Thursday, May 9, 2013

လက်နက်ကိုင်တော်လှန်ရေးကြောင့် မြန်မာမူးယစ်ဆေးဝါးထုတ်လုပ်ရောင်းဝယ်မှု ကြီးထွားလာကြောင်း ကုလသမဂ္ဂပြောကြား


(Radio Australia News မှ 8 May 2013 ရက်စွဲပါ “Insurgenices prompting growth in Myanmar drug trade; UN” သတင်းကိုဘာသာပြန်ဆိုသည်။)

မြန်မာနိုင်ငံနယ်စပ်ဒေသများမှ ကာလရှည်ကြာ လက်နက်ကိုင်ပုန်ကန်မှုများသည် ဘိန်းနှင့်မီသိုင်း အင်ဖက်တာမင်း ထုတ်လုပ်မှုကို ကြီးထွားလာစေခဲ့သည်ဟု ကုလသမဂ္ဂမူးယစ်ဆေးဝါးနှင့် ရာဇဝတ်မှုဆိုင်ရာ ဌါန UNDOC က ပြောကြားလိုက်ပါသည်။

နယ်စပ်ဒေသများတွင် ၅ နှစ်အတွင်း မူးယစ်ဆေးထုတ်လုပ်မှု ကင်းစင်ရေးနောက်ဆုံးသတ်မှတ်ရက်
နှောင့်နှေးသွားစေခဲ့သည့်ဖြစ်စဉ်အပေါ် များစွာစိုးရိမ်မိသည်ဟု မြန်မာအာဏာပိုင်များကလည်း ပြောကြားခဲ့ ကြသည်။

UNDOC ၏ အရှေ့တောင်အာရှနှင့် ပစ္စဖိတ်ဒေသဆိုင်ရာတာဝန်ခံ ဂျရမီး ဒေါက်ကလပ်စ်က “မြန် မာနိုင်ငံ မြောက်ပိုင်းနယ်မြေတွေရဲ့ မတည်ငြိမ်မှုဟာ ရွှေတြိဂံလို့ခေါ်တဲ့ဒေသမှာ ပို၍ဆိုးလာပါတယ်။ 

ဒီမတည်ငြိမ်မှုဟာ ဆင်းရဲမွဲတေမှုကိုဖြစ်ပေါ်စေပြီး၊ စိုက်းပျိုးရေးတစ်ခုတည်းနှင့် အသက်မွေး ဝမ်းကျောင်းရတဲ့ တောင်သူတွေ ကလည်းအများကြီးပါပဲ။ ဒါကြောင့်ဘိန်းစိုက်တာဟာ သူတို့အတွက် အစဉ်အလာဝင်ငွေရလမ်း ဖြစ်နေပါတယ်” ဟု ပြောကြားသည်။

မူးယစ်ဆေးဝါး  ပြဿနာကြီးထွားလာခြင်းသည်  နိုင်ငံတော်၏  နှစ်ပေါင်းရှည်ကြာ  တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေးများနှင့် တိုက်ရိုက်ဆက်နွယ်နေသည်ဟု ၄င်းက Radio Australia၏ Connect Asia အစီအစဉ်သို့ပြောကြားသည်။

“အဲဒီမှာလှုပ်ရှားနေကြတဲ့ လက်နက်ကိုင်အုပ်စုအများစုဟာ မူးယစ်ဆေးကုန်သွယ်မှုကနေ ဝင်ငွေ ရအောင်ရှာနေကြပါတယ်။ ဒီနေရာမှာ ဘိန်းကော၊မီဆိုင်းအင်ဖက်တာမင်းကော နှစ်မျိုးစလုံးလုပ်ကိုင်ကြပါ တယ်။ အထူးသဖြင့် တရုတ်နိုင်ငံနဲ့ဆက်နေတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းတွေပေါ့” ဟု ၄င်းဆိုပါသည်။

လူထုလုံခြုံရေးအတွက်  ခြိမ်းခြောက်မှုတစ်ခု  ဖြစ်လာကြောင်း  ကုလသမဂ္ဂက သတိပေးထားသော မူးရစ်ဆေးဝါးပြဿနာဆိုးဝါးလာခြင်းနဲ့ ပတ်သက်၍ တရုတ်၊ လာအို၊ ထိုင်း၊ ကမ္ဘောဒီယားနှင့် ဗီယက်နမ် နိုင်ငံတို့မှ တာဝန်ရှိသူများ မြန်မာနိုင်ငံတွင် စုဝေးတွေ့ဆုံဆွေးနွေးကြသည်။

မြန်မာနိုင်ငံမှ  ရဲမှူးချုပ်ဇော်ဝင်းက  “မီသိုင်းအင်ဖက်တာ  မင်းပြဿနာမြန်မြန်   ဆန်ဆန်ကြီးထွား
နေတာကတော့ရှင်းနေပါတယ်။ ပါဝင်ပတ်သက်နေတဲ့ နိုင်ငံတကာမှုးယစ်ဆေးဝါးဂိုဏ်းကြီးတွေလည်း ပိုပြီးများလာ ပါတယ်” ဟု ပြောကြားခဲ့သည်။

နေပြည်တော်တွင် ကြာသပတေးနေ့ကကျင်းပသော အဆိုပါဝန်ကြီးအဆင့် အစည်းအဝေးတွင် မူးယစ်ဆေးဝါး ကိစ္စဆိုင်ရာ ဒေသတွင်းကြေညာစာတမ်းကို ထုတ်ပြန်ကြေညာမည်ဟု မျှော်လင့်ရသည်။

မြန်မာနိုင်ငံသည် အာဖဂန်နစ္စတန်၏နောက်တွင် ကမ္ဘာ့ဒုတိယအကြီဆုံးဘိန်းထုတ်လုပ်သူအဖြစ် ရပ်တည်နေပါသည်။

မြန်မာနိုင်ငံတွင် ၂၀၁၂ ခုနှစ်အတွင်း အင်ဖက်တာမင်းဆေးပြား ၅.၉ သန်းခန့် သိမ်းဆည်းမိခဲ့ရာ၊ ယခင်နှစ်များထက် အရေအတွက်နှစ်ဆတိုးလာကြောင်း ကုလသမဂ္ဂ ကိန်းဂဏန်းများက ညွှန်ပြနေသည်။

No comments:

Post a Comment