Friday, May 10, 2013

တပတ်အတွင်း နိုင်ငံရေးသတင်း


တပတ်အတွင်း နိုင်ငံရေးသတင်းများကို ပြည်သူများသိစေရန်အလို့ဌာ Yangon Chronicle မှ စုစည်းတင် ပြလိုက်ပါသည်။
သတင်းအဖွဲ့

ပဋိပက္ခ
       လက်ရှိ မြန်မာနိုင်ငံအတွင်းဖြစ်ပွားလျက်ရှိသောလူမျိုးရေး၊ ဘာသာရေးပဋိပက္ခဖြစ်စဉ်များချုပ်ငြိမ်းစေရေးအတွက် ဖြစ်ပွားခဲ့ သည့် အကြမ်းဖက်မှုဖြစ်စဉ်များတွင် နောက်ကွယ်မှကြိုးကိုင်ဆောင်ရွက်နေသူများအားနိုင်ငံတော်အစိုးရအနေဖြင့် ထိရောက်စွာ အရေးယူပေးရန်နှင့် နိုင်ငံသားဗုဒ္ဓဘာသာဝင်များအပေါ် ဆန့်ကျင်တိုက်ခိုက်ရန် ပြည်ပမှ လှုံဆော်နေမှုများ အားလုံးဝလက်မ
ခံကြောင်း မြန်မာနိုင်ငံရှိအစ္စလာမ်ဘာသာရေးအဖွဲ့အစည်းလေးခုမှ မေလ ၆ ရက်နေ့ရက်စွဲဖြင့် ထုတ်ပြန်ကြေညာခဲ့သည်။
                                                 Photo Credit By Online

       ထို့ပြင် လက်ရှိ မြန်မာနိုင်ငံအတွင်းဗုဒ္ဓဘာသာများနှင့် မွတ်စလက်များအကြား ဖြစ်ပွားလျက်ရှိသောပဋိပက္ခဖြစ်များနှင့်ပတ်
သက်၍ စုံစမ်းစစ်ဆေးရေးကော်မရှင်၏ အစီရင်ခံစာပါ အကြံပြုချက်များအား အစိုးရမှလုပ်ဆောင်မည့် အချက်အလက်များနှင့် ပတ်သက်၍ မေလ ၆ ရက်နေ့တွင် နိုင်ငံတော်သမ္မတဦးသိန်းစိန်မှ နိုင်ငံပိုင်ရုပ်သံများမှတစ်ဆင့် မိန့်ခွန်းတစ်ရပ်ပြောကြားခဲ့
သည်။ 

    အဆိုပါမိန့်ခွန်းတွင် လက်ရှိဘာသာနှစ်ခုအကြား ဖြစ်ပွားလျက်ရှိသောပဋိပက္ခများကို လွဲမှားစွာပုံဖော်ခြင်းအားဖြင့် ကြုံတွေ့နေ ရသော ပြဿနာများအားဖြေရှင်းရန် ပိုမိုခက်ခဲသွားစေမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

       ထို့ပြင် မတူညီသည့် ကိုးကွယ်ယုံကြည်မှုများကို လွတ်လပ်စွာကိုးကွယ်ယုံကြည်ခွင့်ရရှိရေး အတွက်အခြေခံ အနှစ်သာရမှာ
ဘာသာတရားအချင်းချင်းအပြန်အလှန်လေးစားခြင်းဖြစ်ပြီး ထိုသို့အပြန်အလှန် လေးစားမှု ရှိမှသာ နိုင်ငံသားတစ်ဦးချင်းစီ၏ လွတ်လပ်စွာကိုးကွယ်ယုံကြည်မှုနှင့်ပတ်သက်၍  အစိုးရအဖွဲ့မှ  အစဉ်လေးစား  ကာကွယ်  ပေးသွားနိုင်မည်ဖြစ်ကြောင်းထည့်
သွင်းပြောကြားခဲ့သည်။

ငြိမ်းချမ်းရေး

   အစိုးရ၏  ပြည်ထောင်  စုငြိမ်းချမ်းရေး  ဖော်ဆောင်ရေးအဖွဲ့နှင့်   ကချင်လွတ်မြောက်  ရေးတပ်မတော်  (KIO)  တို့၏ ငြိမ်းချမ်းရေးဆွေးနွေးပွဲကိုမေလပိုင်းအတွင်း ပြည်တွင်း၌ပြုလုပ်နိုင်ရန် ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးကော်မတီကထပ်
မံကမ်းလှမ်းခဲ့ကြောင်းသိရသည်။ထိုသို့ ထပ်မံကမ်းလှမ်းလျက်ရှိသော်လည်းလက်ရှိအချိန်တွင် KIA အနေဖြင့် တရုတ်၊ အမေရိကန်၊ ကုလသမဂ္ဂမှကိုယ်စားလှယ်များဖြင့် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်လျက်ရှိကြောင်းသိရသည်။

    ထိုသို့ အစိုးရမှ ငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းများလုပ်ကိုင်လျက်ရှိသကဲ့သို့ တစ်ဖက်တွင်လည်းတပ်မတော်နှင့် ကလိုထူးဘောအဖွဲ့ (DKBA)  တို့မှာပာတ်ကြီးရေကာတာစီမံကိန်းအားအကြောင်းပြု၍ သဘောထားတင်းမာလျက်ရှိကြောင်း
သိရသည်။

            ပြီးခဲ့သည့် မေလ၂ရက်နေ့တွင်တပ်မတော်မှ ပာတ်ကြီးရေကာတာစီမံကိန်းဆောင်ရွက်နိုင်ရန် အဆိုပါဒေသအတွင်းရှိ
လက်နက်ကိုင်တိုင်းရင်းသားအဖွဲ့တစ်ဖွဲ့ဖြစ်သည့် ကလို့ထူးဘောအဖွဲ့(DKBA)အဖွဲ့များမှမေလ ၄ ရက်နေ့နောက် ဆုံးထား၍ ပြောင်းရွှေ့ပေးရန် အကြောင်းကြားခဲ့သည့်အပေါ် DKBA မှလုံးဝလက်မခံနိုင်ကြောင်းနှင့်တပ်မတော်မှ ထိုးစစ်ဆင် တိုက်ခိုက်မှုများပြုလုပ်လာပါက ပြန်လည်ခုခံတိုက်ခိုက်သွားမည်ဖြစ်ကြောင်းမေလ ၆ ရက်နေ့တွင် ပြန်လည်အကြောင်းကြား
ခဲ့သည်။


             အစိုးရ၏တပ်မတော်မှ ပြီးခဲ့သည့်မေလ ၉ ရက်နေ့တွင် ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီနှင့် ရှမ်းပြည်တပ်မတော်တောင်ပိုင်း RCSS/SSA စခန်းချရာ ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ခမ်းမြို့အတွင်းရှိ အမှတ်(၇၀၁)နယ်မြေများအား ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သည့်အတွက် တိုက်ပွဲများ အပြင်းအထန်ဖြစ်ပွားခဲ့ပြီး ဒေသခံပြည်သူများမှ တရုတ်နိုင်ငံတွင်းသို့ ဝင်ရောက်ခိုလှုံလျက်ရှိကြောင်း သိရသည်။ ထိုသို့တိုက်ပွဲပြင်းထန်မှုများကြောင့် တပ်မတော်ဘက်မှ ၉ ဦးကျဆုံးခဲ့ပြီး ၈ ဦးမှ ဒဏ်ရာပြင်းထန်စွာဖြင့် နမ့်ခမ်းမြို့ ပြည်သူ့ဆေးရုံကြီးတွင် တက်ရောက်ကုသလျက်ရှိကြောင်း သိရသည်။

  ထို့ပြင် တပ်မတော်နှင့် ရှမ်းမြောက်လက်နက်ကိုင်တိုင်းရင်းသားအဖွဲ့တစ်ဖွဲ့ဖြစ်သည့်(SSA)အဖွဲ့များနှင့် ရင်ဆိုင်တိုက်ပွဲများ ဖြစ်ပွားရာတွင် တပ်မတော်မှ ဒေသခံပလောင်လူမျိုးများအပေါ် ဥပဒေမဲ့သတ်ဖြတ်ခြင်း၊ ပေါ်တာဆွဲခြင်းနှင့် အဓမ္မပြုကျင့်ခြင်းစသည့် လူ့အခွင့်အရေးချိုးဖောက်မှုများကို ပြုလုပ်လျက်ရှိကြောင်း ပလောင်အမျိုးသမီးအစည်းအရုံး(PWO)၊ ပလောင်(တအောင်း) ကျောင်းသားနှင့် လူငယ်များအစည်းအရုံး(TSYO)တို့မှ စစ်တမ်းကောက်ယူ၍ ကြေညာချက်ထုတ်ပြန်ခဲ့
သည်။ထိုသို့တပ်မတော်၏ရှမ်းမြောက်ဒေသအတွင်းလူ့အခွင့်အရေးချိုးဖောက်နေမှုများအားအရေးယူဆောင်ရွက်ပေးရန်မြန်မာနိုင်ငံ
လူ့အခွင့်အရေးကော်မရှင်၊ နိုင်ငံတော်သမ္မတရုံးနှင့် အခြားသက်ဆိုင်ရာအစိုးရအဖွဲ့များ၊ နိုင်ငံရေးပါတီကြီးများထံသို့ စာပေးပို့
တောင်းဆိုသွားမည် ဖြစ်ကြောင်းအဆိုပါထုတ်ပြန်ချက်တွင်ဖော်ပြပါရှိသည်။

