Thursday, May 2, 2013

မြန်မာ့ပို့ကုန်ကဏ္ဍမြင့်တက်ရေး အမျိုးသားအဆင့်ပို့ကုန်မပာာဗျူပာာရေးဆွဲမည်

မြန်မာနိုင်ငံ၏ ပို့ကုန်ကဏ္ဍမြင့်တက်လာရေး အမျိုးသားအဆင့်ပို့ကုန်မပာာဗျူပာာရေးဆွဲနိုင်ရေးအတွက် မေလ ၂ ရက်နေ့တွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးရုံး၌ အလုပ်ရုံဆွေးနွေးပွဲတစ်ခုကို ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

ယင်းဆွေးနွေးပွဲကို အပြည်ပြည်ဆိုင်ရာကုန်သွယ်မှုကောင်စီ(ICT)နှင့် စီးပွား/ကူးသန်း ဝန်ကြီးဌာနတို့မှ ပူးပေါင်း စီစဉ်ခြင်းဖြစ်ပြီး နိုင်ငံတကာသံရုံးအသီးသီးမှ စီးပွားရေးသံမှူးများ၊ ပြည်တွင်းရှိ ဝန်ကြီးဌာနများ၊ စီးပွားရေး အသင်းအဖွဲ့များနှင့်သက်ဆိုင်ရာ စီးပွားရေးကိုယ်စားလှယ်များတက်ရောက်မည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ဆွေးနွေးပွဲတွင် နိုင်ငံတစ်ခု၏ ပို့ကုန်တင်ပို့မှု မြင့်တက်လာနိုင်ရေးအတွက် ဈေးကွက်၌ အဓိက ဦးစားပေး တင်ပို့ရမည့် ကုန်ပစ္စည်းများအပေါ်မူတည်၍ အမျိုးသားအဆင့်ပို့ကုန်မပာာဗျူပာာရေးဆွဲနိုင်ရေး၊ မြန်မာနိုင်ငံ၏ အဓိက စီးပွားရေး မူဝါဒဖြစ်သည့် လယ်ယာစိုက်ပျိုးရေးကိုအခြေခံ၍ စက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက် လာစေ ရန်ဆောင် ရွက်၍ နိုင်ငံတကာဈေးကွက်သို့ ပို့ကုန်များတင်ပို့နိုင်ရေးအတွက် အဓိက ဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် မြန်မာနိုင်ငံသည် အစိုးရသစ်လက်ထက်မှစတင်၍ ပြည်ပမှမော်တော်ယာဉ်တင်သွင်းမှုများကို ခွင့်ပြု ပေးခဲ့သည့်အတွက် ပြည်ပမှ မော်တော်ယာဉ်နှင့် မော်တော်ယာဉ်အပိုပစ္စည်းတင်သွင်းမှုများကြောင့် ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ် ကုန်သွယ်မှုကဏ္ဍတွင် သွင်းကုန်ထက် ပို့ကုန်ပမာဏမှာ ပိုမိုများပြားခဲ့ပြီး သွင်းကုန် ကန်ဒေါ်လာသန်း ၉၃၂၀ နှင့် ပို့ကုန် သန်း ၈၉၂၂ သန်းရှိကြောင်း သိရသည်။

No comments:

Post a Comment