Saturday, May 4, 2013

မြန်မာနိုင်ငံ၏သတင်းမီဒီယာအခန်းကဏ္ဍာအပေါ်ဝန်ကြီးတစ်ဦးကပြောကြား



         

                                              Photo Credit by Interaksyon 
 မြန်မာနိုင်ငံ၏ သတင်းမီဒီယာအပေါ်လွတ်လပ်စွာ လုပ်ကိုင်ခွင့်ပြုခြင်းထက်ဘက်ပေါင်းစုံကျကျ အခြေခံမီဒီယာပုံစံဖြင့် ပုံဖော်သွားရန်ပိုမို ကောင်းမွန်စေကြောင်း ပြန်ကြားရေးဝန်ကြီးဌာနပြည်ထောင်စု
ဝန်ကြီးဦးအောင်ကြည်မှ   မေ (၃) ရက်နေ့ ရန်ကုန်မြို့ Park  Royal Hotel  ပြုလုပ်သော အပြည်ပြည်
ဆိုင်ရာသတင်း လွတ်လပ်ခွင့်အထိမ်းအမှတ်ပွဲ ကျင်းပသောအခမ်းအနားတွင် ပြောကြားခဲ့သည်။

             ယင်းအခမ်းအနားကို UNESCO  မှတာဝန်ရှိသူများ ၊   အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်(NLD)ပါတီ
၏ဗဟိုလုပ်အမှုဆောင်နာယကအဖွဲ့ဝင်ဦးဝင်းတင်၊  မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီ နှင့် မြန်မာ နိုင်ငံသတင်း
စာဆရာများအသင်း မှတာဝန်ရှိသူများတက်ရောက်လာကြသည်။
                  မြန်မာနိုင်ငံသည်ဒီမိုကရေစီပြုပြင်ပြောင်းလဲရေး(၂)နှစ်တာကာလအတွင်းလူမျိုးစုပြဿနာများစွာကို
ကိုင်တွယ် ဖြေရှင်းနေခဲ့ ရပြီးနောက်ဘက်ပေါင်းစုံ ကျသော မီဒီယာပုံစံ (Social Responsibility Model )
ကိုကျင့် သုံး ခြင်းသည့်သတင်းမီဒီယာအပေါ်လွတ်လပ်စွာလုပ်နိုင်ခွင့်ပုံစံ (Libertarian Model) ကိုလက်ခံ
အသုံးပြုခြင်းထက်ပိုပြီးထိရောက်မှုရှိလာနိုင်သည်။

          ထိုသို့ဖြစ်ပေါ်လာစေရန်အစိုးရနှင့် ပြည်သူအားပေါင်းကူးပေးနေသူများ ၊ မြုပ်ကွယ်နေသောသတင်း
သမားများ ၊  စာနယ်ဇင်းကောင်စီနှင့် အရပ်ဘက်လူမှုရေးအဖွဲ့အစည်းများ ကလည်းပူးပေါင်းဆောင်ရွက်
ပေးစေ လိုကြောင်း   ထိုကြောင့်ပြုပြင်ပြောင်းလဲရေး   လုပ်ကိုင်နေသောအချိန် ၊ ဒီမိုကရေစီလမ်းစဉ်ကို
ဖော်ဆောင်ရာ တွင်မီဒီယာ၏ အခန်းကဏ္ဍသည်အရေးကြီးပါဝင်သည်။

           ယခင်ကစစ်အာဏာရှင်လက်ထက်တွင် အစိုးရသည်မီဒီယာအားဝါဒဖြန့် တိုက်တွန်းနှိုးဆော်ရေးနှင့် အသိပညာ ပေးရေးအတွက် သက်သက်တစ်ခုအဖြစ်သာအသုံးချခဲ့သည်။

        ယခုပြောင်းလဲမှု ဆောင်ရွက်နေသော အချိန်အခါတွင်မီဒီယာက အစိုးအားဝေဖန်ထောက် ပြလာခြင်း
လူအခွင့် အရေးများကို တာင်းဆိုခြင်းကိုကာကွယ် စောင့်ရှာက်ခြင်း ပြည်သူအရေးကို အသိပေးသူအဖြစ် လူထုနှင့်အစိုးရအကြားပေါင်းကူးတံတားအဖြစ်ဆောင်ရွက်ခြင်းများကိုလုပ်ဆောင်လာကြောင်းပြောကြားသည်။

         ယခင်ပြန်ကြားရေး ဝန်ကြီးဦးကျော်ဆန်း လက်ထက်တွင်မီဒီယာလွတ်လပ်ခွင့်အား ချုပ်ကိုင်လွှမ်းမိုးမှု
များရှိခဲ့သော်လည်း လက်ရှိဝန်ကြီးဦးအောင်ကြည်သည် စာပေစိစစ်ရေးဖျက်သိမ်းခြင်း၊ သတင်းစာများ
ကိုလွတ်လပ်စွာထုတ်ဝေ ခွင့်ပြုခြင်း တို့ကြောင့်   မြန်မာနိုင်ငံ၏ မီဒီယာကဏ္ဍမှာ တိုးတက်မြင်သာမှု များစွာ ရှိနေကြောင်းသိရသည်။

No comments:

Post a Comment