Saturday, May 18, 2013

အစိုးရနှင့် KIO တို့၏ ငြိမ်းချမ်းရေးဆွေးနွေးပွဲထပ်မံရွှေ့ဆိုင်း


            အစိုးရ၏ ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့နှင့် ကချင်လွတ်မြောက်ရေး တပ်မတော်
(KIO) တို့၏ ကချင် ပြည်နယ်၊ မြစ်ကြီးနားမြို့၌  တွေ့ဆုံရန်  အကြိမ်ကြိမ်ရွှေ့ဆိုင်းခဲ့ရသည့်   ငြိမ်းချမ်းရေး
ဆွေးနွေး ပွဲကို ယခင် မေလ နောက်ဆုံး ပတ်မှ ဇွန်လ ပထမပတ်သို့ ထပ်မံရွှေ့ဆိုင်းလိုက်ပြီဖြစ်ကြောင်း သိရသည်။

         ထို့ပြင် လာမည့်ဇွန်လ ပထမပတ်တွင်တွေ့ဆုံမည့် အစိုးရနှင့် KIO တို့၏ငြိမ်းချမ်းရေးဆွေးနွေးပွဲတွင်
ပြည်ပ လေ့လာ သူများကို ဖိတ်ကြားတော့မည်မပာုတ်ဘဲ ပြည်တွင်းရှိ အခြားတိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ဝင်များကိုသာ တက်ရောက်ရန် ဖိတ်ကြားသွားမည်ဖြစ်ကြောင်းနှစ်ဖက်သဘောတူချက် ရရှိခဲ့သည်။

     အဆိုပါ ဆွေးနွေးပွဲမှတစ်ဆင့် အစိုးရနှင့် KIO အကြားအပြုသဘောဆောင်သည့် သဘောတူ ညီချက်တစ်ခုရရှိနိုင်စေရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့မှ ဒုဥက္ကဋ္ဌ ဦးအောင်မင်းက ပြောကြားသည်။

            လက်ရှိအချိန်တွင် ပြည်ထောင်စုငြိမ်းချမ်း  ရေးဖော်ဆောင်ရေး အဖွဲ့နှင့် KIO တို့၏ ငြိမ်းချမ်းရေး
ဆွေးနွေးမည့်ရက် အတိအကျထုတ်ပြန်ခြင်းမ ရှိသေးသော်လည်း ဆွေးနွေးရန်  ကချင်ပြည်နယ်မြစ်ကြီးနား
မြို့ မနောကွင်းရှိ မဂျွယ်ခန်းမတွင် ပြင်ဆင်ဆောင်ရွက်ထားပြီးဖြစ်ကြောင်း ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့ PCG မှ ဦးဆန်းအောင်က ပြောကြားသည်။

       ကချင်လွတ်မြောက်ရေးတပ်မတော်KIO နှင့် ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့တို့သည်
ဖေဖော်ဝါရီလ  ၄  ရက်နေ့တွင်  တရုတ်နိုင်ငံအား  လေ့လာသူအဖြစ်   ဖိတ်ကြား၍   တရုတ်နိုင်ငံ၊ ရွှေလီ
မြို့၌ တွေ့ဆုံဆွေးနွေးမှုများပြုလုပ်ကာ စစ်ရေးအရှိန်လျှော့ချနိုင်ခဲ့ပြီး မတ်လ ၁၁ ရက်နေ့၌ ထပ်မံတွေ့ဆုံဆွေးနွေးမှုများပြုလုပ်ရာတွင် တရုတ်နိုင်ငံ၏ ဝင်ရောက်စွက်ဖက် ဖိအားပေးမှုများကြောင့် အချိန်ကြန့်ကြာမှုများဖြစ်ပေါ်ကာ နောက်တစ်ရက်ကူးသည်ထိတိုင် ဆွေးနွေးအပြီး နှစ်ဖက်သဘောတူညီမှု
ကြေညာချက် ငါးရပ်ကို ထုတ်ပြန်နိုင်ခဲ့သည်။

           ထို့ပြင် ပြီးခဲ့သည့်  အစိုးရနှင့်  KIO တို့ ဧပြီလ  ၆ ရက်နေ့တွင်  ပြည်ပလေ့လာသူများအဖြစ် အမေရိကန်၊  ဗြိတိန်၊  ဥရောနိုင်ငံတို့အား  ဖိတ်ကြားကာ  ပြည်တွင်း၌  ပထမဆုံးအကြိမ်အဖြစ်   ငြိမ်းချမ်း
ရေးတွေ့ဆုံဆွေးနွေးမှုများပြုလုပ်ရန် စီစဉ်ဆောင်ရွက်ရာတွင် တရုတ်နိုင်ငံမှ ကန့်ကွက်ခဲ့သည့် အတွက် အကြိမ်ကြိမ် ရက်ရွှေ့ဆိုင်းခဲ့ရကြောင်း သိရသည်။

No comments:

Post a Comment