Thursday, May 2, 2013

ယခင်အစိုးရမှ လုပ်ငန်းရှင်များသို့ ရောင်းချခဲ့သည့် စက်သုံးဆီဆိုင်ကိစ္စ လက်ရှိအစိုးရတာဝန်ယူရန် ပြောကြား



     ယခင်နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ တပ်မတော်အစိုးရလက်ထက် စွမ်းအင်ဝန်ကြီးဋ္ဌာနမှ စက်သုံဆီဆိုင်များကို ဈေးနှုန်းအနိမ့်ဖြင့် ပုဂ္ဂလိကလုပ်ငန်းရှင်များအား ရောင်းချရာတွင် ပွင့်လင်းမြင်သာမှုမရှိသည့်အတွက် အဆို
ပါကိစ္စအား လက်ရှိအစိုးရမှ ပွင့်လင်းမြင်သာမှုရှိစွာဖြင့် တာဝန်ယူဖြေရှင်းပေးရန်လိုအပ်ကြောင်း အမျိုးသားလွှတ်တော်ကိုယ်စား
လှယ် ဦးဖုန်းမြင့်အောင်က ပြောကြားခဲ့သည်။

     စွမ်းအင်ဝန်ကြီးဌာနမှ    ရောင်းချပေးခဲ့သည့်   စက်သုံးဆီဆိုင်များသည် တပ်မတော်အစိုးရပိုင်ဆီဆိုင်များ မပာုတ် ဘဲ ပြည်သူပိုင်ဖြစ်သည့်အတွက် ရောင်းချရာတွင်လည်း ပြည်သူများသိရှိနိုင်စေရန် ပွင့်လင်းမြင် သာမှုရှိစွာဖြင့်ရောင်းချ
သင့်ပြီး ထိုသို့ ပွင့်လင်းမြင်သာမှုမရှိသည့်အတွက် နိုင်ငံတော်အနေဖြင့် အခွန်ဘဏ္ဍာငွေနစ်နာဆုံးရှုံးခဲ့သည့်အပြင် တရားမ ဝင်ရောင်းဝယ်မှုများကိုလည်း ဖြစ်ပေါ်စေခဲ့ကြောင်း သိရသည်။

       အဆိုပါကိစ္စနှင့်ပတ်သက်၍ လွှတ်တော်ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင်မှ ပြီးခဲ့သည့် လွှတ်တော်အစည်း အဝေးတွင်   ရောင်းချပေးခဲ့သည့်    စက်သုံးဆီဆိုင်များ၏     ဈေးနှုန်းမှာ      ကာလပေါက်ဈေးထက်        အဆမတန်လျော့နည်းလျက်ရှိ
ကြောင်း လေ့လာတွေ့ရှိရသည့် အတွက် ယင်းအား လက်ရှိနိုင်ငံတော်သမ္မတ ဦးသိန်းစိန်မှတာဝန်ယူရန် ပြောကြား ခဲ့ကြောင်း
သိရသည်။

          ထို့ပြင်   လွှတ်တော်ကိုယ်စားလှယ်တစ်ဦးအနေဖြင့်လည်း   လွှတ်တော်သက်တမ်းမကုန်မီ   ယင်းကိစ္စအား   ပွင့်လင်း
မြင်သာမှုရှိရေးနှင့်  အမှန်တရားပေါ်ပေါက်ရေးတို့အတွက်   ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း   ၎င်းကဆက်
လက်ပြောကြားသည်။

         ယခင်တပ်မတော်အစိုးရလက်ထက်တွင် မြန်မာနိုင်ငံတစ်ဝှမ်းလုံးရှိ အစိုးရစက်သုံးဆီဆိုင် ၂၇၂ ဆိုင်အနက် ၂၆၀ ကျော်အား စက်သုံးဆီသိုလှောင်ရောင်း  ချခွင့်လေလံအောင်မြင်ခဲ့သော   စီးပွားရေးလုပ်ငန်းရှင်ကြီးများအား   ဈေးနှုန်းအနိမ့်ဖြင့် ရောင်းချ
ခဲ့ကြောင်း သိရသည်။



-                                                                                                                                              
                                                                                                                         

No comments:

Post a Comment