Saturday, May 18, 2013

ရှမ်းမြောက်တိုက်ပွဲများကြောင့် ရှောင်တိမ်းခဲ့သည့် ဒုက္ခသည်များ နေရပ်သို့ပြန်ပြီ


        အစိုးရ၏ တပ်မတော်နှင့် ရှမ်းတပ်မတော်(RCSS/SSA) တို့၏ တိုက်ပွဲဖြစ်ပွားမှုများကြောင့်လွတ်ရာ သို့ထွက်ပြေးတိမ်းရှောင်ခဲ့သောရှမ်းမြောက်စစ်ဘေးရှောင်ဒုက္ခသည်များ နေရပ်သို့ပြန်လည် ရောက်ရှိသွားပြီ
ဖြစ်ကြောင်း နမ့်ခမ်းမြို့နယ်ရှိ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာစိုင်းအုံက ပြောကြားသည်။

         အဆိုပါရောက်ရှိလာသည့် ဒုက္ခသည်များအား အစိုးရမှ ဆေးဝါးစောင့်ရှောက် မှုပေးခြင်း၊ ဆန်များဝေ ငှပေးခြင်းနှင့်ပျက်စီးနေအိမ်များကိုလည်း ပြန်လည်ပြုပြင်ပေးခြင်းများ ဆောင်ရွက်လျက်ရှိသည့်
အပြင် ရွှေလီမြစ်ကူးတို့ဆိပ်ကိုလည်း ပြန်လည်ဖွင့်လိုက်ပေးလိုက်ပြီဖြစ်ကြောင်း သိရသည်။

       ပြီးခဲ့သည့် မေလ ၁၅ ရက်နေ့ထုတ် နိုင်ငံပိုင်သတင်းစာများ၌ မေလ ၁၃ ရက်နေ့တွင် နမ့်ခမ်းမြို့ နယ်၊ နောင်မပာာကျေးရွာအနီးရှိ မြန်မာ့ရေနံနှင့် အလုပ်စခန်းနေရာသို့ အမည်မသိလက်နက်ကိုင်အဖွဲ့မှ ဝင်ရောက်ပစ်ခတ်မှုမှာ RCSS/SSA အဖွဲ့မှဖြစ်ပြီး ယင်းသို့ပစ်ခတ်မှုများကြောင့် အမျိုးသားနှစ်ဦး၊ အမျိုးသားတစ်ဦး ထိမှန်ဒဏ်ရာရခဲ့သည့်အပြင် ဦးမင်းဒင်(၃၈)နှစ်နှင့် ဦးစိုင်းဇာအောင် (၃၂) တို့မှာ  သေဆုံးခဲ့ရကြောင်း စွပ်စွဲဖော်ပြမှုများအပေါ် SSA အဖွဲ့က ၎င်းတို့မပာုတ်ကြောင်း ရှမ်းပြည် တပ် မတော် ( RCSS/SSA )    ဥက္ကဋ္ဌ  ဒုတိယဗိုလ်ချုပ်ကြီး ရွက်ဆစ်နှင့်ထိပ်ပိုင်းခေါင်းဆောင်များက ပြန်လည်
ငြင်းဆိုခဲ့သည်။

        ထို့ပြင် ပြီးခဲ့သည့် မေလ ၁၁ ရက်နေ့တွင် ပြည်ထောင်စုငြိမ်းချမ်းရေးလုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ ဦးသိန်းဇော် အဖွဲ့နှင့် SSPP/SSA အဖွဲ့မှ ဒုတိယဥက္ကဋ္ဌ ဦးစဝ်ခေးတိုင်း ဦးဆောင်သော အဖွဲ့တို့မှ တွေ့ဆုံဆွေးနွေးမှုများပြုလုပ်၍ အချက် ၄ ချက်ပါ ကြေညာချက်တစ်စောင်ကို ထုတ်ပြန်ကြေ ညာခဲ့သည်။

