Sunday, May 12, 2013

မြန်မာနိုင်ငံမှ ပြုပြင်ပြောင်းလဲရေးသည် တရုတ်နှင့် ဆက်ဆံရေးကို ထိခိုက်လိမ့်မည် မဟုတ်

(11 May 2013 ရက်စွဲပါ China Daily မှ Zhou Wa ရေးသားသော Myanmar reforms won’t hurt China links ကို ဘာသာပြန်ပါသည်)



Photo Credit by China Daily.com.cn
မြန်မာနိုင်ငံမှ နိုင်ငံရေးအရ ပြုပြင်ပြောင်းလဲမှုများသည် တရုတ်နိုင်ငံနှင့် ဆက်ဆံရေးကို ထိခိုက်လိမ့်မည် မဟုတ်ကြောင်း၊ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေးများ တိုးတက်လာလိမ့်မည်ဖြစ်ကြောင်း တရုတ်ထိပ်တန်း Think Tank တစ်ခု၏ လက်အောက်မှ သောကြာနေ့က ထုတ်ဝေသော အစီရင်ခံစာအရ သိရှိရပါသည်။

မြန်မာနိုင်ငံတွင် နိုင်ငံရေးအရ ပြုပြင်ပြောင်းလဲမှုများ မည်သည့်လမ်းကြောင်းသို့ သွားသည်ဖြစ်စေ၊ အနာဂတ်တွင် မည်သူသမ္မတဖြစ်လာသည်ဖြစ်စေ၊ မြန်မာနိုင်ငံ၏ လက်ရှိနှင့် အနာဂတ်ခေါင်းဆောင်များသည် တရုတ်နိုင်ငံနှင့် ခင်မင်ရင်းနှီးသော နိုင်ငံခြားရေးမူဝါဒကိုသာ အကောင်အထည်ဖော်လိမ့်မည်ဖြစ်ကြောင်း အစီရင်ခံစာက ဆိုပါသည်။

တရုတ်လူမျိုး လူမှုသိပ္ပံအကယ်ဒမီ၏ Social Science Academic Press (China) သည် Annual Report on Myanmar’s National Situation သို့မဟုတ် Blue Book of Myanmar နှစ်ပတ်လည်အစီရင်ခံစာကို ထုတ်ပြန်ခဲ့ပါသည်။

ပထဝီနိုင်ငံရေးနှင့် ပထဝီဘောဂဗေဒအရ အိမ်နီးချင်းဖြစ်သော နှစ်နိုင်ငံသည် အတိတ်က နက်ရှိုင်းသော ပူးပေါင်းဆောင်ရွက်မှုများ၏ အကျိုးကို ခံစားခဲ့ရပြီးဖြစ်ပါသည်။ တရုတ်သည် မြန်မာနိုင်ငံနှင့် ဆက်ဆံရေးကြောင့် ထင်ရှားသော စီးပွားရေးအရ အသာစီးရမှုများ ရှိခဲ့ပြီး နှစ်နိုင်ငံလုံးသည် နိုင်ငံရေး၊ စီးပွားရေးနှင့် လူမှုရေးနယ်ပယ်များတွင် တိုးမြှင့်ပူးပေါင်းဆောင်ရွက်သွားလိမ့်မည်ဖြစ်ကြောင်း အစီရင်ခံစာက ဆိုပါသည်။

ထိုအချက်များကို စဉ်းစားပါက မြန်မာနိုင်ငံသည် တရုတ်နိုင်ငံနှင့် ထိပ်တိုက်တွေ့မှုကို စတင်လုပ်ဆောင် လိမ့်မည်မဟုတ်ဘဲ အနောက်နှင့် ပူးပေါင်းဆောင်ရွက်သွားလိမ့်မည်လည်း မဟုတ်ကြောင်း အဆိုပါ Blue Book က ဆိုပါသည်။

တရုတ်နှင့် မြန်မာတို့သည် ၁၉၅၀ ခုနှစ် သံတမန်ဆက်ဆံရေး စတင်ကတည်းက ဆက်ဆံရေးကောင်းမွန်မှု၏ အကျိုးကို ခံစားခဲ့ကြရပါသည်။ သို့သော် မြန်မာနိုင်ငံတွင် ပြုပြင်ပြောင်းလဲရေးများ လုပ်ဆောင်လာပြီးနောက် တရုတ်စီမံကိန်းအချို့မှာ စိန်ခေါ်မှုများကို ကြုံတွေ့လာရပါသည်။

၂၀၁၁ ခုနှစ်က မြန်မာနိုင်ငံသည် မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်းကို ရပ်ဆိုင်းရန် ဆုံးဖြတ်ခဲ့ရာ တရုတ်ကုမ္ပဏီ အတွက် ကြီးစွာသော ဆုံးရှုံးမှု ဖြစ်စေခဲ့ပါသည်။

