Thursday, May 2, 2013

မြန်မာ-သြစတြေးလျနှစ်နိုင်ငံ လွှတ်တော်ချင်းပူးပေါင်းရေးဆွေးနွေး



         ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း၏ဖိတ်ကြားချက်အရ မြန်မာနိုင်ငံသို့ ဧပြီလ ၂၇ ရက်နေ့တွင် ရောက်ရှိလာသည့် သြစတြေးလျဥပဒေပြု အထက်လွှတ်တော်ဥက္ကဋ္ဌ ဆီနိတ်တာ Hon. John. Joseph Hogg ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည်   နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၊   ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်   ဒေါ်အောင်ဆန်းစုကြည်နှင့် လွှတ်တော်ဥက္ကဋ္ဌများ၊ လွှတ်တော်ကိုယ်စားလှယ်များနှင့် တွေ့ဆုံဆွေးနွေးမှုများပြုလုပ်ခဲ့ပြီး နှစ်နိုင်ငံ နှစ်နိုင်ငံ လွှတ်တော်ချင်း ခင်မင်ရင်းနှီးမှုမှ နိုင်ငံချင်း၊ ပြည်သူချင်း ခင်မင်ရင်းနှီးအောင် ထူထောင်ရေး၊ လွှတ်တော်နှစ်ရပ် ပူးပေါင်းဆောင် ရွက်ရေးနှင့်   မြန်မာ့လွှတ်တော် စာကြည့်တိုက်နှင့် လွှတ်တော်ဝန်ထမ်းများ၏ အရည်အသွေး မြှင့်တင်ရေးအတွက် သြစတြေး လျနိုင်ငံမှ ကူညီပေးရန်နှင့် နှစ်နိုင်ငံဆက်ဆံရေး တိုးမြှင့်ဆောင်ရွက်ရေး ဆိုင်ရာ ကိစ္စရပ်များ ဆွေးနွေးခဲ့ကြောင်း သိရ သည်။
 
        မြန်မာနိုင်ငံ၏ လွှတ်တော်နှစ်ရပ် ဖွံ့ဖြိုးတိုးတက်ရေး၊ ပိုမိုပွင့်လင်းမြင်သာမှုရှိရေးနှင့် တာဝန်ယူမှုများ ရှိလာနိုင်စေရေးအတွက် သြစတြေးလျပါလီမန်မှ ကူညီပေးသွားမည်ဖြစ်ကြောင်း သြစီပါလီမန်မှ အဆင့်မြင့် အရာရှိတစ်ဦးက ပြောကြားသည်။

      ထို့ပြင် ၎င်း၏ခရီးစဉ်အတွင်း ပါလီမန်တစ်ခု အလုပ်လုပ်ပုံများ၊ နိုင်ငံရေးသမားများ လုပ်ဆောင် သင့်သည့် အချက် များနှင့် ပြည်သူများ၏အကျိုးသယ်ပိုးနိုင်စေရန် ဆောင်ရွက်ရမည့် အချက်များ၊ လိုအပ်ချက်များအား သြစတြေးလျနိုင်ငံမှထောက်ပံ့
ကူညီပေး သွားရန် ဆွေးနွေးခဲ့ကြောင်း သိရသည်။

             ထိုသို့ မြန်မာ-သြစတြေးလျနှစ်နိုင်ငံ၏ လွှတ်တော်ချင်းပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ကိစ္စရပ်များအား ကုလသမဂ္ဂဖွံ့ဖြိုးရေးအစီအစဉ်(UNDP)နှင့် Inter-Parlimentary Union တို့မှတစ်ဆင့် ပူးပေါင်းဆောင် ရွက်သွား မည်ဖြစ် သည့်အပြင် လွှတ်တော်ချင်းပူးပေါင်းဆောင်ရွက်မှုအဆင်ပြေနိုင်စေရန် ကြားနေဆောင်ရွက်ပေးမည့် သုတေသန ပညာရှင်များပါ ဝင်သော အေဂျင်စီတစ်ခုထားရှိရန် အစီအစဉ်ရှိကြောင်း သိရသည်။

             ယခုကဲ့သို့ သြစတြေးလျနိုင်ငံလွှတ်တော်မှ အဆင့်မြင့်အရာရှိတစ်ဦး မြန်မာနိုင်ငံသို့လာရောက်ခြင်းလည်ပတ်ခြင်းသည် ပထမဆုံးအကြိမ်ဖြစ်ကြောင်း သိရသည်။

No comments:

Post a Comment