Friday, May 3, 2013

သမ္မတဦးသိန်းစိန် ဝါရှင်တန်သို့ သွားရောက်မည်

မြန်မာနိုင်ငံသမ္မတ ဦးသိန်းစိန်သည် အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီမြို့တော်သို့ မေလ ၂ဝ ရက်နေ့ဝန်းကျင် တွင် သွားရောက်လည်ပတ်နိုင်ဖွယ်ရှိကြောင်း AFP သတင်းဌာနဖော်ပြချက်အရ သိရသည်။

နိုင်ငံတော်သမ္မတဦးသိန်းစိန်သည် နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်နှင့် သမ္မတရုံးဝန်ကြီး ဦးစိုးသိန်းတို့အပြင် အခြားသော ထိပ်တန်းခေါင်ဆောင်များလိုက်ပါပြီး ဝါရှင်တန်ဒီစီိသို့ မေလ ၁၈ ရက်နေ့ ရောက်ရှိမည်ဖြစ်ကြောင်း သိရသည်။

ယခုကဲ့သို့ နိုင်ငံတော်သမ္မတဦးသိန်းစိန်၏ အမေရိကန်ခရီးစဉ်အတွင်း အမေရိကန်သမ္မတအိမ်ဖြူတော်သို့သွားရောက် ၍ အမေရိကန်သမ္မတ အိုဘားမားနှင့် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။ အမေရိကန်သမ္မတ ဘားရက် အိုဘားမားသည် မြန်မာနိုင်ငံသို့ ပြီးခဲ့သည့်နိုဝင်ဘာလက သွားရောက်ခဲ့ပြီးနောက်ပိုင်း ယခုကဲ့သို့ နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ၏ အမေရိကန်ခရီးစဉ် ပေါ်ပေါက်လာခဲ့ခြင်းဖြစ်ကြောင်း နိုင်ငံရေးလေ့လာနေသူများက သုံးသပ်ပြောကြားသည်။

ထို့ပြင် နိုင်ငံတော်သမ္မတရုံး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းကလည်း ဧပြီလအတွင်း အမေရိကန် နိုင်ငံ နယူးယောက်မြို့သို့ သွားရောက်ခဲ့သေးကြောင်း သိရသည်။

ထို့ပြင် နိုင်ငံတော်သမ္မတဦးသိန်းစိန် ဝါရှင်တန်မြို့တော်သို့ ရောက်ရှိနေစဉ်အတွင်း အမေရိကန်အစိုးရမှ မြန်မာနိုင်ငံ အား အင်္ဂလိပ်အခေါ်အဝေါ် Burma ဟု ခေါ်ဆိုနေရာမှ မြန်မာအစိုးရခေါင်းဆောင်များ လိုလားသည့်အတိုင်း Myanmar ဟု ပြောင်းလဲခေါ်ဝေါ်ရန် စဉ်းစားလျှက်ရှိကြောင်း အမေရိကန်လွှတ်တော် အသိုင်းအဝန်းမှ ရရှိသော သတင်းများအရ သိရှိရသည်။

သမ္မတဦးသိန်းစိန်သည် ပြီးခဲ့သည့်နှစ်နိုဝင်ဘာလတွင် အမေရိကန်ပြည်ထောင်စုနယူးယောက်မြို့သို့သွားရောက်ခဲ့ ခြင်းမှာ ကုလသမဂ္ဂညီလာခံ တက်ရောက်ရန်အတွက်သာ ဖြစ်သောကြောင့် ယခုခရီးစဉ်သည် ၁၉၆၆ ခုနှစ်နောက်ပိုင်း မြန်မာ နိုင်ငံ၏ ခေါင်းဆောင်တစ်ဦး ဝါရှင်တန်ဒီစီမြို့တော်သို့ ပထမဆုံးအကြိမ် လာရောက်လည်ပတ်သော ခရီးစဉ်တစ်ခုဖြစ်လာမည် ဖြစ်ကြောင်း သိရှိရသည်။

No comments:

Post a Comment