လက်ရှိ
မြန်မာနိုင်ငံအတွင်းဖြစ်ပွားလျှက်ရှိသော အလုပ်ရှင်၊ အလုပ်သမား ပဋိပက္ခ ပြဿနာများအားဖြေရှင်းဆောင်ရွက်
နိုင်စေရန် ပြည်ထောင်စုလွှတ်တော်၌ အလုပ်ရှင်၊ အလုပ်သမားအခွင့်အရေး ကော်မတီကို ဖွဲ့စည်းဆောင်ရွက်သွားမည်ဖြစ်
ကြောင်း ပြည်ထောင်စုလွှတ်တော်နာယက ဦးခင်အောင်မြင့်က မေလ ၃ ရက်နေ့တွင် ရန်ကုန်လွှတ်တော်ရုံးခွဲ၌ ကျင်းပ
ပြုလုပ်ခဲ့သော အမျိုးသားလွှတ်တော် ပြည်တွင်းပြည်ပ အလုပ်သမားရေးရာကော်မတီနှင့် တွေ့ဆုံစဉ် ပြောကြားခဲ့သည်။
ကြောင်း ပြည်ထောင်စုလွှတ်တော်နာယက ဦးခင်အောင်မြင့်က မေလ ၃ ရက်နေ့တွင် ရန်ကုန်လွှတ်တော်ရုံးခွဲ၌ ကျင်းပ
ပြုလုပ်ခဲ့သော အမျိုးသားလွှတ်တော် ပြည်တွင်းပြည်ပ အလုပ်သမားရေးရာကော်မတီနှင့် တွေ့ဆုံစဉ် ပြောကြားခဲ့သည်။
လွှတ်တော်မှဖွဲ့စည်းမည့်
အလုပ်ရှင်၊ အလုပ်သမားရေးရာကော်မတီတွင် ပြည်ထောင်စုလွှတ်တော် ဒုတိယနာယက
ဦးမြညိမ်းက ဥက္ကဋ္ဌအဖြစ်ဆောင်ရွက်၍
ဒုတိယဥက္ကဋ္ဌအဖြစ် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာမြင့်ကြည်က
ဆောင်ရွက်သွားမည်ဖြစ်သည့်အပြင် အတွင်းရေးမှူးအဖြစ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်ရည်က ဆောင်ရွက်
ဆောင်ရွက်သွားမည်ဖြစ်သည့်အပြင် အတွင်းရေးမှူးအဖြစ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်ရည်က ဆောင်ရွက်
သွားမည်ဖြစ်ပြီး
အလုပ်သမားအဖွဲ့အစည်းများ၊ သက်ဆိုင်ရာတာဝန်ရှိသူများ၊ ပြည်တွင်းပြည်ပ ပညာရှင်များဖြင့်
ဖွဲ့စည်းသွား
မည်ဖြစ်ကြောင်းသိရသည်။
ထို့ပြင် အလုပ်သမား၊ အလုပ်ရှင်ကိစ္စရပ်များ စုံစမ်းစစ်ဆေးနိုင်ရန် ဇုန်အလိုက်ကိုယ်စားလှယ်များ၊ လူမှုဖူလုံရေးနှင့် အလုပ်သမားရေးရာဌာနမှတာဝန်ရှိသူများဖြင့် စက်မှုဇုန်အလိုက် အလုပ်သမားဆပ်ကော်မတီများ ဖွဲ့စည်းသွားမည်ဖြစ်ကြောင်း သိရသည်။
အလုပ်ရှင်၊ အလုပ်သမားအခွင့်အရေး ကော်မတီအနေဖြင့် အလုပ်ရှင်၊အလုပ်သမားအဖွဲ့အစည်းများနှင့် တွေ့ဆုံ၍
လက်ရှိတည်ဆဲဥပဒေများ အတွင်းမှ အားသာချက်၊ အားနည်းချက်များကို ပြင်ဆင်ရေးဆွဲရန် စုံစမ်းလေ့လာ၍ ပြည်ထောင်စု
လွှတ်တော်သို့ အစီရင်ခံစာတင်သွင်းရမည်ဖြစ်ကြောင်း သိရသည်။
လက်ရှိတည်ဆဲဥပဒေများ အတွင်းမှ အားသာချက်၊ အားနည်းချက်များကို ပြင်ဆင်ရေးဆွဲရန် စုံစမ်းလေ့လာ၍ ပြည်ထောင်စု
လွှတ်တော်သို့ အစီရင်ခံစာတင်သွင်းရမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါကော်မတီအနေဖြင့်
ပြည်တွင်း၌ဖြစ်ပွားလျက်ရှိသော အလုပ်ရှင်၊ အလုပ်သမားတို့နှင့် ပတ်သက်၍ အချက်
အလက်များ ရှာဖွေစုဆောင်းခြင်း၊
စက်ရုံအလုပ်ရုံများသို့ကွင်းဆင်းဆောင်ရွက်ခြင်းတို့ကို ပြုလုပ်သွားမည်ဖြစ်ကြောင်းသိရသည်။
ထို့ပြင် လာမည့် လွှတ်တော်အစည်းအဝေး၌ အလုပ်သမားများနှင့် ပတ်သက်သော အဆိုတင်သွင်းခြင်း၊ မေးခွန်းမေးမြန်း
ခြင်းနှင့် ဥပဒေကြမ်းပြဋ္ဌာန်းခြင်းများကိုပါ ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။
ပြီးခဲ့သည့်
၂၀၁၁ ခုနှစ်နှင့် ၂၀၁၂ ခုနှစ်အတွင်း လုပ်ခလစာနည်းပါးမှုများ၊ အလုပ်ချိန် များပြားမှုများနှင့်
အလုပ်သမားတို့၏
အခြေခံအခွင့်အရေး ပျောက်ဆုံးမှုများကြောင့် အလုပ်ရှင်၊ အလုပ်သမားကြား ပဋိပက္ခများဖြစ်ပေါ်ခဲ့ပြီး နိုင်ငံတစ်ဝန်းလုံးတွင်
လည်း အလုပ်သမားတို့မှ ဆန္ဒထုတ်ဖော်မှုများ အပြင်းအထန်ပြုလုပ်ခဲ့ကြောင်း
သိရသည်။
No comments:
Post a Comment