Saturday, April 27, 2013

အမေရိကန်က မြန်မာနိုင်ငံနှင့် တိုင်းတာမှုများပါဝင်သည် ကာကွယ်ရေးဆိုင်ရာ ဆက်ဆံရေးစတင်

                                                        Photo Credit By Firstpost World


(26 April 2013 ရက်စွဲပါ Zeenews မှ US begins ‘Calibrated’ defense engagement with Myanmar ကို ဘာသာပြန်ဆိုပါသည်)

ဝါရှင်တန်အနေဖြင့် အာဏာအပြည့်အဝရှိသော မြန်မာ့တပ်မတော်သည် မြန်မာနိုင်ငံ၏ ဒီမိုကရေစီပြုပြင် ပြောင်းလဲ ရေးတွင် အရေးကြီးသော အခန်းကဏ္ဍတွင်ရှိသည်ဟု ကောင်းစွာသိရှိထားသောကြောင့် အမေရိကန် ပြည်ထောင်စုသည် မြန်မာတပ်မတော်နှင့် စစ်တပ်ချင်းဆက်ဆံရေး တည်ထောင်ရန်သတိထား၍ စတင်နေပြီဖြစ်ကြောင်း ပင်တဂွန် တာဝန် ရှိသူ များက ပြောကြားခဲ့ပါသည်။

မြန်မာ့တပ်မတော်သည် လူ့အခွင့်အရေးချိုးဖောက်မှုများကို ကျူးလွန်သည်ဟူသော စွပ်စွဲချက်များနှင့် ပတ်သက်၍ အမေရိကန် ပြည်ထောင်စုအနေဖြင့် အလေးအနက် စိုးရိမ်မှုများရှိသည့်အလျှောက် ဆက်ဆံရေးသည် အစပထမအားဖြင့် စစ်ရေးနှင့် မပတ်သက်သော ကိစ္စများတွင်သာ အကန့်အသတ်နှင့် ရှိနေမည်ဖြစ်ပါသည်။ စစ်တပ်ချင်း ဆက်ဆံရေးအတွက် နယ်ပယ်များနှင့်အမြန်နှုန်းမှာ မြန်မာနိုင်ငံ၏ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေး၏တိုးတက်မှုများပေါ်တွင် မူတည်မည်ဖြစ်ပါသည်။

“အမေရိကန် ပြည်ထောင်စုဟာ မြန်မာနိုင်ငံနဲ့ကန့်သတ်ချက်တွေ တိုင်းတာမှုတွေနဲ့ သတ်မှတ်ထားတဲ့ ကာကွယ်ရေး ဆိုင်ရာ ဆက်ဆံမှုအစီအစဉ်ရဲ့ ကနဦးအဆင့်မှာပဲရှိပါသေးတယ်။ ဒီအစီအစဉ်ဟာ မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေး ဖွဲ့စည်းမှု ကို မြှင့်တင်ဖို့ဒီဇိုင်း ဆွဲထားတာပါ”ဟု ပင်တဂွန်ပြောခွင့်ရပုဂ္ဂိုလ် Cathy Wilikinson က သတင်းအေဂျင်စီတစ်ခုသို့ ယမန်နေ့ က ပြောကြားခဲ့ပါသည်။

“ပထမအဆင့်မှာ အခြေခံအားဖြင့် လူ့အခွင့်အရေး၊ တရားဥပဒေစိုးမိုးရေးနဲ့ လူသားချင်းစာနာတဲ့ အကူအညီ/ဘေး အန္တရာယ်ကယ်ဆယ်ရေး ပုံစံများအပေါ် အာရုံပြုမှာဖြစ်ပြီး၊ ဒီပထမအဆင့်မှာ မြန်မာနိုင်ငံက တပ်မတော်အရာရှိတွေဟာ အမေရိကန်စစ်တပ် အရာရှိနဲ့ချိတ်ဆက်ပြီး နိုင်ငံတကာအဆင့်နဲ့ အကျင့်စာရိတ္တဆိုင်ရာစံတွေကို ထိတွေ့နိုင်အောင် အခွင့် အလမ်းတွေ ရှာပေးမှာပါ”ဟု အဆိုပါအမျိုးသမီးက ပြောပါသည်။

အမေရိကန်ပြည်ထောင်စုသည် မြန်မာနိုင်ငံအား ယခင်အမည် Burma ဟုသာ ညွှန်းဆိုခဲ့ပြီး ကမ္ဘာပေါ် တွင် Burma ဟု သာ ခေါ်ဆိုဆဲဖြစ်သော နိုင်ငံအနည်းငယ်တွင် ပါဝင်ပါသည်။

“ဆက်ဆံရေးအစီအစဉ်မှာ လှုပ်ရှားမှုအားလုံးကို တိုင်းတာမှု သတ်မှတ်ချက်တွေနဲ့ သေချာစွာ လုပ်ဆောင်မှာဖြစ်ပြီး၊ စစ်တပ်နဲ့အစိုးရရဲ့ ဒီမိုကရေစီမျက်နှာစာမှ တိုးတက်မှုပေါ်မှာမူတည်ပြီး နယ်ပယ်တွေသတ်မှတ် လုပ်ဆောင်သွားမှာပါ။ အခုထိ တော့ ကနဦးလှုပ်ရှားမှုတွေကို APCSS က စပွန်ဆာပေးတဲ့ပွဲတွေနဲ့ပဲ ကန့်သတ်ထားပါသေးတယ်။ ပါဝင်လိုတဲ့ အဆိုပြုမှု မှန်သမျှ ဥပဒေအရ၊ မူဝါဒအရ သုံးသပ်မှုတွေလုပ်ပြီးမှ လက်ခံမှာပါ” ဟု Wilkinson ကပြောပါသည်။

