Monday, May 13, 2013

လယ်ယာကဏ္ဍဖွံ့ဖြိုးရေးအတွက် IFAD အဖွဲ့မှ သက်သာသောအတိုးနှုန်းဖြင့် ချေးငွေများ ထုတ်ချေးမည်


       အမေရိကန်နိုင်ငံအခြေစိုက် အပြည်ပြည်ဆိုင်ရာ စိုက်ပျိုးရေး ဖွံ့ဖြိုးမှုရန်ပုံငွေအဖွဲ့ (IFAD – International Fund for Agriculture Development)  မှ မြန်မာ့လယ်ယာကဏ္ဍဖွံ့ဖြိုးတိုး တက်ရေး
လုပ်ငန်းစဉ်များတွင်   သက်သာသော   အတိုးနှုန်းထားဖြင့်   ချေးငွေများ   ထုတ်ချေးပေးရန်အတွက်
နိုင်ငံတော်သမ္မတထံ ကမ်းလှမ်းမှုများ ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

          IFAD အဖွဲ့သည် မြန်မာအစိုးရ၏ ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် တောင်သူလယ်သမားများ ဝင်ငွေ
တိုးတက်စေ ရေး၊ လယ်ယာကဏ္ဍဖွံ့ဖြိုးတိုး တက်စေရေးလုပ် ငန်းဆောင်ရွက်နေမှုများကို  အရှိန်မြှင့်တင်
ဆောင်ရွက်နိုင်ရေး  ပထမအဆင့်အနေဖြင့် အမေရိကန်ဒေါ်လာ ၃၆ သန်းအား အတိုးနှုန်းသက်သာစွာဖြင့် ထုတ်ချေးပေးရန် ကမ်းလှမ်းခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

   ဆန်စပါး သီးနှံအပါအဝင် လယ်ယာကဏ္ဍထုတ်ကုန်များကို နိုင်ငံတကာဈေးကွက်၏ စံချိန်စံညွှန်း၊ အရည်အသွေးနှင့်ကိုက်ညီစွာ ထုတ်လုပ်ရောင်းချနိုင်ရေးအတွက် သီးနှံများ အဆင့်မြှင့်ထုတ်လုပ်သည့် နည်းပညာနှင့် ထွက်ကုန်များ အရည်အသွေးမြှင့်တင်သည့် စက်ကိရိယာကဏ္ဍများတွင် IFAD အနေဖြင့် သက်ဆိုင်ရာဌာများနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

   IFAD အဖွဲ့မှ ၎င်းတို့၏ကမ်းလှမ်းချက်များကို နိုင်ငံတော်သမ္မတထံ တင်ပြခဲ့ရာတွင် သမ္မတဦးသိန်းစိန်က အဆိုပါကမ်း လှမ်းချက်အပေါ် ကြိုဆိုပြီး သက်ဆိုင်ရာဝန်ကြီး ဌာနများနှင့် ထိရောက်စွာပူးပေါင်းဆောင်
ရွက်နိုင် ရေးအတွက် ညွှန်ကြားခဲ့ကြောင်း သိရသည်။

        မြန်မာနိုင်ငံ၏ လယ်ယာစိုက်ပျိုးရေးကဏ္ဍတိုးတက်ရေးအတွက် အမေရိကန်မှ နည်းလမ်းသစ်များဖြင့် အကူအညီပေးစေလိုကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်မှ မေလ ၆ ရက်နေ့တွင် USAID အဖွဲ့နှင့်တွေ့ဆုံစဉ်တွင် ဆွေးနွေးပြောကြားခဲ့ကြောင်း သိရှိရသည်။

No comments:

Post a Comment