Saturday, April 27, 2013

အမေရိကန်တွင် မြန်မာနိုင်ငံမှသွင်းကုန်များ၊ အကောက်ခွန်ကင်းလွတ်ခွင့်ရတော့မည်

(27 April 2013 ရက်စွဲပါ Washington Post မှ AP ၏ Myanmar could get broad duty-free access to the US , as Washington deepens trade , military ties ကို ဘာသာပြန်ဆိုပါသည်)

                                                   Photo Credit By Khin Maung Win (AP)

အမေရိကန် ပြည်ထောင်စုသည် မြန်မာနိုင်ငံနှင့် ကုန်သွယ်ရေးနှင့် စစ်ရေးအရ ဆက်ဆံမှုများ လေးလေးနက်နက် လုပ်ဆောင်လျက် ရှိရာ မြန်မာနိုင်ငံသည်ယခုနှစ်ကုန်တွင် အမေရိကန်ဈေးကွက်တွင် အကောက်ခွန်ကင်းလွတ်ခွင့် ရရှိလာနိုင် ပါသည်။
ပထမအဆင့်အနေဖြင့် အမေရိကန်ကုန်သွယ်ရေး ကိုယ်စားလှယ်အဖြစ် ခေတ္တတာဝန်ယူထားသူ Demetrios Marantis က သောကြာနေ့တွင် ပြောကြားရာတွင် အမေရိကန်သည် မြန်မာနိုင်ငံမှ သွင်းကုန်အမယ်ပေါင်း ထောင်နှင့်ချီ၍ အကောက်ခွန် ကင်းလွတ်ခွင့် ပေးဖွယ်ရှိကြောင်း၊ ၎င်းတို့တွင် စိုက်ပျိုးရေးထွက်ကုန်၊ လက်မှုပညာပစ္စည်းများ၊ အချို့ အထည်ချုပ်များ ပါဝင်ပြီး၊ ဆင်းရဲသောတိုင်းပြည်များအား အကူအညီပေးရေး အစီအစဉ်အရ ယခုနှစ်ကုန်တွင် ဖြစ်ဖွယ် ရှိကြောင်းပြောပါသည်။
ရလဒ်
အဆိုပါ လုပ်ဆောင်မှုသည် ယခင်ကအထီးကျန်ပြုခံရသော မြန်မာနိုင်ငံအပေါ် အမေရိကန်မူဝါဒ မည်မျှနက်ရှိုင်းစွာ ပြောင်းလဲလာသည်ကို သရုပ်ဖော်ပါသည်။ ပြီးခဲ့သည့် နိုဝင်ဘာလအထိ အမေရိကန်သည် မြန်မာနိုင်ငံမှ သွင်းကုန်များ ပိတ်ပင်ထားခဲ့ပါသည်။ မြန်မာနိုင်ငံမှ လျင်မြန်သော နိုင်ငံရေးပြုပြင်ပြောင်းလဲမှုများကို တုန့်ပြန်သောအားဖြင့် ဝါရှင်တန်သည် အရေးယူမှု အများစုကို ယာယီ ရုတ်သိမ်းပေးခဲ့ပါသည်။

No comments:

Post a Comment