Sunday, May 5, 2013

ရွှေသဘာဝစီမံကိန်းအတွက် တောင်းဆိုချက် (၁၂)ချက်အား ဒေသခံများထုတ်ပြန်


       လယ်ယာမြေများကို အဓမ္မသိမ်းယူခြင်း၊ လျော်ကြေးငွေ အပြည့်အဝမပေးခြင်းနှင့် လျော်ကြေးငွေလုံးဝ မပေးခြင်း စသည့်ပြဿနာများ ကြုံတွေ့နေရသည့် ရွှေသဘာဝဓါတ်ငွေ့ပိုက်လိုင်း စီမံကိန်း စတင်ရာ မဒေးကျွန်းရှိ ဒေသခံများမှ စီမံကိန်းကြောင့် ထိခိုက်နစ်နာနေမှုများအတွက် စီမံကိန်း လုပ်ဆောင် နေသည့် CNPC, MOGE နှင့် Daewoo စသည့် ဝန်ကြီးဌာနနှင့် ကုမ္ပဏီများအား တောင်းဆိုချက် ၁၂ ချက်ပါသော ထုတ်ပြန်ချက်အား မေလ ၂ ရက်နေ့ကထုတ်ပြန်ခဲ့ကြောင်း သိရှိရသည်။
      အဆိုပါထုတ်ပြန်ချက်တွင် EIA, SIA စစ်တမ်းပြုလုပ်ထားရှိမှုအား ထုတ်ပြန်ပေးရန်နှင့် စစ်တမ်းပါဝင်မှု မရှိပါက စီမံကိန်းအား ရပ်ဆိုင်းရန်၊ ရေနံနှင့်ရွှေသဘာဝဓါတ်ငွေ့ပိုက်လိုင်း၏ ခိုင်မာမှုအား နိုင်ငံတကာ စံချိန်စံညွှန်းအတိုင်း စစ်ဆေး၍ ခိုင်မာမှုအဆင့်နှင့် အန္တရာယ်ရှိမှုအား ပြည်သူများသို့ အသိပေးရန်၊ ရေနံနှင့် သဘာဝဓါတ်ငွေ့ပိုက်လိုင်း မတော်တဆ ပေါက်ကွဲမှုများ ရခိုင်ကမ်းရိုးတန်းတစ်လျှောက်တွင် ဖြစ်ပေါ်ပါက ပင်လယ်ပြင်သန့်ရှင်းရေးလုပ်ငန်းများ၊  ပျက်စီးသွားမည့် သဘာဝပတ်ဝန်းကျင်၊ သက်ရှိ သတ္တဝါများနှင့် ပျက်စီးဆုံးရှုံးသွားမည့် ဒေသခံတို့၏ အသက်မွေးဝမ်းကြောင်း လုပ်ငန်းများအား အစိုးရနှင့် ကုမ္ပဏီများ၏ တာဝန်ယူ ဖြေရှင်းပေးမည့် အနေအထားအား ကြိုတင်ရှင်းလင်း အသိပေးရန်လိုအပ်ကြောင်း ထုတ်ပြန် ထားသည်။
       ထို့အပြင် ဒေသခံပြည်သူများ၏ သဘာဝပတ်ဝန်းကျင်၊ လူနေမှုဘဝနှင့် ရိုးရာယဉ်ကျေးမှု ဓလေ့ထုံး တမ်းအစဉ်အလာများကို ကာကွယ်ပေးနိုင်သည့် ဥပဒေတစ်ရပ်အား နိုင်ငံတကာစံချိန်စံညွှန်း အတိုင်း ချက် ချင်းအကောင်အထည်ဖော်ပေးရန်၊ ရေနံတင်ဆိပ်ကမ်းတည်ဆောက်ရန် မိုင်းခွဲရာမှ ထွက်ပေါ်လာ သည့်ကျောက်များအား ဒေသခံများ၏ ငါးဖမ်းဧရိယာအတွင်း စည်းကမ်းမဲ့စွာ စွန့်ပစ်ထားမှုများအား ချက်ချင်းရှင်းလင်းရန်၊ ရေနံတင်သင်္ဘောကြီးများ ဝင်ထွက်သွားလာမှုကြောင့် ဒေသခံများ၏ အသက်ေ မွးကျောင်း လုပ်ငန်းဖြစ်သော ငါးဖမ်းလုပ်ငန်းများကို ထိခိုက်လာပါက ဒေသတို့၏ စားဝတ် နေရေး ဖူလုံစေရန် မည်သို့ဆောင်ရွက်ပေးမည်ကို ဒေသခံများအား ကြိုတင်အသိပေးရန်၊ စီမံကိန်းများ အတွက် အဓမ္မသိမ်းယူထားသော လယ်ယာမြေများနှင့် လျော်ကြေးအပြည့်အဝ မရသေးသူများ အ တွက် နိုင်ငံတကာစံနှုန်းအတိုင်း လျော်ကြေးအပြည့်အဝပေးရန် အစရှိသည့်အချက်များကို ထည့် သွင်းတောင်းဆိုခဲ့ကြောင်း သိရသည်။
       ရွှေပိုက်လိုင်းစီမံကိန်းနှင့် ပတ်သတ်၍ တရုတ်နှင့် မြန်မာအကြား ချုပ်ဆိုထားသော သဘောတူစာချုပ် ကို မိမိတို့အနေဖြင့် လေ့လာလိုသောကြောင့် ထုတ်ပြန်ပေးရန်အတွက် တရုတ်အမျိုးသား ရေနံကော် ပိုရေးရှင်း (စီအင်န်ပီစီ) ထံသို့ တောင်းဆိုထားကြောင်း ရခိုင်အမျိုးသား တိုးတက်ရေးပါတီ ဥက္ကဋ္ဌ ဒေါက်တာအေးမောင် ကပြောကြားခဲ့ကြောင်း သိရှိရသည်။

No comments:

Post a Comment