မေလ ၁၈၊ ၁၉ ရက်များတွင် ကျင်းပခဲ့သော ကရင်အမျိုးသား စည်းလုံးညီညွှတ်ရေးနှင့် ငြိမ်းချမ်းရေး  ကော်မတီဝင်များ
၏ ပထမဆုံးအကြိမ်  စုံညီအစည်းအဝေးတွင် တက်ရောက်လာသူများက ပြောကြားခဲ့သည်။

             အဆိုပါအစည်းအဝေးသို့ ကရင်ရေးရာ အစည်းအဝေးမှ ရွေးချယ်တင်မြှောက်ခဲ့သူ ၃၇ ဦး တက်
ရောက်ခဲ့ပြီး ကရင်အမျိုးသားများအားလုံးပါဝင်သည့် စည်းလုံးညီညွှတ်စွာဖြင့် ငြိမ်းချမ်းရေးဖော်ဆောင်ရန်၊ ကရင်အမျိုးသားများ၏ အနာဂတ်သာယာလှပရေးအတွက် ဘေးကင်းလုံခြုံစွာ နေထိုင်ရန်၊ စားဝတ်နေရေး
လူနေမှု ဘဝတိုးတက် မြင့်မားရေးအတွက် သတိရှိစွာဖြင့် ကျရာအခန်းကဏ္ဍ မှ တညီတညွတ်တည်း
 ဆောင်ရွက်သွားရန် ဆွေးနွေးခဲ့ ကြကြောင်း သိရှိရသည်။

            ဆွေးနွေးပွဲတွင် ပါဝင်ခဲ့သည့်တစ်ဦးဖြစ်သည့် ကရင်အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ KDC မှ
 ဒေါက်တာ နော်ဘတ်ရီခါထင်မှ စစ်မှန်သော        ငြိမ်းချမ်းရေး  ရရှိရန်အတွက် လိုအပ်သော အကူအညီ အထောက်အပံ့များ ရရှိရန်နှင့် အခြေခံလူတန်းစားများကို ငြိမ်းချမ်းရေးနှင့် သက်ဆိုင်သည့် အသိပညာ
ပေးခြင်းများ  ဆောင်ရွက်ခြင်းအားဖြင့် ငြိမ်းချမ်းရေးလမ်းစဉ်ကို အထောက်အကူပြုနိုင်ရန် ရည်ရွယ်၍
သဘောထား တစ်ရပ်ကို ထုတ်ပြန်ခဲ့ပါသည်။

           ထိုကဲ့သို့ အစိုးရနှင့် KNU အပစ်အခတ်ရပ်စဲထားသော်လည်း သဘောတူညီထားသည့် အချက်များ
ကို လက်တွေ့ အကောင်အထည်ဖော်  ဆောင်ရွက်ခြင်းမရှိသည့်အတွက် ဒေသခံများ၏ လယ်ယာမြေ
ပိုင်ဆိုင်မှုကို  အကာအကွယ်ပေးရာတွင် အပြည့်အဝ ထောက်ပံ့ပေးနိုင်ခြင်းမရှိကြောင်း ကရင် လူ့အခွင့်
အရေးအဖွဲ့မှ မခူခူဂျူ ကပြောကြားခဲ့သည်။

           အဆိုပါ         ကိစ္စနှင့်  ပတ်သက်၍ သဘာဝပတ်ဝန်းကျင် နှင့် လူမှုရေးရာလှုပ်ရှားမှု      ကွန်ရက် မှ ကိုအဲလက်စ်က KNU အုပ်ချုပ်သော နယ်မြေတွင်ရှိသည့် မြေယာဥပဒေနှင့် အစိုးရမှ ထုတ်ပြန်ထား
သော မြေယာဥပဒေ တွင် ပါဝင်သည့် အချက်များမှာ ကွဲပြားမှုများရှိနေကြောင်း ပြောကြားခဲ့သည်။

