(6
May 2013 ရက်စွဲပါ Hindustan Times မှ Andrew Jacobs ရေးသားသော China revives
Tibetan river dam project ကို ဘာသာပြန်ဆိုသည်)
နုမြစ်(Nu
River)သည် တိဗက်၏ ဟိမဝန္တာတောင်တန်း ရေခဲပြင်များမှ စတင်မြစ်ဖျားခံလာပြီး မြန်မာနိုင်ငံကိုဖြတ်သန်း
စီးဆင်းကာ အန်ဒမင်ပင်လယ်သို့ စီးဝင်သော မိုင် ၁၇၀၀ ရှည်သည့် အာရှ၏ ရေစီးသန်သော မြစ်တစ်ခုဖြစ်သည်။
စီးဆင်းကာ အန်ဒမင်ပင်လယ်သို့ စီးဝင်သော မိုင် ၁၇၀၀ ရှည်သည့် အာရှ၏ ရေစီးသန်သော မြစ်တစ်ခုဖြစ်သည်။
နုမြစ်၏
ဒေသတွင်းတွင် လွတ်လပ်စွာ စီးဆင်းခွင့် ရနေခြင်းမှာ တဖြည်းဖြည်းဆုံးရှုံးတော့မည်ဖြစ်သည်။
တရုတ်အစိုးရသည် နုမြစ်အထက်ပိုင်းတွင် ရေအားလျှပ်စစ် ထုတ်လုပ်မည့် ရေလှောင်တမံများဆောက်လုပ်ရန်ပြန်လည်
စီစဉ်မှုကြောင့် ပတ်ဝန်းကျင်ဆိုင်ရာ ပညာရှင်များကို အံ့အားသင့်စေခဲ့ပါသည်။ နုမြစ်သည် ယူနန်ပြည်နယ်တွင် UNESCO ၏ ကမ္ဘာ့အမွေအနှစ်များအဖြစ် သတ်မှတ်ထားသောနေရာဖြစ်ပြီး ကမ္ဘာပေါ်တွင် ကွဲပြားခြားနားသော ဂေဟစနစ်နှင့် ပျက်ယွင်း
သွားနိုင်သော နေရာများအဖြစ် စာရင်းