Saturday, May 11, 2013

၂၀၁၅ မတိုင်မှီ အခြေခံဥပဒေပြင်ဆင်သွားမည်ဟု ဒေါ်အောင်ဆန်းစုကြည်ဆို

လက်ရှိ လွှတ်တော်တွင်းရှိ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များ၊ အင်အားကြီးပါတီ တစ်ခုဖြစ် သည့် ပြည်ခိုင်ဖြိုးပါတီတို့နှင့် ပူးပေါင်း၍ လာမည့် ၂၀၁၅ အမှီ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအား ပြင်ဆင်နိုင်ရေးဆောင်ရွက် သွား မည်ဖြစ်ကြောင်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည် မေလ ၈ ရက်နေ့မှစတင်၍ ၃ ရက်ကြာမီကာဆာ ပာိုတယ်တွင် ပြုလုပ်ကျင်းပခဲ့သည့် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးအလုပ်ရုံ ဆွေးနွေးပွဲတွင် ပြောကြားခဲ့သည်။
လက်ရှိ ပြဋ္ဌာန်းထားသော ဖွဲ့စည်းပုံအခြေခံဥပဒေအား နိုင်ငံသားများယုံကြည်သည့် ဖွဲ့စည်းပုံအခြေခံဥပဒေဖြစ်ရန် အမြန်ဆုံးပြင်ဆင်မှသာ ပြည်သူများ၏ ယုံကြည်မှုကို ရရှိမည်ဖြစ်သည့်အပြင်ဥပဒေပြင်ဆင်ရန် လက်ရှိလွှတ်တော်တွင်းရှိ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များ၏ အခန်းကဏ္ဍကိုလည်း ထည့်သွင်းစဉ်းစားရမည်ဖြစ်ကြောင်း ၎င်းကဆက် လက် ပြောကြားခဲ့သည်။
အဆိုပါအလုပ်ရုံဆွေးနွေးပွဲသို့ ဆစ်ဒနီနိုင်ငံမှ ပညာရှင်များ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ နိုင်ငံရေးပါတီအသီးသီးရှိ ကိုယ်စားလှယ်များနှင့် ပြည်တွင်း၊ ပြည်ပမှ သတင်းထောက်များတက်ရောက်ခဲ့ကြောင်း သိရသည်။
လက်ရှိအချိန်တွင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးအတွက် လွှတ်တော်တွင်းအင်အားကြီး ပါတီ တစ်ခု ဖြစ်သည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီနှင့် အမျိုးသား ဒီမိုကရေစီ အင်အားစုပါတီ(NDF)တို့မှ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထို့ပြင် ပြီးခဲ့သည့် မတ်လ ၁၅ ရက်နေ့၌ ကျင်းပပြုလုပ်ခဲ့သည့် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ကိုယ်စားပြု တက်ရောက်လျက်ရှိသည့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် သူရအေးမြင့်က ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ လေ့လာသုံးသပ်ရေးကော်မတီ၊ ကော်မရှင်များဖွဲ့စည်းရေး တိုက်တွန်းကြောင်းအဆိုကို အရေး ကြီး အဆိုအဖြစ်တင်သွင်းခဲ့ပြီး ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များမှ ထောက်ခံခဲ့သည့်အတွက် မေလ ၂၂ ရက်နေ့တွင် ပြည်ထောင်စု လွှတ်တော်မှ အတည်ပြုခဲ့သည်။
                                                                                                                                                                             YC

No comments:

Post a Comment