Thursday, May 2, 2013

မြန်မာနိုင်ငံက စင်္ကာပူရေကြောင်းဥပဒေပညာရှင်များဖြင့် ရေကြောင်းဥပဒေပြင်ဆင်ရန်လုပ်ဆောင်

(2 March 2013 ရက်စွဲပါ Business Times မှ George Joseph ရေးသားသော Yangon taps expertise of Singapore သတင်း ကိုဘာသာပြန်ဆိုသည်)

မြန်မာအစိုးရသည် ၎င်း၏ရေကြောင်းဆိုင်ရာ ဥပဒေများကိုသုံးသပ်၍ ခေတ်မှီအောင် ပြင်ဆင်ရေးအတွက်ကူညီရန် စင်္ကာပူမှအတွေ့အကြုံရှိ ရေကြောင်းဆိုင်ရာဥပဒေပညာရှင်ရှေ့နေ Jude Benny အားကမ်းလှမ်းခဲ့ပါသည်။

မြန်မာနိုင်ငံပို့ဆောင်ရေးဝန်ကြီးဌာန၊ ရေကြောင်းဦးစီးဌာန၏ ခန့်အပ်မှုအရ Mr.Bunny သည်ရေကြောင်းဥပဒေ စည်းမျဉ်းများကို ပြန်လည်သုံးသပ်ရန်အကြံပေးအဖြစ် ထမ်းဆောင်မည်ဖြစ်ပါသည်။

၎င်းသည် အသက်(၅၅)နှစ်ရှိပြီဖြစ်ပြီး စင်္ကာပူနိုင်ငံဥပဒေအကြံပေးအဖွဲ့ဖြစ်သော Joseph Tan Jude Benny LLP မှမန်နေဂျင်းပါတနာတစ်ဦးဖြစ်ပြီး ရန်ကုန်တွင်ရုံးထိုင်မည်ဖြစ်ပါသည်။

၎င်းသည် မကြာခင်က သွားရောက်သော ရန်ကုန်ခရီးစဉ်တွင် ၎င်းသည်ပို့ဆောင်ရေးဝန်ကြီးနှင့်တွေ့ဆုံခဲ့ပါသည်။ Mr.Benny ကပြောကြားရာတွင် မြန်မာအာဏာပိုင်များသည် ၎င်းတို့၏ဥပဒေများကို ခေတ်မှီအောင် ပြုပြင်ရန်နှင့် နိုင်ငံတကာ စံများနှင့်အမှီလိုက်ရေးကို ဆုံးဖြတ်ထားသည်ပာုဆိပါသည်။

မြန်မာနိုင်ငံသည်လည်း စင်္ကာပူနှင့်အခြားဓနသပာာယနိုင်ငံများကျင့်သုံးသော ဗြိတိသျှဥပဒေကိုပင် ဆယ်စုနှစ်များစွာ ကတည်းက ကျင့်သုံးခဲ့သော်လည်း ၎င်း၏ရှုပ်ထွေးသောသမိုင်းကြောင်းတစ်လျှောက် မည်သည့်အခါ ကမျှ ပြင်ဆင်ဖြည့်စွက်
ခြင်းများမပြုလုပ်ခဲ့ပေ။

ယခုအခါ မြန်မာနိုင်ငံတွင် ဒီမိုကရေစီမှာ အနေအထားသစ်တစ်ခုအဖြစ် ပေါ်ထွက်လာရာ ကုန်သွယ်မှုများ တိုးတက် လာပြီး မြန်မာဆိပ်ကမ်းများတွင် ကုန်ပစ္စည်းများ သင်္ဘောများ ပမာဏများစွာတိုးတက်သည်ပာု Mr.Bunny က BT သို့ပြောပါ သည်။

ရေကြောင်းဥပဒေများကို ပြင်ဆင်ခြင်းသည် တိုင်းပြည်၏ရေကြောင်းလုပ်ငန်းကို ကြီးမားစွာမြှင့်တင်ပေးသည်သာမက ဘဏ်များ၏ကဏ္ဍကို မြှင့်ပေးသွားနိုင်မည်ဖြစ်ပါသည်

Mr.Bunny ကဥပမာပေး၍ပြောကြားရာတွင် “သင်္ဘောကို အာမခံပစ္စည်းထားတဲ့ကိစ္စ တောင်သူတို့မှာ မရှိပါဘူး။ ဒါကြောင့် ဘဏ်တွေရဲ့ ငွေချေးလုပ်ငန်းကို နှေးကွေးစေပါတယ်။ အဲဒီရဲ့ အကျိုးဆက်ကတော့ သင်္ဘောအုပ်စုတွေက ဘဏ်က ငွေချေးမရတော့ သင်္ဘောပိုင်ရှင်တွေ သင်္ဘောဝယ်ဖို့ ဒါမှမပာုတ် သင်္ဘောဆောက်ဖို့မလုပ်နိုင်တော့ ကြီးထွားမလာနိုင်ပါဘူး။ မြန်မာနိုင်ငံမှာ အရမ်းလိုအပ်နေတဲ့ tugs and barges တွေကို ဘဏ်မှာပေါင်းပြီး ငွေချေးပြီး မဝယ်နိုင်တော့ပါဘူး”ပာု ၎င်းက ပြောပါသည်။

Mr.Bunny သည်စင်္ကာပူရေကြောင်းဘုတ်အဖွဲ့တွင် အစပထမပါဝင်ခဲ့ပြီး မြန်မာနိုင်ငံ၏သင်္ဘောလုပ်ငန်း အတော် များများမှာ စင်္ကာပူကုမ္ပဏီများမှတစ်ဆင့်သာ လုပ်ကိုင်ရကြောင်း ၎င်းကညွှန်ပြပါသည်။

၂၀၀၁ ခုနှစ်က ဂရိနိုင်ငံဆိပ်ကမ်းမြို့ဖြစ်သော Paireus တွင်ရုံးခန်းဖွင့်ခဲ့သော ပထမဆုံးစင်္ကာပူရှေ့နေများ တွင်ပါဝင် ပါသည်။ ၎င်းက ၎င်း၏ကုမ္ပဏီသည် ရန်ကုန်တွင်ရုံးခန်းဖွင့်မည်ဖြစ်ကြောင်း ယမန်နေ့က ပြောကြားခဲ့ပါသည်။

No comments:

Post a Comment