ပါတီနိုင်ငံရေး
                                           Photo Credit by Myanmar Daily News

ပြီးခဲ့သည့် မေလ ၅ ရက်နေ့တွင်  နိုင်ငံတော်သမ္မတဦးသိန်းစိန်သည် ပြည်တွင်းရှိ နိုင်ငံရေးပါတီ(၁၈)ခုနှင့်  နေပြည်တော်၌
တွေ့ဆုံဆွေးနွေးမှုများပြုလုပ်ခဲ့ပြီးအဆိုပါ ဆွေးနွေးပွဲ၌ ပြည်တွင်းပဋိပက္ခဖြစ်စဉ်များနှင့် ငြိမ်းချမ်းရေးကိစ္စရပ်များအားအဓိက
ထားဆွေးနွေးခဲ့ကြောင်းသိရသည်။

            နိုင်ငံတော်သမ္မတဦးသိန်းစိန်မှ အမျိုးသားရေးရည်မှန်းချက်အနေဖြင့် လွတ်လပ်ပွင့်လင်းပြီးအားလုံးပါ ဝင်သည့်
 နိုင်ငံရေးဖြစ်စဉ်နှင့် တန်းတူယှဉ်ပြိုင်နိုင်ခွင့်ရှိသည့် စီးပွားရေးဖြစ်စဉ်များဖြင့်တည်ဆောက်ထားသည့် မြန်မာနိုင်ငံတော်
သစ် တည်ထောင်ရန်ဖြစ်ကြောင်း၊ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းများဆောင်ရွက်ရာတွင် အစိုးရတပ်ဖွဲ့တည်းလုပ်ဆောင်နေခြင်း
မပာုတ်ဘဲလွှတ်တော်အဆင့်ဆင့်၊ နိုင်ငံရေးအဖွဲ့အစည်းများ၊အရပ်ဘက်အဖွဲ့အစည်းများ၊ ပြည်သူများ၊ တပ်မတော်နှင့်
ငြိမ်းချမ်းရေးလိုလားသည့်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအားလုံးဖြင့် ပူးပေါင်းပါဝင်ဆောင်ရွက်လျက်ရှိကြောင်း
ပြောကြားခဲ့သည်။

         ယခင်အစိုးရလက်ထက်တွင် မတရားအသင်းအဖြစ် ကြေညာခြင်းခံထားရသည့်အတွက် ထိုင်းနိုင်ငံမဲဆောက်၌ နှစ်ပေါင်း ၂၀ ကျော်ကြာရပ်တည်ခဲ့သည့်  လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီမှာလည်းလာမည့် သုံးလအတွင်း ပြည်တွင်းသို့
ပြန်လည်ပြောင်းရွှေ့အခြေစိုက်တော့မည်ဖြစ်သည့်အပြင် မြန်မာနိုင်ငံအတွင်းတရားဝင်နိုင်ငံရေးပါတီအဖြစ်ရပ်တည်သွားမည်ဖြစ်ပြီး
ပါတီစုစည်းရေးလုပ်ငန်းများ၊ ဒေသဆိုင်ရာစုစည်းရေးလုပ်ငန်းများလုပ်ကိုင်နိုင်ရန် ပါတီစည်းရုံးရေးကော်မတီ ကိုမေလ
ဒုတိယပတ် အတွင်း ရန်ကုန်မြို့၌ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်းသိရသည်။

    ထို့ပြင် လွှတ်တော်တွင်းဒုတိယအင်အားကြီးပါတီအဖြစ်ရပ်တည်လျက်ရှိသောအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီ၏ ပထမဆုံးအကြိမ်  ဗပာိုကော်မတီအစည်းအဝေးကိုမေလ  ၂၆  ရက်နေ့တွင်  နိုင်ငံလုံးဆိုင်ရာ ညီလာခံတွင်  ရွေးကောက်
တင်မြှောက်ခြင်းခံရသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ ဗပာိုကော်မတီဝင်များဖြင့် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း
သိရသည်။

