Saturday, May 4, 2013

K Bank က ကမ္ဘောဒီးယားနှင့် မြန်မာတွင် အသက်အာမခံလုပ်ငန်းအတွက် စဉ်းစား



(4 May 2013 ရက်စွဲပါ Bangkok Post မှ K Bank mulls life insurance niche abroad ကို ဘာသာပြန်ဆို ပါသည်)
 
              ကာဆီကွန်ဘဏ် (K Bank) သည် ၂၀၁၆ ခုနှစ် အာဆီယံဈေးကွက်တစ်ခုတည်းဖြစ်လာချိန်
အတွက် ပြင်ဆင်သည့်အနေဖြင့် ရှေ့မှဦးဆောင်နေရာယူသော မဟာဗျူဟာအရ မြန်မာနှင့် ကမ္ဘောဒီးယား တွင် အသက်အာမခံဝန်ဆောင်မှုပေးနိုင်ရေးရှာဖွေလျက်ရှိပါသည်။

     ဒုတိယဥက္ကဋ္ဌ Krisada Lamsam ကပြောကြားရာတွင် နိုင်ငံခြားတွင် ငွေကြေးဝန်ဆောင်မှု ဖြည့်ဆီးရေး ကို အပြည့်အဝလုပ်ဆောင်ရာတွင် လွတ်လပ်စွာလုပ်ကိုင်ရန်မလွယ်ကြောင်း၊ ဒေသတွင်းပြင်းထန်သော ပြိုင်ဆိုင်မှုနှင့် စည်းမျဉ်းဥပေဒများကြောင့် ဖြစ်ကြောင်း၊ ထို့ကြောင့် မည့်သည့်နယ်ပယ်တွင် လုပ်ကိုင်ရမည် ဆိုသည်ကို ဆုံးဖြတ်ရန်လိုအပ်ကြောင်း ဆိုပါသည်။

          K Bank သည် ဇန်နဝါရီလက ရန်ကုန်တွင် ကိုယ်စားလှယ်ရုံးဖွင့်လှစ်ပြီး မြန်မာနိုင်ငံတွင် အာမခံ လုပ်ငန်းအတွက် အခွင့်အလမ်းရှာခဲ့သည်ဟု ၎င်းကဆိုပါသည်။

          မကြာသေးမီနှစ်များအတွင်း ကမ္ဘောဒီးယားတွင် ငွေကြေးဝန်ဆောင်မှုနှင့် ပတ်သက်သော စည်းမျဉ်းများ ဖြေလျှော့ခဲ့မှုကြောင့် K Bank ကမျက်စိကျခဲ့ပါသည်။

          K Bank သည် ထိုင်းနိုင်ငံတွင် အကြီးဆုံးဘဏ်ဖြစ်ပြီး၊ Maung Thai အသက်အာမခံ၏ အဓိကရှယ်ယာ ရှင်ဖြစ်ပါသည်။

          ၎င်းသည် Maung Thai Fortis Holding ၏ ၅၁% ကိုပိုင်ဆိုင်ပြီး ထို့ကြောင့်  Maung Thai အသက်အာမခံတွင် ၇၅% ပါဝင်ပါသည်။

          ၎င်းသည် ယင်း၌ငွေစာရင်းရှိသူ ၁၀.၉ သန်းအနက် ၄၅% က နှစ်နှစ်အတွင်း Maung Thai အသက်အာမခံ ပေါ်လစီကျင့်သုံးရန်မျှော်မှန်းထားပါသည်။

          ပထမကွာတားအတွက် K Bank ၏ အသားတင်ဝန်ဆောင်မှုနှင့် အခြားဝင်ငွေသည် ပြီးခဲ့သည့်နှစ်က ထက် တက်လာပြီး (၇.၁၄) ဘီလီယံဘတ်ရှိခဲ့ပါသည်။ ၎င်းသည် SET စာရင်းဝင်ဘဏ်ဖြစ်ပြီး K Bank ၏ ဝင်ငွေကို ခြုံငုံကြည့်ပါက မနှစ်ကထက် ၂၈.၅% တက်လာပြီး (၃၃) ဘီလီယံဘတ်ရှိခဲ့ပါသည်။ 

          SET ယမန်နေ့က ပိတ်သိမ်းချိန်တွင် K Bank ရှယ်ယာသည် ၂၀၇ ဘတ်ရှိပြီး၊ (၆၆၃) သန်း ဘတ် အရောင်းအဝယ်ဖြစ်ခဲ့ပါသည်။

No comments:

Post a Comment