Saturday, May 4, 2013

အမေရိကန်ကော်မရှင် အစီရင်ခံစာက မြန်မာနိုင်ငံပြုပြင်ပြောင်းလဲရေး မအောင်မြင်ဟုဆို



(3 May 2013 ရက်စွဲပါ UPI မှ US report : Myanmar’s reforms are failing ကို ဘာသာပြန်ဆိုပါသည်)
 
         အမေရိကန်အစိုးရကော်မရှင်တစ်ခုက မြန်မာနိုင်ငံအနေဖြင့် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ဘာသာရေးဆိုင်ရာ လွတ်လပ်ခွင့်ကို စနစ်တကျချိုးဖောက်ရာတွင် တာဝန်ရှိသည့် အမည်မည်းစာရင်းဝင် (၁၅) နိုင်ငံတွင် ဆက်လက်ပါဝင်စေရန်ထောက်ခံချက်ပေးခဲ့ပါသည်။

     နိုင်ငံတကာ ဘာသာရေးလွတ်လပ်ခွင့်ကော်မရှင်က ၎င်း၏နှစ်ပတ်လည် အစီရင်ခံစာတွင် မြန်မာအစိုးရ သည် မွတ်ဆလင်အုပ်စုများအပေါ် ခွဲခြားဆက်ဆံ၍ နှိပ်ကွပ်လျက်ရှိနေသေးကြောင်း ဖော်ပြထားပါသည်။ ၎င်း ကော်မရှင်သည် ပါတီနှစ်ခုလုံးအတွက် အကြံပေးဘုတ်အဖွဲ့ဖြစ်ပြီး သမ္မတနှင့် ကွန်ဂရက်က ခန့်အပ် ထားခြင်း ဖြစ်ပါသည်။

         “မြန်မာနိုင်ငံက လက်ရှိအရေးကြီးတဲ့ နိုင်ငံရေးအရပြုပြင်ပြောင်းလဲမှုတွေဟာ ဘာသာရေးလွတ်လပ် ခွင့်နဲ့  ယုံကြည်မှုအခြေအနေတွေ  အရေးတကြီးတိုးတက်လာတာ  မတွေ့ရသေးပါဘူး။”  ဟု ကော်မရှင် က ပြောပါ သည်။

          ရခိုင်ပြည်နယ်မှ ဘာသာရေးအရ ပြင်းထန်သောဖြစ်ရပ်များတွင် အစိုးရ၏ ခန့်မှန်းချက်အရ လူ (၁၉၂) ဦးခန့် သေဆုံးသည်ဟုဆိုသော်လည်း အမှန်တကယ်သေဆုံးသူများမှာ ၎င်း၏ ငါးဆခန့်ရှိသည်ဟု ဆိုခြင်းအပေါ် ကော်မရှင်ကမေးခွန်းထုတ်ခဲ့ပါသည်။

       စာမျက်နှာ ၃၇၁ မျက်နှာပါဝင်သော ကော်မရှင်၏ အစီရင်ခံစာတွင် နိုင်ငံခြားရေးဝန်ကြီးသည် မြန်မာ၊ တရုတ်၊ Eritrea၊ အီရန်၊ မြောက်ကိုရီးယား၊ ဆော်ဒီအာရေဗီးယား၊ ဆူဒန် နှင့် အူဇဘက်ကစ္စတန် စသည့် ရှစ်နိုင်ငံအား အထူးစိုးရိမ်ရသည့် နိုင်ငံများ (Countries of Particular Concern – CPC) အဖြစ် တရားဝင် ပြန်လည်ကြေငြာသင့်ကြောင်း ဖော်ပြထားပါသည်။

        ကော်မရှင်သည် ဘာသာရေးလွတ်လပ်ခွင့်ကို ပြင်းထန်စွာချိုးဖောက်မှုနှင့် ပတ်သက်သော သို့မဟုတ် ခွင့်ပြုသော အစိုးရများကို CPC နိုင်ငံများအဖြစ် အဓိပ္ပါယ်ဖွင့်ဆိုပါသည်။

       အမေရိကန်အစိုးရအနေဖြင့် လက်ရှိအရေးယူပိတ်ဆို့မှုများကို ဆက်လက်ထားရှိသင့်ပြီး၊ ရုတ်သိမ်းပေး ခဲ့သော အရေးယူပိတ်ဆို့မှုများကို ဘာသာရေးလွတ်လပ်ခွင့် ကိစ္စတွင် နိုင်ငံတကာသတ်မှတ်ချက်များ
ပြည့်မှီ သည်အထိ ပြန်လည်ချမှတ်သင့်ကြောင်း ကော်မရှင်ကပြောပါသည်။