     အဆိုပါ ကြေညာချက်တွင် ယခင်ဆွေးနွေးခဲ့ပြီးဖြစ်သည့် ပြည်ထောင်စုအဆင့် ပြည်နယ်အဆင့်မှ သဘောတူညီချက်များအား နှစ်ဖက်စလုံးမှ အလေးအနက်ထားဆောင်ရွက်ရန်၊ တပ်မတော်နှင့် SSPP/SSA တပ်ဖွဲ့များ တပ်ဖြန့်ခွဲမှု၊ တပ်လှုပ်ရှားမှုများနှင့်ပတ်သက်၍ ငြိမ်းချမ်းစွာအတူတကွ ညှိနှိုင်းဖြေ ရှင်းရန် ၊ ပြည်သူများအပေါ်  ဝန်ထုတ်ဝန်ပိုးဖြစ်စေမည့် ဥပဒေမဲ့လုပ် ရပ်များအားရှောင်ရှားရန်၊နှစ်ဖက်သံသယ
ဖြစ်ဖွယ်ကိစ္စရပ်များနှင့် ပြဿနာဖြစ်ဖွယ်ရာ ကိစ္စရပ် များပေါ်လာပါက နှစ်ဖက်ကိုယ်စားလှယ်များ အမြန်
ဆုံးတွေ့ဆုံ၍ ပွင့်လင်းမြင်သာမှုရှိစွာ ညှိနှိုင်းအဖြေ ရှာရန် သဘောတူညီခဲ့ကြောင်း သိရသည်။

     ထို့ပြင် အစိုးရနှင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ရ ရှိပြီးဖြစ်သည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့် နိုင်ငံရေးပါတီများအကြား လွတ်လပ်စွာဆက်သွယ်ပြောဆို
ဆွေးနွေးမှုများပြုလုပ်နိုင်ရန် ယခင်အစိုးရလက်ထက်ကပင် ပြဋ္ဌာန်းထားရှိသည့် မတရားအသင်းဆက်သွယ်
မှု ဥပဒေပုဒ်မ ၁၇/၁ ကိုပယ်ဖျက်ပေးရန်အချက်အပါအဝင် အချက်(၁၂)ချက်ကို ရှမ်းပြည်တပ် မတော် တောင်ပိုင်း(SSA)နှင့် ရှမ်းတိုင်းရင်းသားခေါင်းဆောင်များက မေလ ၁၃ ရက်နေ့တွင် ရန်ကုန်မြို့ရှိ ငြိမ်းချမ်းရေးပြန်လည် ထူထောင်ရေး လုပ်ငန်း ဗပာိုဌာန(MPC)၌ ကျင်းပပြုလုပ် ခဲ့သော ပြည်ထောင် စုငြိမ်းချမ်းရေးလုပ်ငန်းကော်မတီဒုဥက္ကဋ္ဌ ဦးအောင်မင်းနှင့် ရှမ်းပြည်တပ်မတော်တောင်ပိုင်း(SSA)မှ တာဝန် ရှိသူတို့၏ တွေ့ဆုံဆွေးနွေးပွဲတွင် တောင်းဆိုခဲ့ကြောင်း သိရသည်။

     အစိုးရနှင့် အပတ်အခတ်ရပ်စဲရေး သဘောတူညီချက် ရရှိပြီးဖြစ်သည့် SSA အဖွဲ့နှင့် တပ်မတော်တို့သည် ပြီးခဲ့သည့် ဖေဖော်ဝါရီလပိုင်းမှစတင်၍ တိုက်ပွဲများပြန်လည်ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး မေလ ၉ ရက်နေ့တွင် ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် နောင်မကျေးရွာတွင် အခြေစိုက်လှုပ် ရှားလျက်ရှိသော SSA တောင်ပိုင်းတပ်ဖွဲ့ဝင်များ၏ တပ်စခန်းတစ်ခုကို အစိုးရတပ်မှ လက်နက်ကြီး များအသုံးပြု၍ ထိုးစစ်ဆင်တိုက်ခိုက် သိမ်းပိုက်ခဲ့ကြောင်း သိရသည်။

No comments:

Post a Comment