APCSS ဆိုသည်မှာ ဟာဝိုင်ရီကျွန်း၊ ဟိုနိုလူလူရှိကာကွယ်ရေးဌာနမှ ကျောင်းတစ်ခုဖြစ်ပြီး Asia-Pacific Center for Security Studies ဟု အမည်ရှိပါသည်။ APCSS သည် ဒေသတွင်းနှင့် ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေး ကိစ္စများကို ကိုင်တွယ်ပြီး၊ အမေရိကန်နှင့်အာရှ-ပစိဖိတ်နိုင်ငံများမှ စစ်တပ်မှ ပုဂ္ဂိုလ်များ၊ အရပ်သားများကို ဟာဝိုင်ယီနှင့် အာရှပစိဖိတ် တစ်ခွင်တွင်ကျင်းပသော အမှုဆောင်အဆင့်ပညာရေးနှင့် အလုပ်ရုံဆွေးနွေးပွဲ အစီအစဉ်များသို့ ဖိတ်ကြားလျက်ရှိပါသည်။

မကြာမီပြုလုပ်မည့် အစီအစဉ်များတွင် ဧပြီလ ၂၈ ရက်မှ မေလ ၃ ရက်အထိ ဘော်စတွန်တွင်ကျင်းပမည့် တောင် အာရှခေါင်းဆောင်များ ရေကြောင်းလုံခြုံရေး(South Asia Leaders water security)အမည်ဖြင့် နိုင်ငံစုံအလုပ်ရုံ ဆွေးနွေး ပွဲတွင် အရပ်သားတာဝန်ရှိပုဂ္ဂိုလ်များ တက်ရောက်ရန်စီစဉ်ထားပါသည်။ မြန်မာနိုင်ငံမှ ပါဝင်မည့်အရပ်သား တာဝန်ရှိပုဂ္ဂိုလ် တစ်ဦးမှာ သစ်တောဌာနရေစေရေလဲ စီမံခန့်ခွဲရေး အစီအစဉ် မှ ဖြစ်ပါသည်။

     မြန်မာနိုင်ငံမှ တာဝန်ရှိသူ ပုဂ္ဂိုလ်နှစ်ဦးသည် လုံခြုံရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး   နိုင်ငံစုံ အလုပ်ရုံ   ဆွေးနွေးပွဲတက် ရောက်ရန်စီစဉ်ထားပါသည်။ ၎င်းအလုပ်ရုံဆွေးနွေးပွဲတွင် လုံခြုံရေးကဏ္ဍအတွက်အကောင်းဆုံး လက်တွေ့ လုပ်ဆောင်မှုများ၊ အမျိုးသားလုံခြုံရေး မဟာဗျူဟာနှင့် မူဝါဒဖွံ့ဖြိုးတိုးတက်ရေး၊ အရပ်သား-စစ်တပ်- ရဲတပ်ဖွဲ့ဆက်ဆံရေးများကို အာရုံပြုဆွေး နွေးကြမည် ဖြစ်ပါသည်။ အဆိုပါဆွေးနွေးပွဲကို ဇူလိုင် ၂၉ မှ သြဂုတ် ၂ အထိ ဟိုနိုလူလူရှိ APCSS တွင် ကျင်းပမည်ဖြစ်ပါ သည်။

လက်ရှိအားဖြင့် APCSS သည် အဆင့်မြင့်လုံခြုံရေး ပူးပေါင်းဆောင်ရွက်ရေး သင်တန်းပေးလျက်ရှိရာ မြန်မာနိုင်ငံ မှာ အာဆီယံကိုယ်စားလှယ်အဖြစ် တစ်ဦးတက်ရောက်နေပါသည်။

ဇူလိုင်လတွင် ၈-၁၂ ထိ နေပြည်တော်တွင် နိုင်ငံစုံဒေသတွင်း လုံခြုံရေးအကြောင်းအရာ အလုပ်ရုံ ဆွေးနွေးပွဲတစ်ခု လက်ခံကျင်းပမည် ဖြစ်ရာ အရှေ့တောင်အာရှ လုံခြုံရေးပတ်ဝန်းကျင်ကို အဓိကအာရုံပြု ဆွေးနွေးမည်ဖြစ်ပါသည်။ အဆိုပါ အလုပ်ရုံဆွေးနွေးပွဲမှာ မြန်မာနိုင်ငံသည် ၂၀၁၄ အာဆီယံဥက္ကဋ္ဌဖြစ်သည့်အချိန်တွင် ထိရောက်စွာ တာဝန်ထမ်းဆောင်နိုင်ရေး စွမ်းရည်မြှင့်တင်ပေးရန် ရည်ရွယ်ပါသည်။

No comments:

Post a Comment