         Transnational Institude (TNI) ထုတ်ပြန်သောအစီရင်ခံစာအရ လွှတ်တော်တွင် တင်သွင်းထား ပြီးဖြစ်သော လယ်ယာမြေဥပဒေကြမ်းတွင် တိုင်းရင်းသားများ၏ ရွှေ့ပြောင်း  တောင်ယာစနစ်နှင့် မိရိုးဖလာ
မြေယာ ပိုင်ဆိုင်မှုစနစ် ကိုအသိအမှတ်ပြုခြင်းနှင့် ကာကွယ်ခြင်း အခန်းကဏ္ဍများ ပါဝင်ခြင်း မရှိသော
ကြောင့် တိုင်းရင်းသားဒေသများတွင် လယ်ယာမြေသိမ်းဆည်းမှုများ မကြာခဏဖြစ်ပွားနေခြင်းဖြစ်ကြောင်း သိရှိရသည်။

           ထိုကဲ့သို့ အစိုးရနှင့် KNU သဘောတူညီချက်များကို အကောင်အထည် ဖော်နိုင်ခြင်းမရှိသည့်
အတွက် ဒေသခံများ နစ်နာမှုများ  ရှိနေသည့် ကိစ္စအပြင် ကရင် လက်နက်ကိုင်အဖွဲ့နှစ်ဖွဲ့ ဖြစ်သည့်
 DKBA နှင့် BGF တို့သည်လည်း ကရင်ပြည်နယ် မြိုင်ကြီးငူဒေသတွင် ဧပြီလကုန်တွင် တိုက်ပွဲများ
ဖြစ်ပွားခဲ့သည်။ 

           ထို့ကြောင့် နှစ်ဖက်တပ် ခေါင်းဆောင်များမှ ကရင်အမျိုးသား အချင်းချင်းကြားတွင် အလားတူ
တိုက်ပွဲများ ထပ်မံမဖြစ်ပွားစေရန်အတွက် တွေ့ဆုံဆွေးနွေးသွားမည်ဖြစ်ကြောင်း BGF မှအမှတ် ၃ တပ်
နယ်မှူး ဗိုလ်ကြီးစောချစ်သူကပြောကြားခဲ့သည်။

           ထိုသို့ ကရင် လက်နက်ကိုင်အဖွဲ့အစည်းများအကြား ပြန်လည်သင့်မြတ်ရေးအတွက်ကရင် စည်း
လုံးရေးနှင့် ငြိမ်းချမ်းရေးကောင်စီမှ စေ့စပ်ညှိနှိုင်းပေးသွားမည်ဖြစ်ပြီး အဆိုပါသဘောတူညီချက်ကို
မေလ ၁၈၊ ၁၉ ရက်များ တွင် ရန်ကုန်မြို့တွင် ကျင်းပခဲ့သည့် ကရင်နိုင်ငံရေးအင်အားစုများ အားလုံး
ပါဝင်သည့် ဆွေးနွေးပွဲတွင် ရရှိခဲ့ခြင်း ဖြစ်ကြောင်း ဖလုံ - စဝေါ်ဒီမိုကရက်တစ်ပါတီမှ ဦးမန်းအောင်ပြည်စိုး
က ပြောကြားခဲ့သည်။

မိတ္ထီလာပဋိပက္ခဖြစ်စဉ်များအပေါ် နိုင်ငံတော်သမ္မတ၏ အရေးပေါ်အခြေအနေထုတ်ပြန်မှုနှင့် နောက် ဆက်တွဲ အခြေအနေ

လက်ရှိ မိတ္ထီလာခရိုင်အတွင်းထုတ်ပြန်ထားသည့် နိုင်ငံတော်သမ္မတ၏ ဥပဒေကဲ့သို့အာဏာ တည်သောအမိန့် (၁/၂၀၁၃) အရေးပေါ်အခြေအနေထုတ်ပြန်ထားခြင်းကို မေလ ၂၁ ရက်နေ့မှစတင်၍ ဇူလိုင် ၂၀ ရက်နေ့အထိ ရက်ပေါင်း ၆၀ တိတိ ဆက်လက်အာဏာတည်စေမည်ဖြစ်ကြောင်း မေလ ၂၁ ရက်နေ့တွင် နေပြည်တော်၌ ကျင်းပခဲ့သည့် ပြည်ထောင်စု လွှတ်တော်၌် အထူးအစည်းအဝေးဒုတိယနေ့တွင် လွှတ်တော်ကိုယ်စားလှယ်များက မဲခွဲဆုံးဖြတ်ခဲ့သည်။

