Tuesday, April 23, 2013

စက်ရုံ၊အလုပ်ရုံ အလုပ်သမားများကို အသေးစားချေးငွေ ထုတ်ချေးမည်


          သမဝါယမဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကျော်ဆန်းက စက်ရုံ၊အလုပ်ရုံ အလုပ်သမားများအ
တွက်လူမှုစီးပွားရေး အခက်အခဲများကို ဖြည့်ဆည်းပေးနိုင်ရန် အသေးစားချေးငွေများကို ထုတ်ချေးပေး
သွားမည် ဖြစ်ကြောင်း ဧပြီလ ၁၉ ရက်နေ့ လှိုင်သာယာစက်မှုဇုန် (၁)၊ ကနောင်ခန်းမတွင် ကျင်းပသော
 စက်ရုံ၊အလုပ်ရုံ အလုပ်သမားအဖွဲ့အစည်းများနှင့် တွေ့ဆုံပွဲတွင်ပြောကြားခဲ့ကြောင်း သိရသည်။
        သမဝါယမဝန်ကြီးဌာနအနေဖြင့် အလုပ်သမားများအား ချေးငွေထုတ်ချေးရာတွင်  (၁) ချေးငွေများကို အလွဲသုံးစားမလုပ်ရန် အချင်းချင်း ထိန်းကျောင်းမှုပြုလုပ်ရန်၊ (၂)  ချေးငွေများကို ဝင်ငွေရရှိသည့်  အလုပ်
တွင် အသုံးပြုရန်၊ (၃) သတ်မှတ် ထားသည့် ဝန်ဆောင်မှုကုန်ကျစရိတ်များကို ပြန်လည်ပေးအပ်နိုင်ရန်အ
တွက် အချင်းချင်းထိန်းကျောင်းမှုနှင့် တာဝန်ယူမှုများရှိရန် စသော စည်းကမ်းချက် (၃) ချက်ကို လိုက်နာ
ရမည်ဖြစ်ပြီး အလုပ်သမား တစ်ဦးလျှင် ကျပ်တစ်သိန်းနှုန်းဖြင့် ထုတ်ချေးရန် ရည်ရွယ်ထားကြောင်း သိရှိရသည်။
       သမဝါယမမှ ငွေထုတ်ချေးခြင်းမှာ ကောင်းမွန်သော်လည်း အလုပ်သမားများ   အဓိကလိုအပ်နေသည်
မှာ ချေးငွေ မဟုတ်ဘဲ လုပ်ခလစာ တိုးမြှင့်ရရှိရေးနှင့် အလုပ်အကိုင်တည်မြဲရေးဖြစ်ပြီးလက်ရှိမြန်မာနိုင်ငံ၏
 ကုန်ဈေးနှုန်း နှင့် စာဝတ်နေရေး အခက်အခဲကို အလုပ်သမားများအနေဖြင့် ကျော်လွှားနိုင်မည်မဟုတ်
ကြောင်းလှိုင်သာယာ တိုင်ရီ ဖိနပ်စက်ရုံအလုပ်သမားအဖွဲ့အစည်းမှ မမိုးဝင်းက ပြောကြားခဲ့ကြောင်း သိရှိ
ရသည်။
       ချေးငွေလုပ်ငန်းမှာ အလုပ်သမားများအတွက် အထောက်အကူဖြစ်စေနိုင်သော်လည်း ၎င်းတို့၏ လုပ်ခလစာမှာ နည်းပါးလွန်းပြီး မိသားစုများကို ထောက်ပံ့နိုင်ခြင်းမရှိသောကြောင့် စက်ရုံမန်နေဂျာ၊ ငွေစာ
ရင်းဌာနတို့မှအတိုးဖြင့် ချေးငွေထပ်မံ ယူရကာ  အကျပ်အတည်းဖြစ်နေရသောကြောင့်  အဆိုပါ ပြဿနာ
ကို ဖြေရှင်းနိုင်ရန် အတွက် အနည်းဆုံးအခကြေးငွေ နည်းဥပဒေမထွက်မီ ယာယီအားဖြင့်   အလုပ်သမား
များ လုပ်ခလစာ တိုးမြှင့်ပေးရန် လိုအပ်ကြောင်း အလုပ်သမား အကျိုးဆောင် ရှေ့နေ့ဦးဌေးက သုံးသပ်
 ပြောကြားခဲ့သည်။
         စက်ရုံ၊ အလုပ်ရုံပိုင်ရှင်များအတွက် လစာလုပ်ခ တိုးမြှင့်ရေးကိစ္စများမှာ များစွာခက်ခဲပြီး အချို့သော အလုပ်သမားအဖွဲ့အစည်းများမှာစက်ရုံ၊အလုပ်ရုံများအတွက် ကောင်းကျိုးရှိသော်လည်းအချို့သော အလုပ်
သမားအဖွဲ့အစည်းများမှာမူ ၎င်းတို့နှင့်မဆိုင်သည့် နေရာများတွင် ဝင်ရောက်စွက်ဖက်မှုများ ရှိနေသော
 ကြောင့် နိုင်ငံတော်အနေဖြင့်  ယင်းအလုပ်သမားအဖွဲ့အစည်းများကို   လုပ်ထုံးလုပ်နည်း နှင့်လုပ်ပိုင်ခွင့်
များကို နားလည်ကြရန် သင်တန်းများပို့ချပေးစေလိုပြီး အနည်းဆုံး အခကြေးငွေ တိတိကျကျ သတ်မှတ်
နိုင်မှသာလျှင် အလုပ်သမားများ၏ တောင်းဆိုမှုများ ပပျောက်သွားမည်ဖြစ်ကြောင်း လှိုင်သာယာ ဆံပင်တု
စက်ရုံမှ မန်နေဂျာ ဦးစံသာထွန်း ကပြောကြားခဲ့ကြောင်း သိရှိရသည်။

No comments:

Post a Comment