Monday, May 13, 2013

၂၀၁၅ ခုနှစ်တွင် ဆင်းရဲနွမ်းပါးမှု ၁၀ ရာခိုင်နှုန်း လျော့ချနိုင်ရန်ကြိုးပမ်းမည်

ကျေးလက်နေပြည်သူများနှင့် အခြေခံပြည်သူများသည် မိမိတို့၏ စိုက်ပျိုးရေး၊ မွေးမြူရေး၊ အိမ်တွင်းစီးပွားရေး လုပ်ငန်းများ လုပ်ကိုင်ရန် အရင်းအနှီးမလုံလောက်သည့်အတွက် ပြင်ပမှ ချေးငွေရယူဆောင်ရွက်နေရသောကြောင့် ထိုက်သင့်သည့် အကျိုးမြတ်မရရှိဘဲ မတည်ရင်းနှီးငွေအခက်အခဲတွင် သံသရာလည်နေဆဲဖြစ်ကြောင်း နှင့် ၂၀၁၅ ခုနှစ်တွင် မြန်မာနိုင်ငံ၏ ဆင်းရဲနွမ်းပါးမှုရာခိုင်နှုန်းကို ၂၆ ရာခိုင်နှုန်းမှ ၁၆ ရာခိုင်နှုန်းထိ လျော့ချသွား မည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတဦးသိန်းစိန် က မေလ ၁၂ ရက်နေ့က မန္တလေးမြို့တွင်ကျင်းပသည့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးနှင့် လူမှုစီးပွားဘဝမြှင့်တင်ရေးအခမ်းအနားတွင် ပြောကြားခဲ့သည်။

သမဝါယမ ဝန်ကြီးဌာနမှ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ကျေးလက်နှင့် မြို့ပြအခြေခံပြည်သူများအတွက် အသေးစားချေးငွေ ကျပ် ၅ ဒသမ ၅ ဘီလီယံပေးအပ်ခြင်းနှင့်ကျပ်သိန်းပေါင်း ၃၆၄၅ ကျော်တန်ဖိုးရှိ လယ်ယာသုံး စက်ကိရိယာ ၂၄၉ စီးအား  အရစ်ကျရောင်းချပေးခဲ့သည့်  ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့်  လူမှုစီးပွား  ဘဝမြှင့်တင်ရေး  အခမ်းအနားတွင်
နိုင်ငံတော်သမ္မတမှ ယခုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

တိုင်းပြည်ဖွံ့ဖြိုးရေးအားလုပ်ဆောင်ရာတွင် မြို့ပြနှင့် ကျေးလက်ကွာဟမှုမရှိစေရေးအတွက် ကျေးလက်ဒေသဖွံ့ ဖြိုးရေးနှင့် ဆင်းရဲနွမ်းပါးမှုလျှော့ချရေးလုပ်ငန်းစဉ်  ၈  ရပ်ချမှတ်ပြီး  ဆောင်ရွက်နေရာတွင် ယခုကဲ့သို့ အသေးစား ငွေကြေး
လုပ်ငန်းသမဝါယမအသင်းများ အဆင့်မြှင့်တင်နိုင်ရေးအကောင်အထည်ဖော်ခြင်းသည် လုပ်ငန်းစဉ်တစ်ရပ်ဖြစ်ကြောင်း သမ္မတ
ကြီးမှ ပြောကြားခဲ့သည်။

ယနေ့ထုတ်ချေးခဲ့သော  အသေးစားချေးငွေကျပ်  ၅ ဒသမ ၅ ဘီလီယံကို မန္တလေးတိုင်းဒေသကြီး  အတွင်းရှိကျေး
လက်နှင့် မြို့ပြအခြေခံပြည်သူများအား အနည်းဆုံး ငါးစီပါဝင်သော ဝိုင်ကြီးချုပ်စနစ်ဖြင့် အိမ်ထောင်စု တစ်စုလျှင် ကျပ်တစ်သိန်းအထိ ထုတ်ချေးမည်ဖြစ်ပြီး တိကျမှန်ကန်စွာပြန်လည် ပေးဆပ်သည့် အသင်းသား များကို ကျပ်ငါးသိန်းအထိ ထုတ်ချေးသွားမည်ဖြစ်ကြောင်း သမဝါယမဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်ဆန်းက ပြောကြားခဲ့သည်။

အဆိုပါအခမ်းအနားတွင် သမဝါယမဝန်ကြီးဌာနအနေဖြင့် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ သမဝါယမအသင်း ပေါင်း ၁၇၇၀ မှအသင်းဝင်ပေါင်း ၁၁၉၅၅၃ ဦးအတွက် ချေးငွေစုစုပေါင်း ၅၅၆၀၄ သိန်းအား ထုတ်ချေးပေးခဲ့ ကြောင်းသိရှိရသည်။

No comments:

Post a Comment