Saturday, May 18, 2013

အမေရိကန်မှ မြန်မာနိုင်ငံအတွက် ၂၀၁၄ဘဏ္ဍာရေးနှစ်၌ ကန်ဒေါ်လာ ၇၅ ဒသမ ၄သန်း သုံးစွဲမည်


            အမေရိကန်နိုင်ငံ၏ ၂၀၁၄ ဘဏ္ဍာနှစ်အတွက် အရှေ့အာရှနှင့် ပစိတ်ဖိတ်ဒေသဆိုင်ရာဘတ်ဂျက်
တောင်း ခံလွှာတွင်  မြန်မာနိုင်ငံအတွက် အမေရိကန်ဒေါ်လာ ၇၅ ဒသမ၄သန်းအား အသုံးပြုသွားမည်
ဖြစ်ကြောင်း မေလ ၁၇ ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့သည်။

 
             အမေရိကန်အစိုးရအနေဖြင့်  ယခုထောက်ပံ့မည့်ငွေများကို  မြန်မာနိုင်ငံ၏  နိုင်ငံရေး၊ စီးပွားရေး
ပြုပြင်ပြောင်းလဲရေး  လုပ်ငန်းစဉ်များနှင့် နိုင်ငံတွင်း တရားဥပဒေစိုးမိုးရေး၊  လူ့အခွင့်အရေး ကာကွယ်ပေး
ရေးနှင့် ခိုင်မာသော အရပ်ဘက် လူ့အဖွဲ့အစည်းများ ပေါ်ပေါက်လာရေး စသည့်ကဏ္ဍများတွင် အသုံးပြုသွားမည်ဖြစ်ကြောင်း ကြေညာချက်တွင် ဖော်ပြပါရှိသည်။

         ထို့ပြင် မြန်မာနိုင်ငံအတွင်း လာမည့် ၂၀၁၅ ခုနစ်၌ ပြုလုပ်ကျင်းပမည့် အထွေထွေရွေးကောက်ပွဲ ကို ဒီမိုကရေစီစံနှုန်းများနှင့် အညီကျင်းပနိုင်စေရေးအတွက်လည်း အမေရိကန်နိုင်ငံအနေဖြင့် (USAID) အဖွဲ့မှတစ်ဆင့်  အကူအညီေ ပးသွားမည်ဖြစ်သည့်အပြင်  ပြည်တွင်းငြိမ်းချမ်းရေး၊   ပဋိပက္ခချုပ်ငြိမ်း
ရေးနှင့်  ပြည်တွင်းစစ်ဘေးဒဏ်သင့် ပြည်သူများအတွက်လည်း လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများကိုပါ ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။

        ဖွံ့ဖြိုးဆဲနိုင်ငံများအား အကူအညီပေးရန် အမေရိကန်နိုင်ငံမှ တိုးမြှင့်လိုက်သည့် ဘတ်ဂျက်သည် ၂၀၁၂ ထောက်ပံ့မှုနှင့် နှိုင်းယှဉ်လျှင် ၃ ဆခန့်ထိုးတက်လာပြီး အဆိုပါ ဘတ်ဂျက်ကို အမေရိကန်၏ အာရှချိန်ခွင်  လျှာညှိရေးမူဝါဒအရ  ဒေသတွင်းလုံခြုံရေး၊  ပူးပေါင်းဆောင်ရွက်မှုခိုင်မာရေး၊  စီးပွားရေး
ပေါင်းစည်းမှုနှင့် ကုန်သွယ်မှုမြှင့်တင်ရေး၊ မဲခေါင်မြစ်အောက်ပိုင်းဒေသဖွံ့ဖြိုးမှုတိုးမြှင့်ရေး၊ ဒီမိုကရေ စီဖော်ဆောင်မှု  ထောက်ပံ့ကူညီရေးနှင့် လက်ကျန်စစ်ပွဲပြဿနများ  ဖြေရှင်းဆောင်ရွက်ရေး  အချက်များ အပေါ် မူတည်၍ သတ်မှတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

       မြန်မာနိုင်ငံသည် အစိုးရသစ်လက်ထက်မှစတင်၍ နိုင်ငံရေး၊ စီးပွားရေး ပြုပြင်ပြောင်းလဲမှုများကို လုပ်ဆောင်ပြသ  ခဲ့သည့်အတွက်  မြန်မာနိုင်ငံအားနှစ်ပေါင်းများစွာ  စီးပွားရေးပိတ်ဆို့အရေး  ယူမှုပြုလုပ်ခဲ့
သည့် အမေရိကန်နိုင်ငံမှ ဖြေလျော့မှုများပြုလုပ်ပေးခဲ့သည့်အပြင် ၂၀၁၂ ဘဏ္ဍာနှစ်မှ စတင်၍ မြန်မာနိုင်ငံ
၏ ပြုပြင် ပြောင်းလဲရေးလုပ်ငန်းစဉ်များအတွက် အမေရိကန်ဒေါ်လာ ၂၈ ဒဿမ ၈ သန်းကိုထောက်ပံ ကူညီပေးခဲ့ကြောင်း သိရသည်။

          ထို့ပြင် အမေရိကန်အစိုးရနှင့် US-AID အဖွဲ့တို့မှ မြန်မာနိုင်ငံအား ထောက်ပံ့ကူညီပေးမည့်ငွေကြေး
များသည်   အမေရိကန်-မြန်မာ  နှစ်နိုင်ငံဆက်ဆံရေးတစ်လျောက်တွင်  ပမာဏအများဆုံးပေး  အပ်ခဲ့ခြင်း
ဖြစ်ပြီး အဆိုပါထောက်ပံ့မှုများကို G to G  ( Government to Govenment )   စနစ်အရ နိုင်ငံအစိုးရ
အချင်း ချင်းသာမက လူမှုအရက်ဘက်အဖွဲ့အစည်း(NGO)များအတွက်လည်း သုံးစွဲသွားမည်ဖြစ်ကြောင်း
နိုင်ငံတော်သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေးက ပြောကြားသည်။

            အမေရိကန်နိုင်ငံ သမ္မတအိုဘားမား၏ဖိတ်ကြားချက်အရ မြန်မာနိုင်ငံတော် မေလ ၁၇ ရက်နေ့
ညပိုင်းတွင် နိုင်ငံတော်သမ္မတဦးသိန်းစိန်၏ ပထမဆုံးအကြိမ် သမိုင်းဝင်အမေရိကန်ခရီး စဉ်ကိုစတင် လိုက်ပြီဖြစ်ကြောင်း သိရသည်။

   ထို့ပြင် မေလ ၂၀ ရက်နေ့တွင် နိုင်ငံတော်သမ္မတဦးသိန်းစိန်နှင့် အမေရိကန်သမ္မတ အိုဘားမားတို့ တွေ့ဆုံဆွေးနွေးမှုများပြုလုပ်၍ စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ စာချုပ်များကို သဘောတူလက်မှတ်ရေးထိုး သွားနိုင်ဖွယ်ရှိသည့်အပြင် အမေရိကန်အစိုးရ၏မြန်မာနိုင်ငံအပေါ်ထောက်ပံ့
ငွေတိုးမြှင့်ရေး အစီအစဉ်များနှင့်ပတ်သက်၍ လည်း ဆွေးနွေးသွားဖွယ်ရှိကြောင်း သိရသည်။

No comments:

Post a Comment