Thursday, May 9, 2013

လက်ကျန်နိုင်ငံရေးအကျဉ်းသားများစိစစ်ရေးကော်မတီတိုးချဲ့ ပြင်ဆင်ဖွဲ့စည်း


နိုင်ငံတော်သမ္မတရုံးမှ လက်ရှိအကျဉ်းထောင်အသီးသီးတွင် ပြစ်ဒဏ်ကျခံလျက်ရှိသော နိုင်ငံရေးအကျဉ်းသား များအား လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လည်လွှတ်ပေးနိုင်ရေး စိစစ်ဆောင်ရွက်နိုင်ရန် အစိုးရဝန်ကြီးဌာနကိုယ်စားလှယ်များ၊ အရပ်ဘက် လူမှုရေးအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များနှင့် နိုင်ငံရေးပါတီအချို့တို့မှ ကိုယ်စားလှယ်များပါဝင်သော လက်ကျန်နိုင်ငံရေး အကျဉ်းသားများ စိစစ်ရေးကော်မတီကို တိုးချဲ့ပြင်ဆင်ဖွဲ့စည်းလိုက်ကြောင်း အမိန့်ကြော်ငြာစာ အမှတ် (၄၃/၂၀၁၃)ကို မေလ ၈ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ကြေညာခဲ့သည်။

ယခု တိုးချဲ့ပြင်ဆင်ဖွဲ့စည်းလိုက်သည့် နိုင်ငံရေးအကျဉ်းသားများ စိစစ်ရေးကော်မတီတွင် ဥက္ကဋ္ဌ အဖြစ် နိုင်ငံတော်သမ္မတရုံးဝန်ကြီး ဦးစိုးသိန်းမှ တာဝန်ယူ၍ အဖွဲ့ဝင်များအဖြစ် ပြည်ထဲရေးဝန်ကြီးဌာနမှ ဗိုလ်မှူး ချုပ် ကျော်ကျော်ထွန်း၊ ပြည်ထောင်စုရှေ့နေချုပ်ရုံး ဒုတိယရှေ့နေချုပ် ဦးထွန်းထွန်းဦး၊ House of Media Entertainment မှ ဦးသူဂ(ဇာဂနာ)၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီမှ ဦးဉာဏ်ဝင်း၊ ၈၈ မျိုးဆက်ကျောင်း သားများအဖွဲ့မှ ဦးကိုကိုကြီး၊ အမျိုးသားဒီမိုကရေစီပါတီသစ်မှ ဦးသိန်းညွှန့်၊ မြန်မာအမျိုးသားကွန်ကရက်ပါတီမှ ဦးကောင်းမြင့် ထွဋ် အပါအဝင် အဖွဲ့ဝင် စုစုပေါင်း (၁၉)ဦးဖြင့် ပြောင်းလဲပြင်ဆင်ဖွဲ့စည်းခဲ့ကြောင်း သိရသည်။

ထိုသို့ ပြောင်းလဲပြင်ဆင်ဖွဲ့စည်းခဲ့သော်လည်း နိုင်ငံတော်သမ္မတ၏ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လည်လွတ်မြောက် လာသည့် နိုင်ငံရေးအကျဉ်းသားပောာင်းတစ်ဦးဖြစ်သူ ဗိုလ်ကြီးပောာင်းနေမျိုးဇင်၏ ဒဏ်ငွေကျပ်နှစ်သောင်း ပေးဆောင်ခြင်း မရှိဘဲ ထောင်ဒဏ်သုံးလကျခံမည်ပာု ရွေးချယ်ခဲ့သည့်အတွက် ပြည်ထဲရေးဝန်ကြီးဌာနမှ ယခင်ကြွေးကျန် ထောင်ဒဏ် ၆ နှစ် ပြန်လည်ကျခံစေရန် အမိန့်ချမှတ်မှုများမှာ နိုင်ငံရေးအကျဉ်းသားများအားလုံးကို ခြိမ်းခြောက်လိုက်ခြင်းပင်ဖြစ်ကြောင်း နိုင်ငံရေးအကျဉ်းသားပောာင်းများက ဝေဖန်ခဲ့သည်။

No comments:

Post a Comment