Monday, May 6, 2013

ရိုဟင်ဂျာများအတွက်အဖြေ မြန်မာနိုင်ငံတွင်းမှာသာ ရှိကြောင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးပြော


(6 May 2013 ရက်စွဲပါ Arab News မှ JEDDAH: IRFAN MOJAMMED ရေးသားသော Solution to Rohingyas lies within Myanmar, says Bangladesh FM ကို ဘာသာပြန်ဆိုသည်)

      ထောင်ပေါင်းများစွာသော ရိုဟင်ဂျာမူဆလင်များ မြန်မာနိုင်ငံမှ ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးစေခဲ့သော အကြမ်းဖက်မှုများကို ရပ်ဆိုင်းသွားစေမည့်အဖြေသည် မြန်မာအစိုးရတွင်သာ တာဝန်ရှိကြောင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး Dipu Moni က Arab news သို့ သီးသန့်အင်တာဗျူးတစ်ခုတွင် ယမန်နေ့က ပြောကြားခဲ့ပါသည်။

    ၎င်းကပြောကြားရာတွင် သူသည် OIC နှင့် UN တွင် မြန်မာဒုက္ခသည်များ အခြေအနေကို ထုတ်ဖော်တင်ပြခဲ့ကြောင်း၊ သို့သော် အဆိုပါကိစ္စမှာ မြန်မာတို့ကိုယ်တိုင် ဖြေရှင်းရမည့် ပြည်တွင်းကိစ္စသာဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ 

        “ပြဿနာဖြစ်တဲ့နေရာမှာပဲ အဖြေရှိပါတယ်။ အဖြေကို မြန်မာနိုင်ငံထဲမှာပဲ ရှာဖွေရပါမယ်”ဟု ဆိုပါသည်။ 

         မြန်မာနိုင်ငံမှ ရခိုင်ပြည်နယ်သည် ဘာသာရေးအရ ပြင်းထန်သောဖြစ်ရပ်များကြောင့် အခြေအနေယိုယွင်းနေပါသည်။ 

         မူဆလင်ဒုက္ခသည် ငါးသိန်းခန့်တွင် နယ်စပ်ကို ဖြတ်ကျော်ကာ ဘင်္ဂလားဒေ့ရှ်သို့ ဝင်ရောက်ခဲ့ကြသည်။ ၂၉၀၀၀ ခန့်
ကသာ တရားဝင်နေထိုင်ကြရပါသည်။ 

        ရိုဟင်ဂျာမူဆလင်များသည် ဗုဒ္ဓဘာသာများ၏ တိုက်ခိုက်မှုပစ်မှတ်များ ဖြစ်နေပြီး အဆိုပါ သတ်ဖြတ်မှုများကို လူ့အခွင့်
အရေးအဖွဲ့များက လူမျိုးရေးအပြတ်ရှင်းမှုအဖြစ် ဖော်ပြကြသည်။

         မြန်မာနိုင်ငံတွင် တိုက်ခိုက်မှုများ ဆက်လက်လုပ်ဆောင်နေခြင်းကြောင့် ဘင်္ဂလားဒေ့ရှ်တွင် ငွေကြေးပိုမိုကုန်ကျကြောင်း၊
မြန်မာနိုင်ငံမှ ဒုက္ခသည်များသည် လွန်ခဲ့သော ဆယ်စုနှစ် သုံးခုလောက်ကစပြီး ဝင်ရောက်လာကြသည်ဟု Moni က ပြောသည်။

     ဘင်္ဂလားဒေ့ရှ်သည် ဒုက္ခသည်များကို ကျန်းမာရေးစောင့်ရှောက်မှုနှင့် ပညာရေးအတွက် လုပ်ဆောင်ပေးနေပါသည်ဟု ၎င်းကပြောပါသည်။

         Moni က ပြောကြားရာတွင် သူ၏နိုင်ငံသည် ဒုက္ခသည်များနှင့် သက်ဆိုင်သော ကွန်ဗင့်ရှင်းများကို လက်မှတ်ရေးထိုး
ထားသော နိုင်ငံမဟုတ်ကြောင်း ပြောပါသည်။

        ဘင်္ဂလားဒေ့ရှ်သည် မြန်မာနိုင်ငံမှ ဒုက္ခသည်များကို လူသားချင်းစာနာသော ချဉ်းကပ်မှုသာ ပြုလုပ်ခဲ့ကြောင်း ပြောပါသည်။

       “၁၉၇၀ ခုနှစ်က ကျွန်မတို့ရဲ့ ဝမ်းနည်းဖွယ်ဖြစ်ရပ်များကြောင့် ဘင်္ဂါလီစကားပြောတဲ့ ဒုက္ခသည် ၁၀ သန်းခန့် အိန္ဒိယမှာ ခိုလှုံခဲ့ရပါတယ်။ ကျွန်မတို့ တော်တော်ခံစားခဲ့ရလို့ ဒုက္ခသည်တွေရဲ့ အခြေအနေနဲ့ နာကျင်မှုတွေကို နားလည်နိုင်ပါတယ်” ဟု Moni က ပြောပါသည်။

         ဒုက္ခသည်များ ဝင်ရောက်သည့် ဝင်ပေါက်များတွင် ဝင်ရောက်မှုကို ငြင်းပယ်ခဲ့ပြီး ဘင်္ဂလားဒေ့ရှ်အစိုးရသည် လှေများအ
တွက် လောင်စာဆီနှင့် အစားအသောက်များကို ဖြည့်ဆည်းပေးပါသည်။  အစိုးရသည် မြန်မာနိုင်ငံနှင့် ဆက်လက်ညှိနှိုင်းလျှက် ရှိပါသည်။
 
       Moni က ပြောကြားရာတွင် ဘင်္ဂလားဒေ့ရှ်သည် ဒုက္ခသည်များ နေရပ်ပြန်ပြီး ပြန်လည်ထူထောင်ရေးအတွက် ကိုင်တွယ်ရန် ဆန္ဒရှိကြောင်း ပြောပါသည်။

No comments:

Post a Comment