Friday, April 26, 2013

တပတ်အတွင်း နိုင်ငံတကာရေးရာသတင်း


ဧပြီ (၂၆) မှစတင်၍ တစ်ပတ်အတွင်း နိုင်ငံတကာရေးရာ အခြေအနေများကို စာဖတ်သူများ သိစေရန် အလို့ငှာ စုစည်းတင်ပြအပ်ပါသည်။

          ဧပြီလ ၁၅ ရက်နေ့က အမေရိကန် ဘော်စတွန်မြို့နယ်၊ မက်ဆာချူးဆက်ပြည်နယ်တွင် ကျင်းပ
ခဲ့သော မာရသွန်ပြေးပွဲတွင် ဗုံးပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့ပါသည်။ ယင်းပေါက်ကွဲမှုသည် ဒေသစံတော်ချိန် ၂း၅၀ တွင် ဖြစ်ပွားခဲ့ပြီး၊ ပေါက်ကွဲမှုကြောင့် လူ ၃ ဦးသေဆုံးကာ၊ ၁၈၃ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

                                               Photo Credit By Online

      ဖောက်ခွဲသူ အဖြစ် သံသယရှိသူနှစ်ဦးအား ဧပြီလ ၁၉ ရက်နေ့တွင် ခြေရာခံမိ၍ ရဲများနှင့် အပြန်အလှန် ပစ်ခတ်မှုများဖြစ်ပွားခဲ့ရာ အသက် ၂၆ နှစ်အရွယ် အစ်ကိုဖြစ်သူ Tamerlan သည် သေနတ်
ဒဏ်ရာဖြင့် သေဆုံးသွားခဲ့ပြီး ညီဖြစ်သူ Dzhokhar ကတော့ ထွက်ပြေးလွတ်မြောက်ခဲ့ပါတယ်။ သို့သော် ဧပြီလ ၂၁ ရက်နေ့တွင် ၎င်းပုန်းအောင်း နေသည့် လှေအတွင်းမှ ပြန်လည်ဖမ်းဆီးရမိခဲ့ပါသည်။ 

      ဖမ်းဆီးရမိချိန်တွင် ၎င်းသည် ဒဏ်ရာကြီးစွာရရှိထားပြီး စိုးရိမ်ရသော အခြေအနေရှိနေပါသည်။ သို့သော် ယခုအခါ ဆေးရုံပေါ်တွင် ဆေးကုသမှုခံယူလျက်ရှိပြီး အာဏာပိုင်များ၏ မေးမြန်းချက်များကို စာဖြင့်ရေးသားဖြေဆိုနိုင်သည့် အနေအထားသို့ ရောက်ရှိနေပြီဖြစ်ပါ သည်။ ၎င်း၏ ဖြေကြားချက်များအရ ယင်းဖောက်ခွဲမှုသည် အစ်ကိုဖြစ်သူ၏ ဦးဆောင်မှုဖြင့်သာ ဖြစ်ပွားခဲ့ရခြင်း ဖြစ်ပြီး၊ အခြား မည်သည့်အဖွဲ့
အစည်းများနှင့်မျှ ဆက်သွယ်သက်ဆိုင်ခြင်းမရှိဟု သိရှိရပါသည်။ သို့သော်လည်း ၎င်းတို့နှစ်ဦးသည် နယူးယောက်မြို့ကို   ကားမောင်းသွားပြီး  ၊ ဖေါက်ခွဲမှုတွေ ထပ်လုပ်ဖို့ စီစဉ်ထားတယ်လို့ စုံစမ်း စစ်ဆေး
သူတွေကို ပြောခဲ့ကြောင်းလည်းသိရှိရပါသည်။ 

          ယင်းပေါက်ကွဲမှုဖြစ်ပွားပြီး ၂၃ ရက်နေ့ အင်္ဂါနေ့တွင်လည်း အိမ်ဖြူတော်ဗုံးပေါက်ကွဲမှုဖြစ်ပွားကာ သမ္မတအိုဘားမား ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု သတင်းများပေါ်ထွက်ခဲ့ပြီးနောက် စတော့ရှယ်ယာများ ကျဆင်း ခဲ့သည်။ အဲ့ဒီမိနစ်ပိုင်းအတွင်းမှာပင် အမေရိကန် Stock ဈေးတွေ အထူးသဖြင့် ဒီ Dow Stock
 ဈေးကွက် ဟာဆိုရင် အမှတ် ၁၃၀ မှတ်အထိ တနေ့လုံးအရှိန်ကောင်းတဲ့ ဈေးကွက်မှာ ကျဆင်းသွားခဲ့
ရပါတယ်။ နောက်ဆုံး သတင်းမှားသည်ဟု သိပြီးနောက် Dow  Stock များ အလျင်အမြန် ပြန်တက်လာ
ခဲ့ပါသည်။ ယင်းသတင်းအမှားအား ဟက်ကာ အင်တာနက် ခိုးဖောက်ဝင်သူတွေဟာ AP Twitter အကောင့်ထဲကို ၀င်ရောက်ပြီး ဖော်ပြခဲ့ခြင်းဖြစ်ပါတယ်လို့ သိရှိရပါတယ်။ 

