Friday, May 10, 2013

မြန်မာ့ပြုပြင်ပြောင်းလဲမှုများက ရေနံကုမ္ပဏီကြီးများ၏စိတ်ဝင်စားမှုကို ဆွဲဆောင်ထားပြီးဖြစ်


( Energy Global မှ 9 May 2013 ရက်စွဲပါ “ Myanmar reforms already drawing the interest of Big Oil“ သတင်းကို ဘာသာပြန်ဆိုသည် )

              မြန်မာနိုင်ငံ၏ ရေနံ၊ ဓာတ်ငွေ့ ရှာဖွေထုတ်လုပ်ရေး ကဏ္ဍတွင် လတ်တလောတိုး တက်မှုများက
 နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကို  ဆွဲဆောင်ရန်  ပြတ်ပြတ်သားသားဆုံးဖြတ်ထားမှုကို  ပြသနေသည်ဟု  Global Data သုတေသန၊ အတိုင်ပင်ခံ ကုမ္ပဏီ၏ အစီရင်ခံစာသစ်ကဆိုပါသည်။ 

             ဘူမိရုပ်ကြွင်း ရေနံ၊ ဓာတ်ငွေ့ ရှာဖွေထုတ်လုပ်ရေးအတွက် ကန်ထရိုက်စာချုပ်သစ်များ ထွက်ပေါ်
လာ ခြင်းသည် ရင်းနှီးမြှုပ်နှံသူများအတွက် သတင်းကောင်းဖြစ်ပြီး၊ ပွင့်လင်းမြင်သာမှု တိုးတက်လာမှုနှင့် ရင်းနှီးမြှုပ်နှံ  သူများ၏  အကျိုးအမြတ်တိုးပွားမှုတို့ကို  အာမခံချက်ပေးနေသည်ဟု  ၎င်းအစီရင်ခံစာကရေး
သားထားသည်။ 

               “ ပြုပြင်ပြောင်းလဲမှုရဲ့ အကျိုးသက်ရောက်မှုကတော့ သိသာနေပါပြီ။ ၂၀၁၃ ဧပြီလ လေလံမှာ
 နိုင်ငံခြားကုမ္ပဏီတွေနဲ့သဘောတူညီမှုတွေ အများကြီးရခဲ့ပါတယ်။ “ ဟု Global Data မှ ဂျိုနသန်လာ
ကော့ချာ က ပြောကြားသည်။

          မြန်မာနိုင်ငံ၏ ဘူမိရုပ်ကြွင်း စွမ်းအင်ရင်းမြစ်များမှာ များများစားစားထုတ်ယူခြင်းမပြုရသေးဘဲ၊ အာရှတိုက်၏ ဖွံ့ဖြိုးနေသော  ဈေးကွက်ကြီးများနှင့်  နီးကပ်မှုကြောင့် သိသိသာသာ အလားအလာကောင်း
ကို ဖမ်းဆုပ်မိထားသည်ဟု သတ်မှတ်ထားကြသည်။ 

           တရုတ်နိုင်ငံသို့ပို့လွှတ်မည့် ပိုက်လိုင်းများကိုလည်း တည်ဆောက်မှုစတင်နေပြီးသားဖြစ်ပေသည်။ 

        ရင်းနှီးမြှုပ်နှံသူများအနေဖြင့် နိုင်ငံပိုင်ကုမ္ပဏီနှင့် ဖက်စပ်လုပ်ကိုင် ရန်မလိုတော့သောကြောင့်ရေနက်
ပိုင်းရှာဖွေရေးအခွင့်အလမ်းများ အထူးသဖြင့်ပွင့်လန်းလာတော့မည်ဟု ယုံကြည်ရပါသည်။

          ရေနံ ဓာတ်ငွေ့ စီးပွားရေးနယ်ပယ်၏ လတ်တလောတိုးတက်မှုများသည် မြန်မာအစိုးရ၏ နိုင်ငံရေး၊ စီးပွားရေး  အပြိုင်ပြုပြင်ပြောင်းလဲရေး  အစီအစဉ်အရ  ဆက်လက်ဆောင်ရွက်နေခြင်းဖြစ်ပြီး  နိုင်ငံတကာ
အသိုင်း အဝိုင်းနှင့် ပိုမိုပေါင်းစည်းအကျိုးဖြစ်ထွန်းစေမည့် ဆက်ဆံရေးတည်ဆောက်ရာတွင်နောက်ထပ်ခြေ
လှမ်းတစ်ခု အဖြစ် ထင်ဟပ်နေသည်။ 

         ပြီးခဲ့သောအပတ်ကပင် ဥရောပသမဂ္ဂ EU က မြန်မာနိုင်ငံအပေါ် စီးပွားရေးပိတ်ဆို့ ထားမှုများကို အပြီးတိုင်ရုတ်သိမ်းပေးလိုက်ပြီဖြစ်သလို၊ အမေရိကန်ပြည်ထောင်စုနှင့် ကုန်သွယ်ရေးဆက်ဆံမှု သည်
လည်း အလားတူနွေးထွေးနေပြီ ဖြစ်သည်။ 

      “ ဒီမိုကရေစီလိုလားတဲ့ ပြောင်းလဲမှုတွေနဲ့အတူ စီးပွားရေးပြုပြင်ပြောင်းလဲမှုကို တပါတည်းဖော်ဆောင်
 နေတဲ့ မဟာဗျူဟာ ဟာ အောင်မြင်မှုအတွက်လှေကားထစ်တစ်ခုဆိုတာကို သက်သေပြနေပါတယ်။

           နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူတွေအပေါ် ချုပ်ချယ်မှုတွေမရှိတော့တဲ့နောက်တော့ ရင်းနှီးမြှပ်နှံမှုကိစ္စတွေ
လည်း တိုးတက်လာ နေပါပြီ။ “ ဟု လာကော့ချာကဆိုပါသည်။
   
     လက်ရှိအစိုးရမှာ အရပ်ဖက်အစိုးရဖြစ်သော်လည်း တိုင်းပြည်ကိုဖျက်ဆီးပစ်ခဲ့သော ယခင်တပ်မတော် အစိုးရနှင့် ဆက်နွယ်သောခေါင်းဆောင်များကသာ အာဏာကိုဆက်လက်ထိန်းချုပ်ထားခြင်းကြောင့် မည်သည့်ပြုပြင်ပြောင်းလဲမှုမျိုးကို ထောက်ခံအားပေးမည်ဆိုသည့်ကိစ္စတွင် မရေရာမှုတစ်ချို့ရှိနေဆဲပင်ဖြစ် သည်။

      မည်သို့ပင်ဖြစ်စေ ယခုအချိန်ထိဆောင်ရွက်ချက်များက စီးပွားရေးကဏ္ဍအတွက် အပြုသဘောဆောင်
 နေပြီး၊ သတိထား၍ အကောင်းမြင်မှုအဆင့်သည်လည်း မြင့်တက်လာခဲ့သည်။

        ထို့အပြင် တိုင်းပြည်၏ဆူးညှောင့်ခလုပ်ကြီးများမှာလည်း အရွယ်လွန်ဆွေးမြေ့နေပြီဖြစ်သောကြောင့်
 မြန်မာနိုင်ငံ လမ်းကြောင်းမှန်အတိုင်းတိုးတက်သွားရန် တစ်စထက်တစ်စ နီးကပ်လာပြီဟု မြန်မာပြည်သူ
များက သုံးသပ်ထားကြသည်။


No comments:

Post a Comment