Sunday, May 5, 2013

လာမည့်နှစ်တွင် ပညာရေးဘတ်ဂျက် ကိုးဘီလီယံ တိုးမြှင့်မည်


               ယခုလာမည့် ၂၀၁၃ - ၂၀၁၄ ပညာသင်နှစ်၏ ပညာရေးကဏ္ဍတွက် ဘတ်ဂျက်ကို ငွေကျပ်ကိုး ဘီလီယံအထိ တိုးမြှင့်အသုံးပြုသွားမည်ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဒေါက် တာမြအေးကပြောကြားခဲ့သည်။
    အဆိုပါဘတ်ဂျက်ငွေကို အဆင့်မြှင့်ပညာရေးကဏ္ဍနှင့် အခြေခံပညာရေးကဏ္ဍတို့တွင် လိုအပ် သည့် နေရာများ၌ အသုံးပြုသွားမည်ဖြစ်ကာ ဥပမာအားဖြင့် အဆင့်မြှင့်ပညာရေးကဏ္ဍအား အာဆီယံ အဆင့် အတန်းနှင့်အညီ တက္ကသိုလ်များ၏ အရည်အသွေးဆန်းစစ်မှုများပြုလုပ်ရာတွင် အသုံးပြုသွား မည်ဖြစ်ကာ အခြေခံပညာရေးပညာရေးကျောင်းများတွင်လည်း လိုအပ်လျက်ရှိသော ဆရာ၊ ဆရာမ အင်အားကို ဖြည့်တင်းသွားမည်ဖြစ်ကြောင်း သိရှိရသည်။
       ထို့အပြင် အခြေခံပညာ ကျောင်းသား၊ ကျောင်းသူများအတွက် ကျောင်းသားဦးရေနှင့် အဆောက် အအုံများ ညီမျှစေရန် ကျောင်းဆောင်သစ်များ ထပ်မံတိုးချဲ့သွားမည်ဖြစ်ကြောင်း သိရှိရသည်။
        နိုင်ငံတော်မှချမှတ်ပေးထားသော ဘတ်ဂျက်ငွေများကို မြန်မာနိုင်ငံ ပညာရေးစနစ်၏ အား နည်းနေေ သးသောနေရာများတွင် အဓိကထားသုံးစွဲသွားရမည်ဖြစ်ပြီး  နာဂတ်ပညာရေး စနစ် ကာင်းမွန်စေရန် အတွက် ရည်မှန်းကာ  အကောင်အထည်ဖော်ဆောင်ရွက်ရမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဝိဇ္ဇာနှင့် သိပ္ပံပညာ ရှင် အဖွဲ့ဥက္ကဋ္ဌ ဦးသန်းဦးက ပြောကြားခဲ့သည်။
       ထို့သို့ ပညာရေးအသုံးစရိတ်ကို တိုးမြှင့်လိုက်သကဲ့သို့ ပညာရေးဝန်ကြီးဌာန၏ အဆင့်မြှင့်ပညာရေး ကဏ္ဍ ရေရှည်စီမံကိန်းအကောင်အထည်ဖော်မှုတွင်တက္ကသိုလ်ဝင်ခွင့် ရွေးချယ်ရေးစနစ်လည်း ပါဝင် ကြောင်း တက္ကသိုလ်များဗဟိုကောင်စီ အစည်းအဝေးဖွင့်ပွဲတွင် နိုင်ငံတော် ဒုတိယသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းက ပြောကြားခဲ့သည်။
     အဆိုပါစီမံကိန်း လုပ်ငန်းများတွင် အာဆီယံဒေသတွင်းနိုင်ငံများနှင့် ယှဉ်ပြိုင်ရန် ဘွဲ့ကြိုနှင့်ဘွဲ့လွန် သင်တန်းများတွင် ပညာသင်နှစ် တစ်နှစ်တိုးခြင်း၊ ကိုယ်ပိုင်တက္ကသိုလ် ဥပဒေပြဌာန်းခြင်း၊ လွတ်လပ် သော စီမံခန့်ခွဲမှုတည်ဆောက်ခြင်း၊ အဆင့်မြှင့်ပညာအဆင့်တွင် အင်္ဂလိပ်စာဘာသာ တိုးမြှင့်သင် ကြားခြင်းနှင့် စက်မှုအသက်မွေးပညာကဏ္ဍ တိုးမြှင့်ဆောင်ရွက်ရေး တို့ပါဝင်ကြောင်း ၎င်းကထပ်မံ ပြောကြားခဲ့သည်။
       တက္ကသိုလ်ပညာရေးကဏ္ဍတွင် နိုင်ငံခြားတက္ကသိုလ်များနှင့် ဆက်သွယ်ဆောင်ရွက်သော နားလည်မှု စာချွန်လွှာရေးထိုးခြင်းကဲ့သို့သော ကိစ္စများတွင် ဗဟိုဦးစီးချုပ်ကိုင်မှုများကြောင့် အဆင့်ဆင့်ကြန့်ကြာ မှုများရှိနေပြီး တက္ကသိုလ်များအတွက် ဘတ်ဂျက်ခွဲဝေမှုနှင့် သုံးစွဲခွင့်ရရှိထားမှုသည် အကန့်အသတ် များရှိနေသေးကြောင်း ပညာရေးကဏ္ဍ လေ့လာသုံးသပ်ရေးလုပ်ငန်း အတွဲ(၁) အစီရင်ခံတွင် ဖော်ပြ ထားကြောင်း သိရှိရသည်။

No comments:

Post a Comment