မလ ၂၀ ရက်နေ့တွင် ကျင်းပသည့် ပြည်ထောင်စုလွှတ်တော် အထူးအစည်းအဝေး ပထမနေ့တွင် သာသနာ ရေးဝန်ကြီးဌာန၊ ပြည်ထာင်စုဝန်ကြီးဦးဆန်းဆင့်က “နိုင်ငံတော်သမ္မတ၏ ဥပဒေကဲ့သို့အာဏာတည်သော အမိန့်အမှတ် (၁/၂၀၁၃) အရေးပေါ်အခြေအနေ ကြေညာခြင်းကို လွှတ်တော်မှအတည်ပြုပေးရန်” အဆိုတင်သွင်းမှုအား မဲခွဲဆုံးဖြတ်ခဲ့ပြီး အတည်ပြုခဲ့ခြင်းဖြစ်သည်။

အဆိုပါအစည်းအဝေးတွင်   မိတ္ထီလာခရိုင်အတွင်း   အရေးပေါ်အခြေအနေ  ထုတ်ပြန်ခြင်းကိစ္စရပ်နှင့်     ပတ်သက်၍
ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်များဖြစ်သည့် ဦးသိန်းညွှန့်၊ ဒေါက်တာစိုးရင်၊ ဦးဝင်းထိန်၊ ဦးမြင့်စိုး၊ ဦးဝင်းမြင့်၊ ဒေါ်ခင်ဝိုင်းကြည်၊ ဒေါက်တာအေးမောင်၊ ဦးပေါ်လျှံလွင်၊ ဦးတင်မြ၊ ဒေါ်ရီရီမြင့်၊ ဦးတင်မောင်ဦး၊ ဒေါ်အောင်ဆန်းစုကြည်နှင့် သူရဦးအောင်ကိုတို့က ဆွေးနွေးခဲ့ကြောင်း သိရသည်။

အဆိုပါကိစ္စရပ်နှင့်ပတ်သက်၍ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဒေါ်အောင်ဆန်းစုကြည်က “နိုင်ငံတော်သမ္မတ၏ ဥပဒေကဲ့သို့ အာဏာတည်သောအမိန့်အမှတ်(၁/၂၀၁၃)နဲ့ပတ်သက်လို့ တရားဥပဒေစိုးမိုးရေးရှုထောင့်၊ ဒီမိုကရေစီအဆောက် အအုံများ ခိုင်မာရေးရှုထောင့်တို့ကနေ ဆွေးနွေးတင်ပြခြင်းဖြစ်ပါတယ်။ တရားဥပဒေစိုးမိုးရေးကို နှစ်သက်သူများအတွက် ဥပဒေကဲ့သို့ အာဏာတည်သောအမိန့်များဆိုတာ အင်မတန်မှသတိကြီးစွာ ချဉ်းကပ်ရမယ့်အရာဖြစ်ပါတယ်။ တရားဥပဒေနဲ့ အမိန့်အကြား ကွာခြားမှုပာာ ကြီးလွန်းတာကြောင့် ဆန့်ကျင်ဘက်လို့တောင်ပြောနိုင်ပါတယ်။ တရားဥပဒေဆိုတာ အများ ပြည်သူကနေ တရားတယ်၊ လိုအပ်တယ်လို့ လက်ခံထားတဲ့ စည်းမျဉ်းစည်းကမ်းသတ်မှတ်ချက်များဖြစ်ပါတယ်။ အမိန့်ဆိုတာ အာဏာရှိသူများက အထက်ကနေပြီးတော့ ပြည်သူလူထုရဲ့ဆန္ဒပါသည်ဖြစ်စေ၊ မပါသည်ဖြစ်စေ ချမှတ်သတ်မှတ်တယ်။ ဒါကြောင့်မို့ ဥပဒေကဲ့သို့ အာဏာတည်သော အမိန့်များနဲ့ပတ်သက်လို့ သတိကြီးကြီးနဲ့ဆောင်ရွက်စေချင်ပါတယ်”ပာု တိုက်တွန်းပြောကြားခဲ့သည်။