        အထူးစိုးရိမ်ရမှုများမှာ ကချင်ပြည်နယ်တွင် စစ်တပ်မှ ဝင်ရောက်မှုများ၌ ခရစ်ယာန်အရပ်သားများ၏ အခြေအနေနှင့် ရခိုင်ပြည်နယ်မှ မွတ်ဆလင်များ၏ အခြေအနေများဖြစ်ကြောင်းကော်မရှင်က ပြောပါသည်။

           ရခိုင်ပြည်နယ်တွင် ရိုဟင်ဂျာလူမျိုး တစ်သိန်းခန့်မှာ လုံခြုံရေးစခန်းများတွင် ဆိုရွားသောအခြေ
အနေ၌ နေထိုင်နေကြရပြီး၊ အစိုးရခန့်မှန်းသော ရိုဟင်ဂျာ ၁၉၀ ကျော်ထက်များစွာပိုမိုကာ ၁၀၀၀ ကျော်
အသတ်ခံခဲ့ရ ပါသည်။

          “ရိုဟင်ဂျာ မွတ်ဆလင်တွေဟာ မြန်မာနိုင်ငံသားအဖြစ် ငြင်းပယ်ခံရပြီး ကျယ်ကျယ်ပြန့်ပြန့်ခွဲခြား ဆက်ဆံမှုကိုခံနေရပါတယ်။ သူတို့ရဲ့ ဘာသာရေးပွဲတွေလှုပ်ရှားမှုတွေကိုလည်း တင်းကြပ်စွာထိန်းချုပ်ပြီး လူမှုရေးအရလည်း ဖိနှိပ်ထားပါတယ်။ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးများက တစ်ခါတစ်ရံ လှုံဆော်ကြပြီး၊ လူအုပ်ကြီး၊ ရဲများ အပါအဝင် ပြည်သူ့စစ်များကလည်း တိုက်ခိုက်မှုများပြုလုပ်ခဲ့ရာ အရေးယူခံရမှု မရှိပါဘူး” ဟု ကော်မရှင်က ပြောပါသည်။

          ယခု အမေရိကန်၏ အစီရင်ခံစာမှာ မြန်မာအစိုးရကော်မရှင်သည် ရခိုင်ပြည်နယ်ကိစ္စကို စုံစမ်းစစ်ဆေး ပြီးအစိုးရက လုံခြုံရေးများတိုးမြှင့်ချထားရန် ထောက်ခံရေးသားထားလာပြီးနောက် ထွက်ပေါ်
လာခြင်းဖြစ်သည် ဟု ဧရာဝတီသတင်းတစ်ပုဒ်တွင် ဖော်ပြထားပါသည်။

         မြန်မာအစိုးရကော်မရှင်သည် အငြင်းပွားဖွယ် ၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေကို ဆက်လက်ကျင့်သုံး ရန် ထောက်ခံတင်ပြခဲ့ပါသည်။

       အဆိုပါ ဥပဒေတွင် ရိုဟင်ဂျာများကို နိုင်ငံသားပြုခွင့်ငြင်းပယ်ထားပြီး နိုင်ငံမဲ့ဖြစ်စေ သည်ဟု ဧရာဝတီ
သတင်းက ဖော်ပြပါသည်။

        သမ္မတဦးသိန်းစိန်သည် နိုင်ငံတကာအကူအညီ၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုနှင့် စီးပွားရေးအရ အရေးယူမှု များ ရုပ်သိမ်းရေးကို ကြိုးပမ်းနေချိန်တွင် အမေရိကန်ကော်မရှင်၏ အစီရင်ခံစာသည် မြန်မာအစိုးရအတွက် ထိခိုက်မှုတစ်ခုဖြစ်ပါသည်။

         ပြီးခဲ့သည့် မတ်လ ၂၀-၂၁ က မြန်မာနိုင်ငံအလယ်ပိုင်း မိတ္ထီလာတွင် ဖြစ်ပွားသော ပြင်းထန်သော
ဖြစ်ရပ်များနှင့်  ပတ်သက်၍ ဗီဒီယိုအား BBC မှ ပြသခဲ့ပါသည်။ အဆိုပါ ဗီဒီယိုတွင် ဘုန်းကြီးများအပါအဝင် ဗုဒ္ဓဘာသာလူအုပ်ကြီးသည် မွတ်ဆလင်များပိုင်သော ဆိုင်များကို ရိုက်နှက်ဖျက်ဆီးမှုများ ပြုလုပ်စဉ် ရဲများက ရပ်ကြည့်နေပုံများပါဝင်ပါသည်။

No comments:

Post a Comment