Friday, April 26, 2013

ဦးသိန်းစိန်နှင့် ထိပ်သီးဆွေးနွေးရန် မေလကုန်တွင် ဂျပန်ဝန်ကြီးချုပ် မြန်မာသို့ လာမည်

(The Japan Times မှ 26 April 2013 ရက်စွဲပါ Japan’s Abe to visit Myanmar in late May for summit with Thein Sein သတင်းကို ဘာသာပြန်ဆိုသည်)

Photo Credit By Sky News
မြန်မာနိုင်ငံမှစီးပွားရေးဖွံ့ဖြိုးရေး၊ ဒီမိုကရေစီကူးပြောင်းရေး ဖြစ်စဉ်ကိုအားပေးနေသည့် ဂျပန်နိုင်ငံ၏ အားထုတ် မှုများကိုအရှိန်မြှင့်ရန် ရည်မှန်းထားသော ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးသည် သမ္မတ ဦးသိန်းစိန်နှင့်တွေ့ဆုံရန် မေလကုန် တွင် မြန်မာနိုင်ငံသို့ သွားရောက်ရန် စီစဉ်နေသည်ဟု တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ဤအစီအစဉ်သည် မြန်မာနိုင်ငံသို့ ဂျပန်ဝန်ကြီးချုပ်တစ်ဦး ၃၆ နှစ်အတွင်း ပထမဆုံး သွားရောက်ခြင်းဖြစ်လာ လိမ့်မည်။ ယခင်က ၁၉၇၇ သြဂုတ်လတွင် သွားရောက်ခဲ့သော တာကေအိုဖူကူဒါ၏ ခရီးစဉ်မှာ နောက်ဆုံးဖြစ်သည်။
မေလ ၂၅၊ ၂၆ တွင်သွားရောက်ဖွယ်ရှိသည်ဟုမျှော်လင့်ရသော အာဘေး၏ခရီးစဉ်သည် မြန်မာနိုင်ငံစစ်အုပ်ချုပ်ရေး ကာလအတွင်း ကြီးထွားလာခဲ့သော တရုတ်လွှမ်းမိုးမှုကို တန်ပြန်ထိန်းညှိရာတွင် အထောက်အကူဖြစ်စေလိမ့်မည်ဟု ဂျပန် တာဝန်ရှိသူက ဆိုပါသည်။
အာဘေးသည်ယခင်အပတ်ကဂျပန်သို့လာရောက်လည်ပတ်သွားခဲ့သူ မြန်မာအတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နှင့်လည်း မြန်မာခရီးစဉ်တွင် ထပ်မံတွေ့ဆုံရန် စဉ်းစားနေသည်ဟု သိရှိရသည်။
၂၀၁၁ နောက်ပိုင်း ဒီမိုကရေစီအသွင်ကူးပြောင်းလာမှုဖြင့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများကို ဆွဲဆောင်နေသည့် မြန်မာ နိုင်ငံသည် သယံဇာတပေါသည့်အပြင် သိသိသာသာလုပ်အား ချိုသာမှုကြောင့် အာရှတိုက်၏ အလတ်ဆတ်ဆုံး ဈေးကွက် တစ်ခုအဖြစ် ကျယ်ကျယ်ပြန့်ပြန့်သတ်မှတ်ခံနေရပါသည်။
မေ ၂၅၊ ၂၆ ၌ ဆိုးလ်တွင်ကျင်းပရန်စီစဉ်ထားသော တရုတ်၊ ဂျပန်၊ တောင်ကိုရီးယား သုံးပွင့်ဆိုင်ထိပ်သီးဆွေးနွေး ပွဲကို ဆင်ကာကူပိုင်နက် အငြင်းပွားမှုကြောင့် ဖျက်သိမ်းလိုက်ပြီးနောက်တွင် ယခုမြန်မာခရီးစဉ်အတွက် စီစဉ်မှုများပြုလုပ် ခဲ့ခြင်းဖြစ်သည်ဟု သိရှိရသည်။
မြန်မာခရီးစဉ်၌ သမ္မတဦးသိန်းစိန်နှင့် တွေ့ဆုံရာတွင် မြန်မာနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှု နယ်ပယ်နှင့် အခြေခံအဆောက် အဦးစနစ်များကို တိုးတက်အောင်ကူညီမည့် ဂျပန်နိုင်ငံ၏ ရည်မှန်းချက်ကို ဝန်ကြီးချုပ်အာဘေးက ထုတ်ဖော်ပြောကြား လိမ့်မည်ဟု မျှော်လင့်ရသည်။
ထို့ပြင် မြန်မာနိုင်ငံ၏ အမျိုးသား ပြန်လည်သင့်မြတ်ရေး အောင်မြင်သွားပါက စာသင်ကျောင်းများ ဆောက်လုပ် ပေးခြင်း၊ စိုက်ပျိုးရေး နည်းပညာ အကူအညီပေးခြင်း၊ အခြားအထောက်အပံ့များပေးခြင်းတို့ဖြင့် တိုင်းရင်းသားလူမျိုးများ အား ထိရောက်စွာ ကူညီနိုင်မည့် အစီအစဉ်ကိုလည်း ထုတ်ပြန်ကြေညာဖွယ် ရှိသည်ဟု သိရသည်။
မြန်မာနိုင်ငံတွင် အရပ်ဖက်အစိုးရတက်လာပြီးနောက်ပိုင်း ဒီမိုကရေစီကူးပြောင်းရေး၊ ဆိပ်ကမ်းနှင့် ဝန်ဆောင်မှု စနစ်များတည်ဆောက်ရေး၊ ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေးတို့ကို အားပေးကူညီရန် ဂျပန်နိုင်ငံက အရှိန်မြှင့်အားထုတ် လာခြင်းဖြစ်သည်။
ယခုနှစ်အစပိုင်း အာဘေးအစိုးရတက်လာပြီး တစ်ပတ်ခန့်အကြာတွင် ဒုတိယဝန်ကြီးချုပ်နှင့် ဘဏ္ဍာရေးဝန်ကြီး တာရိုအာရီုက “မြန်မာနိုင်ငံ၏စစ်မှန်သော ဒီမိုကရေစီစနစ် ထူထောင်ရေးကြိုးပမ်းမှုများကို ကူညီသွားရန် ဂျပန်နိုင်ငံက ကတိ ပြုကြောင်း” နေပြည်တော်၌ သမ္မတဦးသိန်းစိန်နှင့် တွေ့ဆုံစဉ် ပြောကြားခဲ့သည်။
ထို့အတူ ယခုလ အစောပိုင်းတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် လည်းကောင်း၊ တိုင်းရင်းသား လက်နက်ကိုင် ၁၁ ဖွဲ့ ညွန့်ပေါင်း UNFC ဥက္ကဋ္ဌ အင်ဘန်လနှင့်လည်းကောင်း အသီးသီးတွေ့ဆုံရာတွင်လည်း မြန်မာနိုင်ငံကို ဂျပန်နိုင်ငံက အားပေးကူညီ သွားမည်ဖြစ်ကြောင်း ရှင်ဇိုအာဘေးက ပြောကြားခဲ့သည                                  

No comments:

Post a Comment