ထို့ပြင် မတ်လအတွင်းက မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့နယ်၌ ဖြစ်ပွားခဲ့သည့် လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခအဓိကရုဏ်းဖြစ်စဉ်များကြောင့် နိုင်ငံတော်သမ္မတဦးသိန်းစိန်က အရေးပေါ်အခြေအနေ ပုဒ်မ ၁၄၄ ကိုထုတ်ပြန်ခဲ့သည်။ ထိုသို့ အရေးပေါ်အခြေအနေထုတ်ပြန်ခဲ့ပြီးနောက် မိတ္ထီလာမြို့ တစ်မြို့လုံးတွင်လည်း စစ်တပ်နှင့်ရဲများက နေရာအပြည့်ယူ၍ ညစဉ်လက်နက်အပြည့်အစုံတပ်ဆင်ထားသည့် စစ်တပ်နှင့် ရဲတပ်ဖွဲ့ဝင်များက ပူးပေါင်း၍ ရပ်ကွက်အနှံ့ လှည့်လည်ကြည့်ရှု ကင်းလှည့်ခဲ့သည့်အပြင် ဒေသခံပြည်သူလူထုက ရပ်ကွက်အလိုက် ကင်းစောင့်ခြင်းများပြုလုပ်ခဲ့ကြောင်း သိရသည်။

ထိုသို့် ပုဒ်မ ၁၄၄ အား ထုတ်ပြန်ကြေညာထားသော်လည်း အဆိုပါဥပဒေအား ဖောက်ဖျက်ကျုးလွန်မှုများအပြင် လူသတ်မှု၊ မီးရှို့မှု၊ အပြင်းအထန်နာကျင်စေမှု၊ လုယက်မှု၊ အကျိုးဖျက်ဆီးမှုတို့ဖြင့် စုစုပေါင်း(၇၇)ဦးအား ဥပဒေအရ ရုံးတင် အမှုဖွင့်ထားပြီး နှစ်လအတွင်းအပြီးသတ်စစ်ဆေးကာ ပြစ်ဒဏ်များချမှတ်သွားမည်ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီးဥပဒေ ချုပ် ဦးရဲမြင့်အောင်က ပြောကြားခဲ့သည်။

ထို့ပြင် အဆိုပါ ပဋိပက္ခဖြစ်စဉ်အတွင်း ဘုန်းတော်ကြီးဦးသောဘိတအား ဓာတ်ဆီလောင်းကာ မီးရှို့သတ်ဖြတ်ခဲ့သည့် တရားခံ(၇)ဦးဖြစ်သည့် မြတ်ကိုကို(ခ)အဏ္ဏဝါအား လူသတ်မှုဖြင့်ထောင်ဒဏ်(နှစ် ၂၀)၊ တစ်သက်တစ်ကျွန်း၊ သာသနာ ညှိုးနွမ်းစေမှုဖြင့် ထောင်ဒဏ် ၂ နှစ်၊ ဆူပူမှုများဖြစ်ပေါ်စေရန် ဖန်တီးမှုဖြင့် ထောင်ဒဏ် ၂ နှစ်၊ စုစုပေါင်းထောင်ဒဏ် ၂၄ နှစ်နှင့် တစ်သက်တစ်ကျွန်းချမှတ်ခဲ့သည့်အပြင် လူသတ်မှုကိုအားပေးကူညီမှု၊ သာသနာညှိုးနွမ်းစေမှု၊ ဆူပူမှုဖန်တီးမှု၊ ပြည်သူ ပိုင်ပစ္စည်းဖျက်ဆီးမှုတို့ဖြင့် တရားခံမျိုးထွန်းထွန်းအား ထောင်ဒဏ်(၁၆)နှစ်၊ မျိုးချစ်(ခ) မျိုးညွှန့်ဦးအား ထောင်ဒဏ်(၁၄)နှစ်၊ ဖိုးချိုအား ထောင်ဒဏ်(၂၈)နှစ်၊ ဇော်ထက်နိုင်အား ထောင်ဒဏ်(၄)နှစ်၊ မျိုးဝင်း(ခ)ဒါဂျိဂန်အား ထောင်ဒဏ်(၂)နှစ် အသီးသီး ချမှတ်ခဲ့ပြီး အသက်မပြည့်သေးသည့် တရားခံညီညီနိုင်အား ကလေးသူငယ်တရားရုံးက ထောင်ဒဏ်(၇)နှစ် ချမှတ် ခဲ့ကြောင်း သိရသည်။

