Thursday, May 2, 2013

နိုင်ငံရေးပါတီများ ရန်ပုံငွေရယူခြင်းအတွက် တိကျသော နည်းဥပဒေများလိုအပ်

            နိုင်ငံရေးပါတီကြီးအချို့သည် လူမှုရေးကွန်ရက်များဖြင့် လူထုအကျိုးပြုလုပ်ငန်းများဆောင်ရွက်
ကြရာတွင်      နိုင်ငံခြားထောက်ပံငွေနှင့်     အကူအညီများ    ရယူလျှက်ရှိခြင်း၊    ပါတီစည်းရုံးရေးနှင့်
အောင်နိုင်ရေးလုပ်ငန်းများ အတွက် သွယ်ဝိုက်၍အကျိုးပြုစေခြင်း၊ အချို့ပါတီများက နိုင်ငံပိုင်ငွေကြေးများ၊ ပစ္စည်းများ သုံးစွဲလျှက်ရှိခြင်းတို့ အပေါ် ပွင့်လင်းမြင်သာပြီး မဲဆန္ဒရှင်ပြည်သူများ သိရှိနိုင်ရန်အတွက် ပိုမိုတိကျသည့် အဓိပ
ာယ်ဖွင့်ဆိုချက်များ၊ ညွှန်ကြားချက်များ၊ နည်းဥပဒေများ လိုအပ်နေသေးကြောင်း  သင်္ဃန်းကျွန်းမဲဆန္ဒနယ်၊ပြည်သူ့လွှတ်တော်ကိုယ် စားလှယ်၊ အမျိုးသားဒီမိုကရေစီပါတီသစ် ဥက္ကဋ္ဌ  ဦးသိန်းညွှန့်က ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အစည်းအဝေးတွင် ပြောကြားခဲ့ကြောင်း သိရသည်။
 
       နိုင်ငံခြားရန်ပုံငွေ ရယူသော ကိစ္စများ၊ နိုင်ငံပိုင်ငွေနှင့် ပစ္စည်း သုံးစွဲသောကိစ္စများကို အတိအကျ အဓိပာယ်ဖွင့် ဆိုပေးရန်အတွက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ၂၀၁၅  ရွေးကောက်ပွဲမတိုင်
မီ ဆောင်ရွက်ပေးရန် လိုအပ်ပြီး ထိုသို့ဆောင်ရွက်ရန် လက်ရှိဥပဒေများအရပြည့်စုံမှု မရှိပါကလွှတ်တော်
တွင် ဥပဒေအသစ် တင်သွင်းရန် လိုအပ်ကြောင်း၎င်းကထပ်မံပြောကြားခဲ့သည်။

  Financing of Political Parties ( ပါတီရန်ပုံငွေအရင်းအမြစ်များ) နှင့်ပတ်သက်ပြီးပြည်ထောင်စုရွှေး
ကောက်ပွဲ ကော်မရှင်အဖွဲ့ဝင် ဒေါက်တာဒေါ်မြင့်ကြည်၏ ရှင်းပြချက်အရပါတီရန်ပုံငွေအရင်းအမြစ်များတွင် ပါတီဝင်ကြေး၊ လစဉ်ကြေး၊ ပုဂ
္ဂလိက လှူဒါန်းငွေ၊ နိုင်ငံတော်မှ ပံ့ပိုးငွေနှင့် ပါတီပိုင် စီးပွားရေးလုပ်ငန်းများမှ တရားဝင်ရရှိသော ငွေ နှင့် အမြတ်အစွန်းများဟူ၍ ရှိပြီး ပုဂ္ဂလိကလှူဒါန်းငွေဆိုရာတွင် တစ်ဦးချင်း လှူဒါန်းငွေ၊ အဖွဲ့အစည်းလှူဒါန်း ငွေ၊ အစိုးရထံမှကန်ထရိုက်ရရှိထားသော ကော်ပိုရေးရှင်းများမှလှူဒါန်းငွေ
၊ နိုင်ငံတော်ပိုင်ပစ္စည်းများ သုံးစွဲမှုနှင့်အမည်မဖော်သော လှူဒါန်းငွေ၊ နိုင်ငံတော်ပံ့ပိုးငွေ (Public Funding)
တွင်လည်းတိုက်ရိုက်ငွေ    ကြေးပံပိုးခြင်း တို့ရှိကြောင်းသိရသည်။ ကမ္ဘာတစ်ဝန်းရှိ ရန်ပုံငွေ စည်း မျဉ်း များနှင့်ပတ်သက်၍ IDEA က သုတေသနပြု ထားသော နိုင်ငံများအနက် နိုင်ငံပေါင်း ၁၁၆ နိုင်ငံက
တိုက်ရိုက်ပံ့ပိုးငွေ ပေးအပ်ခြင်းတို့ရှိကြောင်း သိရှိရသည်။

          ပါတီငယ်များရှင်သန်နိုင်ရေးအတွက် ချင်းအမျိုးသားပါတီမှ ဝင်ရောက်ဆွေးနွေးရာတွင် ကိုယ်စား
လှယ်လောင်း များအတွက် ရွေးကောက်ပွဲမှတ်ပုံတင်ကြေးကို လျော့ပေါ့ပေးစေ  လိုကြောင်းနှင့်
ရွေးကောက်ပွဲတွင် အရေးသည့် မဲရုံကိုယ်စားလှယ်များ ခန့်အပ်ရာတွင် သုံးစွဲရမည့် အသုံးစရိတ်
အတွက် နိုင်ငံတော်က Public Funding အဖြစ် ထောက်ပံ့ကူညီထောက် ပံ့ပေးစေလိုပြီး ပြည်ပသို့
ရောက်ရှိနေသော ချင်းအမျိုးသားဆွေမျိုးများထံမှ အထောက် အပံ့များ ရယူခွင့်ပြုစေ လိုကာ ဘဏ္ဍာငွေ ရှာဖွေခွင့်ဆိုင်ရာတင်းကျပ်ထားမှုများကိုလည်းလျော့ချပေးစေလို ကြောင်းအကြံပြုတောင်းဆိုခဲ့ကြောင်း သိရသည်။

         အဆိုပါအစည်းအဝေးသို့ နိုင်ငံရေးပါတီ ၂၁ ပါတီ၊ အမျိုးသမီးရေးရာ၊ ၈၈ မျိုးဆက်အဖွဲ့၊ Myanmar Egress ၊ ငြိမ်းဖောင်ဒေးရှင်း၊ လောကအလင်း၊ Pandita Development Institude၊ Yangon School of Political Science၊      မြန်မာနိုင်ငံဆိုင်ရာ    လွတ်လပ်သော    ရွေးကောက်  ပွဲစောင့်ကြည့်ရေးကွန်ရက် စသည့် လေ့လာရေး အရပ်ဘက် အဖွဲ့အစည်းကိုးဖွဲ့ နှင့် နိုင်ငံတော်သမ္မတ နိုင်ငံရေးအကြံပေး၊ ဥပဒေ အကြံပေး၊ Facilitati or, EU – ENGOST, UNDP, IFES, UKAID, AUSAID, IDEA , Asia Foundation စသည့်အစိုးရနှင့် NGOs အဖွဲ့ ၁၀ ဖွဲ့ တက်ရောက်ခဲ့ကြောင်း သိရှိရသည်။

No comments:

Post a Comment