Monday, May 13, 2013

မြန်မာ့စီးပွားရေး၊ နိုင်ငံရေးနှင့် အခြေအနေများနှင့်ပတ်သက်၍ အစီရင်ခံစာထုတ်ဝေဖြန့်ချီသွားမည်


          မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မတီ (MIC) နှင့် Oxford Business Group (OBG) တို့မှပူးပေါင်း၍ လက်ရှိ  မြန်မာနိုင်ငံ၏ နိုင်ငံရေး၊  စီးပွားရေးအခြေအနေများအား သုံးသပ်တင်ပြထားသည့် အစီရင်ခံစာ တစ်စောင်အား ပထမဆုံးအကြိမ်အဖြစ် ၂၀၁၃ နှစ်ကုန်ပိုင်းတွင် ထုတ်ဝေကာ ကမ္ဘာ့နိုင်ငံ အသီးသီး သို့ ဖြန့်ချီသွားမည်ဖြစ်ကြောင်း သိရသည်။

           ယခုထုတ်ဝေဖြန့်ချီမည့်  အစီရင်ခံစာတွင်  ၂၀၁၃   ခုနှစ်အတွင်း  မြန်မာနိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုး
တိုးတက်မှု ခြုံငုံသုံးသပ်မှုများ၊ အခြေခံအဆောက်အအုံ တိုးတက်ဖြစ်ထွန်းမှုများ၊နှင့် ဘဏ်စနစ်ဆိုင် ရာများ၊
မြန်မာနိုင်ငံ၏   ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ  အခွင့်အလမ်းများနှင့်  စိန်ခေါ်မှုများ၊    ကျွမ်းကျင်ပညာရှင်များ၏
လေ့လာချက်များဖြင့် သုံးသပ်တင်ပြသွားမည်ဖြစ်ကြောင်း သိရသည်။ 

      ယခု ထုတ်ဝေမည့် အစီရင်ခံစာကို “အစီရင်ခံစာမြန်မာ ၂၀၁၄”ပာု အမည်ပေးထားကြောင်း သိရသည်။

         အစီရင်ခံစာမြန်မာ ၂၀၁၄ ထုတ်ဝေပြီးပါက မြန်မာနိုင်ငံအတွင်း ရင်းနှီးမြှုပ်နှံလိုသည့်နိုင်ငံတကာလုပ်
ငန်းရှင်များအနေဖြင့်  မြန်မာ့နိုင်ငံရေး၊  စီးပွားရေးအခြေအနေများကို  လေ့လာသုံးသပ်  သိရှိသွားနိုင်သည့်
အပြင် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ သတင်းအချက်အလက်များကိုလည်းပေးစွမ်းနိုင်မည်ဖြစ်ကြောင်း သိရသည်။

          မြန်မာနိုင်ငံသည် ကမ္ဘာ့အကြီးဆုံး တရုတ်နှင့် အိန္ဒိယနိုင်ငံအကြားတွင်ရှိသည့်အပြင် သဘာဝသ
ယံဇာတနှင့်  စိုက်ပျိုးထုတ်လုပ်ရေးလုပ်ငန်းများတွင်  အများနိုင်ငံများထက်  သာလွန်သောအနေအထား
တစ်ရပ်တွင်ရှိသော်လည်း ယခင်အစိုးရများ၏ စီမံခန့်ခွဲမှုအားနည်းချက်များကြောင့် အဆောက်အအုံ၊ ရင်းနှီးမြှုပ်နှံမှု၊ လူသားအရင်းအမြစ်နှင့်  ဘဏ်လုပ်ငန်းများမှ အခြားနိုင်ငံများနှင့်နှိုင်းယှဉ်ပါက  နောက်ကျ
နေသေးကြောင်း OBG မှတာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

         လက်ရှိအချိန်တွင် MIC နှင့် OBG တို့မှ  အဆိုပါ အစီရင်ခံစာထုတ်ဝေနိုင်ရန် ၂၀၁၃ ဖေဖော်ဝါရီလ
မှစတင်၍  လုပ်ဆောင်လျက်ရှိပြီး  စက်တင်ဘာလတွင်အပြီးသတ်  ကာနှစ်မကုန်မီထုတ်ဝေ  ဖြန့်ချီသွား
မည်ဖြစ်ကြောင်း သိရသည်။

        ယခု MIC နှင့် ပူးပေါင်း၍ အစီရင်ခံစာထုတ်ဝေမည့် ဗြိတိန်အခြေစိုက် Oxford Business Group (OBG) သည် ၁၉၉၄ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ခြင်းဖြစ်ပြီး နိုင်ငံတကာတွင် လုပ်ကိုင်ဆောင်ရွက်လျက်ရှိသည့် ဘဏ်လုပ်ငန်း၊ အရင်းအနှီးဈေးကွက်၊ အာမခံ၊ စွမ်းအင်၊ပို့ဆောင်ရေး၊ စက်မှုလုပ်ငန်းနှင့် ဆက်သွယ်ရေး စသည့်ကဏ္ဍတို့အား လေ့လာသုံးသပ်၍ ကမ္ဘာ့လုံးဆိုင်ရာ ပုံနှိပ်ထုတ်ဝေရေး၊ သုတေသနနှင့် အတိုင်ပင်ခံ စီးပွားရေးကုမ္ပဏီတစ်ခုဖြစ်ကြောင်း သိရသည်။

No comments:

Post a Comment