မိတ္ထီလာပဋိပက္ခတွင် လူသတ်မှု၊ မီးရှို့မှု၊ အပြင်းအထန်နာကျင်စေမှု၊ လုယက်မှု၊ အကျိုးဖျက်ဆီးမှုနှင့် ပုဒ်မ ၁၄၄ အားဖောက်ဖျက်မှုတို့ဖြင့်   စုစုပေါင်း  (၇၇)  ဦးအား   ဥပဒေအရရုံးတင်     အမှုဖွင့်ထားပြီး  နှစ်လအတွင်းအပြီးသတ်စစ်ဆေးကာ
ပြစ်ဒဏ်များချမှတ်သွားမည်ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီးဥပဒေချုပ် ဦးရဲမြင့်အောင်က ပြောကြားခဲ့သည်။

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်အတွင်း ပြီးခဲ့သည့် မတ်လ ၂၂ ရက်နေ့တွင် အကြမ်းဖက်မှုနှင့် လူသေဆုံး မှုများဖြစ်ပေါ်    ခဲ့သည့်အပြင်   နေအိမ်အများအပြား    မီးရှို့ဖျက်ဆီးခံရမှုတို့ကြောင့်    လူပေါင်းထောင်ချီ၍ အိုးမဲ့အိမ်မဲ့   ဖြစ်ကာ
ဒုက္ခ ရောက်ခဲ့ရသည်။

အမေရိကန်နှင့် မြန်မာကုန်သွယ်မှုသဘောတူညီချက်လက်မှတ်ရေးထိုး

(22 May 2013 ရက်စွဲပါ China Daily မှ Xinhua ၏ US, Myanmar sign trade agreement ကို ဘာသာပြန်ဆိုသည်)

အမေရိကန်ပြည်ထောင်စုနှင့် မြန်မာနိုင်ငံတို့သည်အင်္ဂါနေ့က ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုသတ်မှတ်ချက်သဘော တူညီချက်အားလက်မှတ် ရေးထိုးခဲ့သည်ဟု အမေရိကန်ကုန်သွယ်ရေး ကိုယ်စားလှယ်ရုံး(USTR)ကကြေညာချက်တွင် ဖော်ပြ ထားပါသည်။

အဆိုပါ သဘောတူညီချက် လက်မှတ်ရေးထိုးခြင်းသည်  အမေရိကန်သမ္မတ Barack Obama နှင့် မြန်မာသမ္မတ ဦးသိန်းစိန်တို့ အိမ်ဖြူတော်တွင်တွေ့ဆုံအပြီး တစ်ရက်အကြာတွင် ထွက်ပေါ်လာခြင်း ဖြစ်ပါသည်။

ကုန်သွယ်ရေး သဘောတူညီချက်ကို ခေတ္တအမေရိကန် ကုန်သွယ်ရေးကိုယ်စားလှယ် Demetrios Marantis နှင့် မြန်မာနိုင်ငံ ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးပွင့်ဆန်းတို့က လက်မှတ်ရေးထိုးကြပြီး၊ အဆိုပါသဘော တူညီချက်သည် နှစ်နိုင်ငံအစိုးရကြား ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု ကိစ္စရပ်များတွင် လက်ရှိ ပူးပေါင်းဆောင်ရွက်မှုနှင့် ဆွေးနွေးမှုများအတွက် ပလက်ဖောင်းတစ်ခု ဖန်တီးပေးနိုင်လိမ့်မည်ဟု USTR ရုံး၏ ကြေညာချက်တွင် ဖော်ပြထားပါသည်။

“အမေရိကန်ပြည်ထောင်စုဟာ   ငြိမ်းချမ်းပြီး  သာယာဝပြောတဲ့   အနာဂါတ်အတွက်   အုတ်မြစ်ချနိုင်မည့် ပြုပြင်
ပြောင်းလဲရေးကိုထောက်ခံပံ့ပိုးသွားမှာပါ”ဟု ခေတ္တအမေရိကန် ကုန်သွယ်ရေးကိုယ်စားလှယ် Demetrios Marantis က ပြောပါသည်။ 

