Sunday, May 5, 2013

လာမည့် ၂၀၁၅ ရွေးကောက်ပွဲ NLD နိုင်ပါက ညွှန့်ပေါင်းအစိုးရဖွဲ့မည်ဟုဆို


        လာမည့် ၂၀၁၅ ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီအနိုင်ရရှိပါက ညွှန့်ပေါင်း အစိုးရအဖွဲ့အဖြစ် ဖွဲ့စည်းသွားမည်ဖြစ်ကြောင်း NLD ပါတီ၏ဗပာိုအလုပ်အမှုဆောင်အဖွဲ့ဝင်တစ်ဦးက မေလ ၅ ရက်နေ့တွင် ကချင်ပြည် နယ်၊ မြစ်ကြီနားမြို့ YMCA ခန်းမတွင် ပြုလုပ်ကျင်းပခဲ့သော မြန်မာ့ပညာရေးပြုပြင်ပြောင်းလဲမှုနိုင်င်ငံလုံး ဆိုင်ရာကွန်ရက် ၏ ဒေသဆိုင်ရာပညာရေးဆွေးနွေးပွဲတွင် ပြောကြားခဲ့သည်။
  လာမည့် ၂၀၁၅ ရွေးကောက်ပွဲတွင် NLD ပါတီမှလွှတ်တော်ကိုယ်စားလှယ်အများဆုံး အနိုင်ရရှိနိုင်စေရန် လက်ရှိအချိန်တွင် ပြင်ဆင်ဆောင်ရွက်လျက်ရှိပြီး အဆိုပါရွေးကောက်ပွဲများတွင် အနိုင်ရရှိခဲ့ပါက လွှတ်တော်တွင်း ဥပဒေပြု လုပ်ငန်းများကို ဆောင်ရွက်သကဲ့သို့ အုပ်ချုပ်ရေးလုပ်ငန်းများကိုပါဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
  လက်ရှိအချိန်တွင် NLD ပါတီမှ လာမည့်ရွေးကောက်ပွဲများအတွက် မဲဆွယ်ရာတွင် တိုင်းရင်းသား အရေးကိုပါ ဆောင်ရွက်နိုင်ရန်နှင့် ပါတီတွင်းဆုံးဖြတ်ချက်များချမှတ်ရာတွင် အမှားအယွင်းကင်းနိုင်စေရန် တိုင်းရင်းသား အဖွဲ့အစည်းများ နှင့် ဆက်ဆံရေးကော်မတီကို ဧပြီလကုန်တွင် စတင်ဖွဲ့စည်းခဲ့ကြောင်း သိရသည်။
    အဆိုပါကော်မတီတွင် ဒေါ်အောင်ဆန်းစုကြည်မှ ဥက္ကဋ္ဌအဖြစ်ဆောင်ရွက်သွားမည်ဖြစ်ပြီး အဖွဲ့ဝင်များ အဖြစ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးမင်းဦး၊ NLD ဗပာိုအဖွဲ့ဝင်များဖြစ်သည့် ဦးထွန်းထွန်းပိာန်းနှင့် နန်းခင်ထွေးမြင့်တို့က တာဝန် ယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
      ပြီးခဲ့သည့် ၂၀၁၂ ခုနှစ် ဧပြီလ ၁ ရက်နေ့တွင် ပြုလုပ်ကျင်းပခဲ့သည့် လွှတ်တော်တွင်းလစ်လပ် နေရာပြန်လည် ဖြည့်တင်း သည့် ကြားဖြတ်ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီမှ လွှတ်တော်တွင်း လစ်လပ်မဲဆန္ဒ နယ်(၄၅)နေ ရာအနက်(၄၃)နေရာတွင် အနိုင်ရရှိခဲ့ပြီး လွှတ်တော်တွင်း ဒုတိယအင်အား အကြီးဆုံးပါတီ အဖြစ်ဦးဆောင်လျက်ရှိသည်။

No comments:

Post a Comment