မြန်မာနိုင်ငံမှ သမ္မတဦးသိန်းစိန်သည် ၎င်းစတင်တာဝန်ယူလာကတည်းက အမေရိကန်ပြည်ထောင်စု၊ အခြားအနောက်နိုင်ငံများနှင့် ဆက်ဆံရေးကို အရေးပါပါ တိုးတက်လာစေခဲ့ပါသည်။ အနောက်ကလည်း ၎င်းတို့ချမှတ်ထား သော ဆယ်စုနှစ် နှစ်ခုကြာ အရေးယူပိတ်ဆို့မှုများကို ဖယ်ရှားခဲ့ပါသည်။

၂၀၁၂ ခုနှစ်တွင် မြန်မာနိုင်ငံသည် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပဒေကို ပြဌာန်းပေးခဲ့ပြီး အထူးစီးပွားရေးဇုံ ဥပဒေကိုလည်း လုပ်ဆောင်နေပါသည်။

“အနာဂတ် မြန်မာနိုင်ငံရဲ့ အစိုးရဟာ ဘေဂျင်းနဲ့ဆက်ဆံရေးကို နိုင်ငံရေးစနစ်များ၊ ဝါဒများ မတူညီမှုထက်စာလျှင် အမျိုးသား အကျိုးစီးပွားပေါ် အခြေခံကာ ဆက်လက်လုပ်ကိုင်သွားမည်ဖြစ်ပါသည်”ဟု အစီရင်ခံစာက ပြောပါသည်။

တရုတ်-မြန်မာဆက်ဆံရေးတွင် စိန်ခေါ်မှုများ ရှိနေခြင်းသည် နှစ်နိုင်ငံအဆင့်မြင့် တာဝန်ရှိသူများကြာတွင် ယုံကြည်မှုများ ဆက်လက်မရှိဖြစ်နေခြင်းကို ပြသနေသည်ဟု အစီရင်ခံစာ၏ အယ်ဒီတာချုပ်လည်းဖြစ် ယူနန်တက္ကသိုလ်မှ မြန်မာနိုင်ငံအကြောင်း လေ့လာရေး ပါမောက္ခ လီချန်ယန်း ကပြောပါသည်။

“ဒါပေမယ့် တရုတ်-မြန်မာဆက်ဆံရေးအတွက် အနာဂတ်ဟာ မတောက်ပတော့ဘူးလို့ ကျွန်တော်တို့ မပြောနိုင်သေးပါဘူး။ အနာဂတ်ဆက်ဆံရေးအတွက် ကိုယ့်ကိုယ်ကို ယုံကြည်စိတ်ချသင့်ပါတယ်။

 ရေရှည်အိမ်နီးချင်း ပူးပေါင်းဆောင်ရွက်မှုမှာ တရုတ်-မြန်မာနှစ်နိုင်ငံအတွက် ဘုံလိုအပ်ချက်ဖြစ်ပါတယ်”ဟု ၎င်းက ပြောပါသည်။

ဘေဂျင်းအနေဖြင့် မြန်မာနိုင်ငံနှင့် ဆက်ဆံရေးတွင် ၎င်း၏ အမှားများကို လက်ခံ၍ နှစ်နိုင်ငံစီးပွားရေးပူးပေါင်းဆောင်
ရွက်ရေးမှ ပြသနာများ ဖြေရှင်းရေးအတွက် အချိန်ပေးလုပ်ဆောင်သင့်သည်ဟု ၎င်းက အကြံပြုပါသည်။

အစီရင်ခံစာတွင် အကြံပြုထားရာ၌ ဘေဂျင်းသည် မြန်မာနိုင်ငံတွင် ၎င်း၏ပုံရိပ် တိုးတက်အောင် ဆက်ဆံရေးကို ပိုမိုတိုးမြှင့်သင့်ကြောင်း၊ နှစ်နိုင်ငံဆက်ဆံရေး၏  စဉ်ဆက်မပြတ် တိုးတက်ဖွံ့ဖြိုးမှုများကို  နှစ်နိုင်ငံလုံးက  ခံစားရစေရေးသေ
ချာစေရေးကို လုပ်ဆောင်ရန် အကြံပြုထားပါသည်။

တရုတ်ကုမ္ပဏီများသည်  မြန်မာနိုင်ငံသို့  ဝင်ရောက်ရာတွင်  အကျိုးအမြတ်ကို  အလွန်အကျွံအာရုံပြုခြင်းနှင့်
နှစ်နိုင်ငံအကျိုးစီးပွား မဟာဗျူဟာကို ထိခိုက်စေမည့် ကိစ္စများကို ရှောင်သင့်ကြောင်း အစီရင်ခံစာက ဆိုပါသည်။

မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမည့် တရုတ်ကုမ္ပဏီများသည် ဒေသဆိုင်ရာ ဓလေ့နှင့် ဘာသာရေး ယုံကြည်မှုများကို  လေးစားသင့်ကြောင်း  တရုတ်လူမှုသိပံ္ပအကယ်ဒမီမှ အရှေ့တောင်အာရှ လေ့လာရေး သူတေသနပြုသူ
Xu Liping က ဖြည့်စွက်ပြောကြားခဲ့ပါသည်။

No comments:

Post a Comment