“စီးပွားရေး ပြုပြင်ပြောင်းလဲမှုနှင့် ကုန်သွယ်မှုဟာတစ်ခုကို တစ်ခုအမှီသဟဲ ပြုနေပါတယ်။ ပိုမိုအားကောင်းတဲ့ အင်စတီကျူးရှင်းများ၊ ပွင့်လင်းမြင်သာမှုနဲ့ တရားဥပဒေစိုးမိုးမှုတို့ဟာ ကူးသန်းရောင်းဝယ်ရေးအလွှဲအပြောင်းများ၊ ကုန်သွယ် မှုနဲ့ ရင်းနှီးမြှုပ်နှံမှုတို့အတွက် အားကောင်းတဲ့အုတ်မြစ်တွေ ဖန်တီးပေးနိုင်ပါတယ်”ဟု ၎င်းကပြောပါသည်။

အိမ်ဖြူတော်က ယခုကုန်သွယ်ရေး သဘောတူညီချက်သည် မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲမှုနှင့် ဆက်ဆံရေးတွင် ၎င်း၏ကူညီမှုကို တိုးမြှင့်ပေးနိုင်လိမ့်မည်ဟု မျှော်လင့်ကြောင်း ပြောကြားခဲ့ပါသည်။

အမေရိကန်နှင့် မြန်မာနိုင်ငံကြားဆက်ဆံရေးသည် ၁၉၈၀ နှောင်းပိုင်းမှစ၍ အေးစက်သွားခဲ့ပြီး ၂၀၁၁ မတ်လအထိ တိုးတက်မှုမရှိခဲ့ပေ။ Obama အစိုးရသည် မြန်မာနိုင်ငံနှင့် ၂၀၁၁ မတ်လနောက်ပိုင်းတွင် သံတမန်ဆက်ဆံရေးများ ပြန်လည် လုပ်ဆောင်လာခဲ့ပြီး အရေးယူမှုများကို ရုတ်သိမ်းပေးခဲ့ပါသည်။

တရားဝင်အမေရိကန်၏ကိန်းဂဏန်းများအရ ယခုနှစ်ပထမဆုံးသုံးလအတွက်နှစ်နိုင်ငံကြားကုန်သွယ်မှုသည်ဒေါ်လာ သန်း (၉၀ )ရှိကြောင်း ပြသနေပါသည်။

စွမ်းအင်ကဏ္ဍပွင့်လင်းမြင်သာမှုရှိရန် မြန်မာကတိပြု

(21 May 2013 ရက်စွဲပါ UPI မှ Myanmar commits to energy transparency ကို ဘာသာပြန်ဆိုသည်)

အမေရိကန်အစိုးရက ၎င်းသည်မြန်မာနိုင်ငံ၏ သဘာဝသယံဇာတများ စီမံခန့်ခွဲမှုတွင် ပွင့်လင်းမြင်သာမှု တိုးတက်မှု ရှိရန်ကူညီသွားမည်ဟု ကတိပြုခဲ့ကြောင်း ပြောကြားခဲ့ပါသည်။

အမေရိကန်နိုင်ငံ၏ နိုင်ငံတကာစွမ်းအင်ရေးရာ အထူးကိုယ်စားလှယ် Carlos Pascual သည်မြန်မာကိုယ်စားလှယ် အဖွဲ့ဝင်တွင် လိုက်ပါလာသော စွမ်းအင်ဝန်ကြီးဌာန ဦးသန်းဌေးနှင့် တွေ့ဆုံခဲ့ပါသည်။

နှစ်ဖက်အစိုးရ တာဝန်ရှိပုဂ္ဂိုလ်များသည် ရေနံနှင့် သဘာဝဓါတ်ငွေ့အပါအဝင် သဘာဝသယံဇာတ စီမံခန့်ခွဲမှုများ တွင် ပွင့်လင်းမြင်သာရေးအတွက် ကတိကဝတ်များပါဝင်သော နှစ်ဖက်ကြေညာချက်ကို လက်မှတ်ရေးထိုးခဲ့ပါသည်။ နှစ်ဖက် စလုံးသည် Extractive Industries Transparency Initiative (EITI) ကို အကောင် အထည်ဖော်ရန် စီစဉ်ခဲ့ကြပါသည်။

