Saturday, April 27, 2013

ရခိုင်ပြည်နယ် ကယ်ဆယ်ရေးလုပ်ငန်းများအတွက် ကုလအရေးပေါ်ရန်ပုံငွေထပ်တိုး

                                                                     Photo Credit By UNOCHA/ Nicole Lawrence
(UN News Centre မှ 26 April 2013 ရက်စွဲပါ “Relief operations in Myanmar’s Rakhine state receive boost from UN emergency fund” သတင်းကို ဘာသာပြန်ဆိုပါသည်)

ကုလသမဂ္ဂ Central Emergency Response Fund CERF သည် မန်မာနိုင်ငံရခိုင်ပြည်နယ်မှ အိုးမဲ့အိမ်မဲ့ ဒုက္ခ သည် ၆၉,၀၀၀ ခန့်အား အသက်ကယ် အကူအညီပေးရန်အတွက် နောက်တိုးရန်ပုံငွေ ဒေါ်လာ ၅ သန်း ခွင့်ပြုလိုက်ပြီ ဖြစ် သည်။

ယခု အစီအစဉ်သည် ၂၀၁၂ ဇွန်လနှင့် အောက်တိုဘာလတွင် မြန်မာနိုင်ငံ၌ လူမျိုးရေးအကြမ်းဖက် အဓိကရုဏ်း ဖြစ်ပွားပြီးနောက်ပိုင်း ရခိုင်ပြည်နယ်မှလူသားချင်းစာနာမှု စီမံချက်များအတွက် CERF ကတတိယအကြိမ်ရန်ပုံငွေ ထောက်ပံ့ ခြင်း ဖစ်သည်ဟု ကုလသမဂ္ဂလူသားချင်းစာနာမှုရေးရာညှိနှိုင်းရေးရုံး UN OCHA က ပြောကြားသည်။

ရခိုင်ပြည်နယ် အကြမ်းဖက်မှုသည် ပမာဏကြီးမားသော ပြည်တွင်း အိုးမဲ့အိမ်မဲ့ပြဿနာကို ဖြစ်ပေါ်စေကာ စက်လှေ ဖြင့် ထွက်ပြေးသူ တိုးပွားလာရုံသာမကပဲ၊ အသက်၊ အိုးအိမ်၊ စည်းစိမ်နှင့် အသက်မွေးဝမ်းကျောင်း လုပ်ငန်းများကိုပါ ပျက်စီး ဆုံးရှုံးစေခဲ့သည်ဟု OCHA Myanmar ၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

လက်ရှိတွင် ရခိုင်ပြည်နယ်တစ်လွှား အိုးမဲ့အိမ်မဲ့ဒုက္ခသည် ၁၄၀,၀၀၀ ကျော်နေပြီဟု ကုလသမဂ္ဂက ခန့်မှန်းထား သည်။
“CERF ရဲ့  ချက်ခြင်းလက်ငင်းရန်ပုံငွေ ဖြည့်ဆည်းမှုကို ကျေးဇူးတင်ပါတယ်။ ကယ်ဆယ်ရေးအေဂျင်စီတွေ အနေနဲ့ အမိုးအကာ၊ ရေနဲ့သန့်ရှင်းမှု၊ ကျန်းမာရေးစောင့်ရှောက်မှု အစရှိတဲ့အရေးပေါ် အသက်ကယ်အစီအစဉ်တွေကို စိတ်ချလက်ချ တုန့်ုပြန်ဆောင်ရွက်နိုင်သွားပါပြီ။ ဒါပေမယ့် ဒီနောက်တိုး ရန်ပုံငွေတွေနဲ့ လိုအပ်သမျှအားလုံးကိုတော့ မဖြည့်ဆည်းပေးနိုင် သေးပါဘူး” ဟု မြန်မာနိုင်ငံမှ OCHA ညှိနှိုင်းရေးတာဝန်ခံ အေဆော့နီဂမ် ကပြောကြားသည်။

ယခု နောက်ဆုံးရန်ပုံငွေ ထပ်မံတိုးပေးခြင်းကြောင့် CERF ၏ ရခိုင်ပြည်နယ် လူသားချင်းစာနာမှု အကူအညီပေးမှု ပမာဏစုစုပေါင်း ဒေါ်လာ ၁၅ သန်းကျော်သွားပြီ ဖြစ်သည်။ ယခု ရန်ပုံငွေဒေါ်လာ ၅ သန်းသည် ကုလအေဂျင်စီ လေးခုနှင့် လုပ်ဖော်ကိုင်ဖက်အဖွဲ့များ၏ စီမံချက်များသို့ စီးဆင်းသွားမည်ဖြစ်ပြီး၊ မုန်သုံရာသီ မစခင်ကယ်ဆယ်ရေး အစီအစဉ်များ အရှိန် မြှင့်ရန်စီစဉ်နေသော ကုလအေဂျင်စီများအတွက် အချိန်ကိုက်ဖြစ်သွားပါသည်။

၂၀၀၆ ခုနှစ် ဖွဲ့စည်းပြီးနောက်ပိုင်း CERF သည် မြန်မာနိုင်ငံမှ သဘာဝဘေးအန္တရာယ်နှင့် အရေးပေါ် ကယ်ဆယ် ရေး လုပ်ငန်းများအတွက် ဒေါ်လာသန်း ၇၆ သန်း ထောက်ပံ့ပေးခဲ့ပြီး ရခိုင်ပြည်နယ် ကယ်ဆယ်ရေး လုပ်ငန်းများက ဒေါ်လာ ၃၇ သန်း ရရှိခဲ့သည်။

CERF သည် ကမ္ဘာတစ်လွှား သဘာဝဘေးအန္တရာယ်နှင့် ပဋိပက္ခများကြောင့် ဘေးဒဏ်သင့်သူများအား အသက် ကယ်အကူအညီ မြန်ဆန်စွာပေးအပ်လျက်ရှိပြီး၊ အဖွဲ့ဝင်နိုင်ငံများ၊ အင်ဂျီအိုများ၊ ဒေသတွင်း အစိုးရများ၊ ပုဂ္ဂလိကကဏ္ဍနှင့် တစ်ဦးချင်း အလှူရှင်များက စေတနာအလျှောက် ရန်ပုံငွေထည့်ဝင်ပေးနေကြ ခြင်းဖြစ်သည်။

No comments:

Post a Comment