Thursday, May 2, 2013

NLD ပါတီ၏ပြောရေးဆိုခွင့်ရှိသူများစာရင်း ထုတ်ပြန်ကြေညာ

ကြားဖြတ်ရွေးကောက်ပွဲအနိုင်ရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီ၏ ပြောရေးဆိုခွင့်ရှိသူများစာရင်းကို ဧပြီလ ၃၀ ရက်နေ့တွင် NLD ဗပာိုမှထုတ်ပြန်ကြေညာခဲ့ကြောင်း သိရသည်။

အဆိုပါ ထုတ်ပြန်ကြေညာချက်တွင် NLD ပါတီ၏ ဗပာိုအလုပ်အမှုဆောင်အဖွဲ့ဝင်များဖြစ်သည့် ဦးဉာဏ်ဝင်း၊ ဦးအုန်းကြိုင်၊ ဦးဝင်းမြင့်နှင့် နန်းခင်ထွေးမြင့်တို့အား ပါတီ၏ ပြောရေးဆိုခွင့်ရှိသူများအဖြစ် တာဝန်ပေးအပ် ခဲ့ကြောင်း  ဖော်ပြ
ထားသည်။

ထို့ပြင် NLD ပါတီ၏ ဒေသဆိုင်ရာ ပြည်နယ်နှင့်တိုင်း အလုပ်အမှုဆောင်အသီးသီးတို့၏ ဥက္ကဋ္ဌ(သို့)အတွင်းရေးမှူးတို့ အနေဖြင့်လည်း မိမိတို့ဒေသအလိုက် အဖြစ်အပျက်များကိုပြောဆိုခွင့်ရှိကြောင်း သိရသည်။ ထိုသို့ ပြောဆိုရာတွင် မိမိတို့၏ သက်ဆိုင်သည့် ဒေသအဖြစ်အပျက်များကိုသာ ပြောဆိုရမည်ဖြစ်ပြီး သတင်းမီဒီယာများသို့ ပြောဆိုရာ၌ NLD ဗပာိုအလုပ် အမှုဆောင်အဖွဲ့သို့ အသိပေးအကြောင်းကြားရမည်ဖြစ်ကြောင်းဖော်ပြထားသည်။

ထို့ပြင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီသည် ပြီးခဲ့သည့် ဧပြီလ ၂၉ ရက်နေ့တွင် ဗပာိုအလုပ်အမှုဆောင် အဖွဲ့ဝင် ဦးဉာဏ်ဝင်းဦးဆောင်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် စည်းကမ်းထိန်းသိမ်းရေးအဖွဲ့ကို အဖွဲ့ဝင်စုစုပေါင်း ၅ ဦးဖြင့် ဖွဲ့စည်းခဲ့ကြောင်း သိရသည်။

No comments:

Post a Comment