တရုတ်နိုင်ငံ၏ ကြက်ငှက်တုပ်ကွေးအခြေအနေ

                                            Photo Credit By Fox News
       တရုတ်နိုင်ငံ၏ဒေသပေါင်း ၇ ခုတွင် ကြက်ငှက်တုပ်ကွေး ရောဂါအမျိုးအစားသစ် ကူးစက်ပျံ့နှံ့မှုကြောင့် သေဆုံးသူ အရေအတွက်ဟာ ၂၂ ယောက်အထိ ရှိနေပြီဖြစ်သည်။ H7N9 အမျိုးအစားဗိုင်းရပ်စ်ဟာ လူတွေအတွက် သာမန်ထက် ပိုတဲ့အန္တရာယ် ရှိနေတဲ့အကြောင်း WHOအရာရှိခိုင်ဂျီဖူကုဒ (Keiji Fukuda) ကပြောကြားလိုက်ပါသည်။ သို့သော် လူအချင်းချင်း ကူးစက်နိုင်သော အဆင့်အထိ ဖြစ်ပွားသော အထောက်အထားမျိုး မတွေ့ရသေးဘူးလို့ ပြောပါတယ်။ယခင် H5N1အမျိုးအစားထက်ယခုအသစ် တွေ့ရှိရသောဗိုင်းရပ်စ်သည်တိရစ္ဆာန်မှလူကိုပိုပြီးကူးစက်လွယ်တယ်သည်ဟုတရုတ်နိုင်ငံမှာလူပေါင်း၁၀၀ ကျော်လောက် ရောဂါကူးစက်ခံနေရတဲ့H7N9ဗိုင်းရပ်စ်အကြောင်း လေ့လာစူးစမ်းရန် ရောက်ရှိနေသော WHO အရာရှိကပြောဆိုခဲ့ပါတယ်။

ဘရားဇီးသမ္မတဟောင်း၏ အကျင့်ပျက်ခြစားမှု

 ဘရားဇီးသမ္မတဟောင်းဖြစ်သူလူးဝစ်ဇ်အင်နာစီယိုလူလာဒါဆေးလ်ဗာအားညွန့်ပေါင်းပါတီများအား
 နိုင်ငံရေးဆိုင်ရာအထောက်အပံ့ပေးရန်အတွက် ပြည်သူလူထု၏ ငွေများကိုအသုံးမပြုရန်တရားမဝင်
လျှို့ဝှက် ပူးပေါင်းကြံစည်မှု၌ ပါဝင်ပတ်သက်နေသည်ဟု အစိုးရရှေ့နေများက စွဲချက်တင်ထားသည်။ လူလာ ကမူ ယင်း စွဲဆိုချက်များကို ငြင်းဆန်နေဆဲ ဖြစ်ပါသည်။ သူနှင့် အနီးကပ်တွင်ရှိသော အပေါင်းအပါများအား ယင်းစွဲချက်ဖြင့် ပြစ်ဒဏ်ချမှတ်ခဲ့ပြီးဖြစ်ကြောင်းသိရှိရပါသည်။ 

ဗင်နီဇွဲလားသမ္မတသစ် ကျမ်းသစ္စာကျိန်ဆို
ဗင်နီဇွဲလားနိုင်ငံ၏ သမ္မတအသစ်အဖြစ် ခန့်အပ်ခြင်းခံရသော နီကိုးလပ်မာဒူရို၏ ကျမ်းကျိန်သစ္စာဆို ခြင်းကို ဧပြီ ၁၄ ရက်နေ့တွင် ကျင်းပခဲ့သည်။ ထောင်ပေါင်းများစွာသော လူများသည် မစ္စတာဒူရိုအား ထောက်ခံသည့်အနေဖြင့် အောင်ပွဲအခမ်းအနားကျင်းပရန် ကာရာကတ်မြို့ လမ်းမပေါ်တွင် စုဝေးခဲ့ကြသည်။ အတိုက်အခံထောက်ခံသူများကတော့ မစ္စတာမာဒူရို၏ ကျမ်းသစ္စာကျိန်ပွဲကို ဒန်အိုးဒန်ခွက်များတီးခတ်၍ ဆန္ဒပြခဲ့ကြပါသည်။ ၁၄ နှစ်ကြာ အုပ်ချုပ်ပြီးနောက် ကင်ဆာရောဂါဖြင့် ကွယ်လွန်သွားခဲ့သော သမ္မတ ဟူးဂိုးချာ ဗက်ဇ်၏ နေရာအားဆက်ခံသူ သမ္မအသစ်သည် ၎င်းလက်ထပ်တွင် အကျင့်ပျက်ခြစားမှုနှင့် ရာဇဝတ်မှုများကို ထိရောက်စွာ ကိုင်တွယ်သွားမည် ဖြစ်ပြီး လူမှုရေးအစီအစဉ်များကို ဆက်လက်အကောင်အထည်ဖော်သွားမည် ဖြစ်ကြောင်း ၎င်း၏ မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့ပါသည်။

အသေခံဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့သော ဆီးရီးယား
          ဆီးရီးယားနိုင်ငံ၏ လူစည်ကားရာနေရာဖြစ်သည့် ဆာဘားဘာရက်ရင်ပြင်နှင့် ရှာဘန်ဒါလမ်းတို့ အကြားတွင် ဗုံးပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့ကြောင်း သိရှိရပါသည်။ အဆိုပါ ပေါက်ကွဲမှုဖြစ်ပွားရာနေရာမှာ ဗဟိုဘဏ်၊ ဘဏ္ဍာရေးဝန်ကြီးဌာနရုံး၊ အစိုးရပိုင်ရင်းနှီးမြှုပ်နှံမှု အေဂျင်စီ၊ ဗလီနှင့် စာသင်ကျောင်းများရှိရာ ဒမတ်စကပ်စ်၏ လူစည်ကားသော နယ်မြေအတွင်း၌ ဖြစ်သည်။ ယင်းပေါက်ကွဲမှုသည် အသေခံကားဗုံး
 ပေါက်ကွဲမှုတစ်ခုလည်း ဖြစ်သည်။ ပေါက်ကွဲမှုကြောင့် အနည်းဆုံး လူ ၁၅ ဦးသေဆုံး၍၊ ၅၃ ဦး ထိခိုက်
ဒဏ်ရာ ရရှိခဲ့ပါသည်။ ယခု တိုက်ခိုက်ခံရမှုသည် ပြီးခဲ့သည့်လများအတွင်း ဒမတ်စကပ်စ်ပြည်နယ်အတွင်း
 ဖြစ်ပွားခဲ့သော ဖြစ်ပွားမှုများအနက် ဒုတိယမြောက် အပြင်းထန်ဆုံးဖြစ်သည်။ ဆီးရီးယားနိုင်ငံ၌ သမ္မတ ဘတ်ရှာအယ်လ်အာဆတ်အား ဆန့်ကျင်မှုများမြင့်တက်လာသည့် လွန်ခဲ့သောနှစ်နှစ်မှစ၍ ယခုအချိန်
အထိသေဆုံးသူ အနည်းဆုံး ၇၀,၀၀၀ ရှိသွားပြီလည်း ဖြစ်ပါသည်။

အကြမ်းဖက်မှုများဖြင့် ရှုပ်ထွေးနေသော မလေးရှားမဲဆွယ်ပွဲ

                                                Photo Credit By Online
       မေလ ၅ ရက်နေ့တွင်ကျင်းပမည့် မလေးရှားရွေးကောက်ပွဲအတွက် မဲဆွယ်မှုများတွင် အကြမ်းဖက်မှုများလည်း ရှိနေပါသည်။ ပြီးခဲ့သည့် စနေနေ့တွင် စည်းရုံးမှုများစတင်ခဲ့ပြီး နှစ်ပတ်ကြာ မဲဆွယ်ကာလ၏ ပထမဆုံး ၃ရက်အတွင်း
၌ပင် အကြမ်းဖက်မှုဖြစ်ရပ်ပေါင်း ၃၈၇ ခုဖြစ်ပွားခဲ့ပြီး လူ ၁၅ ဦးထက်မနည်း ဖမ်းဆီးထိန်းသိမ်းထားခံခဲ့ရသည်။
 
       ရွေးကောက်ပွဲတွင်   အဓိကအားပြိုင်သည့်အဖွဲ့နှစ်ခုမှာ    မလေးရှားနိုင်ငံကို  ၅၆  နှစ်ကြာအုပ်ချုပ်ခဲ့သည့် ညီ
ညွတ်သောမလေးအမျိုးသားအဖွဲ့ကြီး(UMNO)ကြီးစိုးသော ညွှန့်ပေါင်းအဖွဲ့နှင့် ပိုမိုလွတ်လပ်သော လူမှုပတ်ဝန်း
ကျင်ကို ဖန်တီးမည်ဟု ကတိပြုထားသည့် အတိုက်အခံ အဖွဲ့တစ်ဖွဲ့တို့ဖြစ်ပါသည်။ ယခုကျင်းပမည့် ရွေးကောက်
ပွဲသည် နိုင်ငံရေးအကြမ်းဖက်မှုများ၊ ခြိမ်းခြောက်မှုများကြောင့် နာမည်ပျက်နိုင်သည်ဟု တစ်သီးပုဂ္ဂလအုပ်စုမှ Bersih က သတိပေးပြောကြား ခဲ့ပါသည်။
 


No comments:

Post a Comment