“ကျွန်ုပ်တို့သည် EITI အားကောင်းမွန်သောအုပ်ချုပ်ရေးနှင့် ဆုံးဖြတ်ချက်ချမှတ်ရာတွင်ပါဝင်ပတ်သက်သူ အမျိုးမျိုး ပါဝင်နိုင်ရေးတို့တွင် တိုး၍ကူညီနိုင်မည့်တန်ဖိုးရှိသည့် ကိရိယာအဖြစ်ရှုမြင်ပါသည်”ဟု ကြေညာချက်တွင် ဖော်ပြထားပါသည်။

ပွင့်လင်းမြင်သာမှုရှိရေး လှုပ်ရှားနေသော အုပ်စုဖြစ်သည့် Revenue Watch Institute က အုပ်ချုပ်မှုညွှန်းကိန်းများ ကို ပြီးခဲ့သည့်အပတ်က ထုတ်ဝေခဲ့ရာ ကမ္ဘာတစ်ဝှမ်း(၅၈)နိုင်ငံ၏ ပွင့်လင်းမြင်သာမှုနှင့် တာဝန်ယူမှုကို တိုင်းတာခဲ့ပါသည်။ မြန်မာနိုင်ငံသည် အမှတ် (၁၀၀) ပေးသည့်အနက် (၄) မှတ်သာရရှိပြီး အဆိုးဆုံး အဆင့်တွင် ရှိပါသည်။

မြန်မာနိုင်ငံမှ နိုင်ငံရေးအရပြုပြင်ပြောင်းလဲမှုများကို တုန့်ပြန်သောအားဖြင့်ပြီးခဲ့သည့်နှစ်က အမေရိကန်အစိုးရသည် အရေးယူမှုအချို့ကို ဖြေလျှော့ပေးခဲ့ပါသည်။ ထို့ကြောင့် စွမ်းအင်ကဏ္ဍတွင် ပိုမိုရင်းနှီးမြှုပ်နှံရန် တံခါးဖွင့်လာပါသည်။

“စွမ်းအင်ကဏ္ဍကို ပွင့်လင်းမြင်သာမှုရှိရန်နှင့် အကောင်းဆုံးနိုင်ငံတကာ လုပ်ထုံးလုပ်နည်းများနှင့်အညီ ကိုက်ညီရေး ကို စီမံခန့်ခွဲရန် ကိစ္စသည် နှစ်နိုင်ငံစလုံး၏ ရည်မှန်းချက်ဖြစ်သည်”ဟု ပူးတွဲကြေညာချက်တွင် ဖော်ပြထားပါသည်။

EITI သည် သယံဇာတထုတ်ယူသူများက သက်ဆိုင်ရာအစိုးရများသို့ ပေးသောပေးငွေတွင် ပွင့်လင်းမြင်သာမှုရှိရေး အလွှာတစ်ခုကို ထည့်သွင်းထားပါသည်။

Eleven Media Group က ဒေါက်တာဆိတ်ဖွား ကို တရားစွဲမည်



              ဒေါက်တာဆိတ်ဖွားနှင့် ပတ်သက်၍ ခေါ်ယူစုံစမ်းသူများအနက် တစ်ဦးမှာ  ဒေါက်တာဆိတ်ဖွား
သည် မိမိဖြစ်ကြောင်း ဝန်ခံသွားပြီ  ဖြစ်သောကြောင့် လွှတ်တော်စုံစမ်းစစ်ဆေးရေးကော်မရှင်မှ ဒေါက်တာ ဆိတ်ဖွားအား ဖော်ထုတ်ပြီးပါက Eleven Media Group မှ တရားစွဲဆိုသွားမည်ဖြစ်ကြောင်း Eleven Me-
dia Group ၏ Managing Director ဒေါက်တာသိန်းမြင့်က ပြောကြားခဲ့သည်။