ဌာနဆိုင်ရာအပြောင်းအရွှေ့
     ယခုအပတ်တွင် ထူးခြားမှုအနေဖြင့် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းတွင် ဦးဆောင်ညွှန်ကြားရေးမှူးအဖြစ် တာဝန်ထမ်းဆောင်
ခဲ့ပြီးလက်ရှိပညာရေးဝန်ကြီးဌာန၊ အမှတ်(၁)အခြေခံပညာဦးစီးဌာနညွှန်ကြားရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်လျက်ရှိသည့်ဦးက္ကဒ္ဓိလှကိုဖွဲ့စည်းပုံအခြေခံဥပဒေနှင့် နိုင်ငံဝန်ထမ်းဥပဒေပါ ပြဋ္ဌာန်းချက်များအရရာထူးမှထုတ်
ပယ်ခဲ့ပြီးအခြား ဝန်ကြီးဌာနများမှအဆင့်မြင့် အရာရှိရှစ်ဦး ကိုအငြိမ်းစားပေးလိုက်သည့် ပြည်ထောင်စုမြန် မာနိုင်ငံတော်ပြန်တမ်း
ကိုမေလ ၃ ရက်နေ့ ရက်စွဲဖြင့်ထုတ်ပြန်ကြေညာခဲ့သည်။

    ထို့ပြင် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်ဥက္ကဋ္ဌ ရာထူးကိုဦးစိုးသိန်းအစား ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ပြည်ထောင်စု
ဝန်ကြီးဦးဝင်းရှိန်အား တာဝန်ပေးအပ်ခဲ့ပြီး အတွင်းရေးမှူး အဖြစ်အမျိုးသား စီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးဌာ
နပြည်ထောင်စု  ဝန်ကြီးဒေါက်တာကံဇော်နှင့် တွဲဖက်အတွင်းရေးမှူးအဖြစ်  ရထားပို့ဆောင်ရေးဝန်ကြီးဌာ   နဒုတိယဝန်ကြီး
သူရဦးသောင်းလွင်တို့အားပြောင်းတာဝန်ပေးအပ်ခဲ့ပြီးသက်ဆိုင်ရာကျွမ်းကျင်သူလုပ်ငန်းရှင်များပါဝင်သည့် အဖွဲ့ဝင် ၁၁ ဦးဖြင့် အသစ်ပြန်လည်ဖွဲ့စည်းခဲ့ကြောင်းသိရသည်။

ဝေဖန်မှုများရှိနေသည့် နိုင်ငံရေးအကျဉ်းသားအရေး
          နိုင်ငံတော်သမ္မတရုံးမှ  မေလ  ၈  ရက်နေ့တွင် လက်ရှိအကျဉ်းထောင်များအတွင်းပြစ်ဒဏ်ကျခံလျက်ရှိသော
နိုင်ငံရေးအကျဉ်းသားများအား  လွတ်ငြိမ်းချမ်းသာခွင့်ဖြင့်  ပြန်လည်လွှတ်ပေးနိုင်ရန်  အစိုးရဌာနဆိုင်ရာကိုယ်စားလှယ်များ၊ အရပ်ဘက်လူမှုရေးအဖွဲ့အစည်းရှိကိုယ်စားလှယ်များနှင့် နိုင်ငံရေးပါတီအချို့မှ ကိုယ်စားလှယ်များပါဝင်သော အဖွဲ့ဝင်(၁၉)ဦးဖြင့် လက်ကျန်နိုင်ငံရေးအကျဉ်းသားများစိစစ်ရေး ကော်မတီကိုတိုးချဲ့ပြင်ဆင် ဖွဲ့စည်းလိုက်ကြောင်း အမိန့်ကြေငြာစာအမှတ်(၄၃/၂၀၁၃)ကိုထုတ်ပြန်ကြေညာခဲ့သည်။

             ထိုသို့ လက်ကျန်နိုင်ငံရေးအကျဉ်းသားများစိစစ်ရေးကော်မတီကို ပြောင်းလဲပြင်ဆင်ဖွဲ့စည်းခဲ့သော်လည်း ဒဏ်ငွေနှစ်
သောင်းပေးဆောင်ခြင်း မရှိဘဲထောင်ဒဏ်သုံးလသာကျခံမည်ပာုရွေးချယ်ခဲ့သည့် နိုင်ငံရေးအကျဉ်းသားပောာင်းဖြစ်သူ
ဗိုလ်ကြီးနေမျိုးဇင်အား ပြည်ထဲရေးဝန်ကြီးဌာနမှယခင်ကြွေးကျန်ထောင်ဒဏ် ၆ နှစ်ပြန်လည်ကျခံစေရန် အမိန့်ချမှတ်ခဲ့ခြင်း အပေါ် နိုင်ငံရေးအကျဉ်းသားပောာင်းများကအဆိုပါ လုပ်ရပ်များမှာ နိုင်ငံတော်အစိုးရအနေဖြင့် အမျိုး သားပြန်လည်သင့်မြတ်
ရေးကိုထိခိုက်စေနိုင်ကြောင်းသုံးသပ်ပြောကြားခဲ့သည်။

No comments:

Post a Comment