Thursday, May 2, 2013

ဧပြီလတွင် တရုတ်၏ ထုတ်လုပ်မှုကြီးထွားနှုန်းနှေးကွေး

                                                                  Photo Credit By BBC
(1 May 2013 ရက်စွဲပါ BBC News မှ China manufacturing growth slows in April ကိုဘာသာပြန်ဆိုသည်)

တရုတ်နိုင်ငံထုတ်လုပ်မှုကဏ္ဍ၏ ကြီးထွားမှုမှာ ဧပြီလတွင် မမျှော်လင့်ပဲ နှေးကွေးခဲ့ရာ ၎င်း၏စီးပွားရေးပြန်လည် နလံထမှုမှာ ခိုင်မာမှုမရှိသေးကြောင်း စိုးရိမ်ဖွယ်အခြေအနေကိုဖော်ပြပါသည်။

ထုတ်လုပ်မှုကို အဓိကတိုင်းတာသည့် ဝယ်ယူမှုမန်နေဂျာညွှန်းကိန်း(Purchasing Managers’ Index-PMI)အရ မတ်လတွင် ၅၀.၉ မှ ၅၀.၆ သို့ကျဆင်းသွားခဲ့ပါသည်။

ပို့ကုန်မှာယူမှုများမှာလည်း ကျဆင်းခဲ့ရာ တစ်ကမ္ဘာလုံး ဝယ်ယူမှုအားနည်းခြင်းကို ပြသနေခြင်းဖြစ်ပါသည်။

၂၀၁၂ ခုနှစ်က တရုတ်နိုင်ငံသည်(၁၃)နှစ်အတွင်း ကြီးထွားမှုနှုန်း ကျဆင်းခဲ့ရာ ထုတ်လုပ်မှုကဲ့သို့သော အဓိက ကဏ္ဍများတွင် တိုးချဲ့နိုင်ရန်မြှင့်တင်ရေးများ ကြိုးစားလုပ်ဆောင်နေပါသည်။

“ဧပြီလ PMI အရကျဆင်းနေမှုပာာ တရုတ်ရဲ့စီးပွားရေးနလံထမှုအခြေခံများ ခိုင်မာမှုမရှိသေးဘူးဆိုတာ ကိုပြသ နေပါတယ်”ပာု Beijing ရှိ အစိုးရ၏ထိပ်တန်း ဉာဏ်ကြီးရှင်အဖွဲ့ဖြစ်သည့် ဖွံ့ဖြိုးတိုးတက်ရေးသုတေသနဗပာိုမှ စီးပွားရေး ပညာရှင် Zhang Liqun ကပြောကြားခဲ့ပါသည်။
ပြည်တွင်းကိုအာရုံပြုခြင်း
ကမ္ဘာတွင် ဒုတိယအကြီးဆုံးစီးပွားရေးနိုင်ငံဖြစ်သည့် တရုတ်နိုင်ငံသည် ၎င်း၏စီးပွားရေးတိုးတက်ကြီးထွားမှုအတွက် ထုတ်လုပ်မှုနှင့် ပို့ကုန်ကဏ္ဍကိုကြီးစွာမှီခိုရပါသည်။

သို့သော် အမေရိကန်နှင့် ဥရောပဇုန်ကဲ့သို့သော အဓိကဈေးကွက်များမှ ဝယ်လိုအားကျဆင်းလာခြင်းသည် မကြာ သေးမီကာလအတွင်း ၎င်း၏ကြီးထွားမှုကိုထိခိုက်ခဲ့ပါသည်

တရုတ်၏စီးပွားရေးသည် ယခုနှစ် ပထမသုံးလတွင် နှစ်စဉ်နှုန်း ၇.၇% ဖြင့်ကြီးထွားလာခဲ့ရာ ပြီးခဲ့သည့် ကွာတားက ၇.၉% ရှိခဲ့ခြင်းမှ ကျဆင်းခဲ့ခြင်းဖြစ်ပါသည်။

သုံးသပ်သူများက သတိပေးရာတွင် စီးပွားရေးနှေးကွေးရာမှ ပြန်လည်အားယူ၍တက်လာရန် လက္ခဏာအချို့ တွေ့ရ သော်လည်း ပြန်လည်နလံထမှုမှာ အားနည်းလျက်ရှိမည်ဖြစ်ကြောင်း အဘယ်ကြောင့်ဆိုသော်  အဓိကပို့ကုန်     ဈေးကွက်သည် အဆိုပါဒေသများ  ဝယ်ယူမှုထိခိုက်သည့်  စီးပွားရေးပြဿနာများကို   ဆက်လက်ကြုံတွေ့
နေရဆဲဖြစ်ခြင်း ကြောင့်ပာု ဆိုပါ သည်။

အချို့သုံးသပ်သူများက တရုတ်၏ကြီးထွားမှုနှုန်းမှာ လာမည့်ကွာတားများတွင်လည်း နှေးကွေးနိုင်သေးကြောင်း သတိပေးခဲ့ပါသည်။

ရလဒ်အားဖြင့် ပို့ကုန်အပေါ်မှီခိုရမှု လျှော့ချရန်၊ စီးပွားရေးရေချိန်ပြန်လည်ညှိရန်နှင့် ကြီးထွားမှုနှုန်း ဆက်ထိန်းထား နိုင်ရန် ပြည်တွင်းစားသုံးမှုမြှင့်တင်ရေးအတွက် Beijing အပေါ်တောင်းဆိုမှုများ ရှိလာပါသည်။

“ကျွန်တော်တို့အနေနဲ့ ပြည်တွင်းဝယ်လိုအား တည်ငြိမ်အောင်နဲ့ စီးပွားရေးနလံထမှုအဆက်မပြတ်ဖြစ်ရေးအတွက် အလုပ်လုပ် ရပါမယ်”ပာု Mr. Zhang ကပြောပါသည်။

No comments:

Post a Comment