Tuesday, April 23, 2013

လူ့အခွင့်ရေးစောင့်ကြည့်အဖွဲ့၏ ရခိုင်ပြည်နယ်ပဋိပက္ခအစီရင်ခံစာ မြန်မာနိုင်ငံ လက်မခံ


         အမေရိကန်နိုင်ငံ နယူးယောက်အခြေစိုက်လူ့အခွင့်ရေးစောင့်ကြည့်အဖွဲ့ (Human Rights Watch)
 က ရခိုင်ပြည်နယ် ဖြစ်ပွားခဲ့သော ပဋိပက္ခများနှင့်ပတ်သက်၍ ဧပြီလ ၂၂ ရက်နေ့ကထုတ်ပြန်လိုက်သည့်
 အစီရင်ခံစာကို မြန်မာနိုင်ငံအဖွဲ့အစည်းများက လက်မခံဘဲ ပြန်လည်ဝေဖန်ခဲ့ကြောင်း သိရှိရသည်။
     အဆိုပါအစီရင်ခံစာတွင် မြန်မာနိုင်ငံမှ အာဏာပိုင်များနှင့် ရဟန်းသံဃာများက ဘင်္ဂါလီများကို လူမျိုးသုဉ်း သတ်ဖြတ်သည့် လှုပ်ရှားမှုများပြုလုပ်ခဲ့ ကြောင်းဖော်ပြခဲ့ပြီး သမ္မတဦးသိန်းစိန်    အစိုးရအဖွဲ့က
လည်း အရေးယူ ဆောင်ရွက်ခြင်းမရှိကြောင်း ဖော်ပြထားပြီး ရခိုင်ပြည်နယ်နိုင်ငံရေးပါတီများနှင့် သံဃာ
တော်များက လည်း ဘင်္ဂါလီများ၏ လုံခြုံရေးကို ဖိအားပေးခဲ့ကာ လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ တာဝန်ယူမှု
အပိုင်းကိုလည်း ဝေဖန်ထား ကြောင်း သိရှိရသည်။
          Human Rights Watch အဖွဲ့၏ အစီရင်ခံစာသည် တစ်ဖက်သတ်ဆန်သော သတင်းများကိုအခြေ
ခံ ရေးသား ဖော်ပြထားပြီး အစီရင်ခံစာတွင်ပါရှိသော စကားလုံး အသုံးအနှုန်းများမှာလည်း လက်ခံနိုင်စရာ
 အကြောင်းမရှိ သောကြောင့် နိုင်ငံတော်အနေဖြင့် အဆိုပါအစီရင်ခံစာကို အလေးထားမည်မဟုတ်ကြောင်း သမ္မတဦးသိန်းစိန် ၏ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က ပြောကြားခဲ့သည်။
         ထို့အပြင် မြန်မာနိုင်ငံအပေါ် အရေးယူ ပိတ်ဆို့ထားမှုများကို ပြန်လည်သုံးသပ်မည့် ဥရောပ သမဂ္ဂ၏
အစည်းအဝေးနှင့် အချိန်ကိုက်ထုတ်ပြန်ခဲ့သော Human Rights Watch ၏လုပ်ဆောင်ချက်သည် မေးခွန်း
ထုတ်စရာ ဖြစ်ကြောင်း၎င်းက ထပ်မံပြောကြားခဲ့သည်။
       ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သောပဋိပက္ခများနှင့် ပတ်သက်ပြီး နိုင်ငံတော်သမ္မတမှ   စုံစမ်းရေးကော်မ
တီတစ်ရပ်ဖွဲ့ စည်းခဲ့ပြီး အဆိုပါစုံစမ်းရေးကော်မတီတွင် ပညာရှင်များ၊လူမှုအသိုင်းအဝိုင်းနှစ်ခုလုံးမှလေး
စားမှုရှိသော ပုဂ္ဂိုလ်များပါဝင်ကာ ပဋိပက္ခဖြစ်ပွားရာဒေသတွင် အကြိမ်ကြိမ်ကွင်းဆင်းလေ့လာပြီးပြုစုထား
သော အစီရင်ခံစာ ၏ တွေ့ရှိချက်များ၊ အကြံပြုချက်များကိုသာ အလေးထားဆောင်ရွက်သွားမည်ဖြစ်
ကြောင်း ၎င်းကထပ်မံ ပြောကြားခဲ့သည်။
      HRW အဖွဲ့၏ လူမျိုးသုဉ်းသတ်ဖြတ်ရေး ဆိုသည်မှာ မှန်ကန်ခြင်းမရှိသကဲ့သို့ သမ္မတကြီး ဦးသိန်းစိန်မှ အဆိုပါဖြစ်ရပ်နှင့် ပတ်သတ်၍ အရေးယူဆောင်ရွက်ခြင်း မရှိဆိုသောအချက်မှာလည်း မမှန်ကန်ဘဲ ဒီမိုကရေစီ  မလိုလားသောအုပ်စုများ၏    နိုင်ငံရေး၊ လူမျိုးရေး ဆူပူမှု    များဖြစ်ပွားစေရန်
 နောက်ကွယ်မှ ကြိုးကိုင်ဆောင်ရွက် မှုများကြောင့် တစ်ဖက်နှင့် တစ်ဖက် နားလည်မှုလွဲကာ  ဘာသာရေး
အဓိကရုန်းဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း မော်လဝီအဖွဲ့ချုပ် အတွင်းရေးမှူး ဦးကျော်စိုးက ပြောကြားခဲ့သည်။
            HRW မှမြန်မာနိုင်ငံအား   ဝေဖန်ထားသော်လည်း ကမ္ဘာတစ်ဝန်းရှိ နိုင်ငံများ၏ လူ့အခွင့်ရေး
အခြေနေများကို လေ့လာစောင့်ကြည့်ပြီး နှစ်စဉ်အစီရင်ခံစာ ထုတ်ပြန်နေသည့် အမေရိကန်နိုင်ငံခြားရေး
ဝန်ကြီးဌာန၏ အစီရင်ခံစာတွင်မူ မြန်မာနိုင်ငံ၏ လူ့အခွင့်ရေးအခြေအနေဖော်ပြချက် သိသာထင်ရှားသော 
တိုးတက်မှုများ ရှိနေသည်ဟု ဖော်ပြထားကြောင်း သိရှိရသည်။



No comments:

Post a Comment