              ဒေါက်တာဆိတ်ဖွား ဆိုသူအား စုံစမ်းစစ်ဆေးရေးကော်မရှင်မှ ဖော်ထုတ်တော့မည်ဖြစ်သဖြင့်
အဆိုပါ ဒေါက်တာဆိတ်ဖွားဆိုသူနှင့် ၎င်းနှင့်ပတ်သက်သည့် အဖွဲ့အစည်းကိုပါ တရားမကြောင်း အရ လည်းကောင်း၊ ရာဇာဝတ်ကြောင်းအရ လည်းကောင်း တရားစွဲဆိုသွားမည်ဖြစ်ပြီး ကော်မရှင်မှ ဖော်ထုတ် လိုက်သာ ဒေါက်တာဆိတ်ဖွား စစ်မှန်ခြင်း ရှိ၊ မရှိကိစ္စသည် လွှတ်တော်နှင့် စုံစမ်းစစ်ဆေးရေးကော်မရှင်၏ ဂုဏ်သိက္ခာနှင့် သက်ဆိုင်ကြောင်း ဒေါက်တာသိန်းမြင့်က ပြောကြားခဲ့သည်။

              ဒေါက်တာဆိတ်ဖွားကိစ္စနှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးရေးကော်မရှင် ဖွဲ့စည်းခြင်းအပြင် ၎င်း
ကိုယ်တိုင်  သွားရောက်ထွက်ဆိုခဲ့ရခြင်းဖြစ်ပြီး အဆိုပါကိစ္စအား လွှတ်တော်မှ အချိန်ကုန်၊ ငွေကုန်ခံကာ စုံစမ် ဖော်ထုတ်ခဲ့ရသောကြောင့် အမှန်တရားတစ်ခု ရရှိလိုကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

            ဒေါက်တာဆိတ်ဖွားဆိုသူသည် ဇန်နဝါရီလ ၁၄ ရက်တွင် အွန်လိုင်းမှတစ်ဆင့် Above the law ဟူသော ဆောင်းပါးအား ရေးသားခဲ့ပြီး အဆိုပါဆောင်းပါးသည် လွှတ်တော်၏ ဂုဏ်သိက္ခာကို ထိခိုက်စေ
သောကြောင့် ဒေါက်တာဆိတ်ဖွားအား    အရေးယူပေးပါရန် ပြည်ထောင်စုကြံခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဝင် ကမာရွတ်မဲဆန္ဒနယ်မှ   ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာစိုးရင် က အဆိုတင်သွင်းထားခြင်း
အား လွှတ်တော်မှ လက်ခံကာ ဇန်နဝါရီလ ၁၇ ရက်နေ့က စုံစမ်းစစ်ဆေးရေး၏  ကော်မရှင်ဖွဲ့စည်းရန်
 ပြည်ထောင်စုလွှတ်တော်နာယက ဦးခင်အောင်မြင့်က ပြောကြားခဲ့ခြင်းဖြစ်သည်။

             အဆိုပါ  စုံစမ်းစစ်ဆေးရေးကော်မရှင်မှ ဒေါက်တာဆိတ်ဖွား အားဖော်ထုတ်နိုင်ရန်အတွက်
နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ် အပါအဝင် ပြန်ကြားရေးဝန်ကြီးဌာနတွင် တာဝန်ထမ်း
ဆောင်ခဲ့သော ဝန်ထမ်းဟောင်းများ၊ ဆက်သွယ်ရေးနှင့် သတင်းအချက်အလက်နည်းပညာဌာနမှ ဝန်းထမ်းအချို့နှင့် ဂျာနယ်လစ်များ၊ ဘလော့ဂါအချို့အား ခေါ်ယူမေးမြန်းခဲ့ကြောင်းသိရှိရသည်။

             ဒေါက်တာဆိတ်ဖွားနှင့်  ပတ်သက်၍  ခေါ်ယူစုံစမ်းသူများအနက် တစ်ဦးမှာ ဒေါက်တာဆိတ်ဖွား
ဖြစ်ကြောင်း ဝန်ခံခဲ့ပြီ ဖြစ်သောကြောင့်  မကြာမီတွင်    မည်သူသည်  ဒေါက်တာဆိတ်ဖွားဖြစ်သည်ကို
လွှတ်တ်ာမှ ထုတ်ပြန်ပေးသွားမည်ဖြစ်ကြောင်း ဒေါက်တာဆိတ်ဖွား စုံစမ်းစစ်ဆေးရေးကော်မရှင် အဖွဲ့ဝင် ဦးလှဆွေက မေလ ၂၀ ရက်နေ့တွင် ပြောကြားခဲ့သည်။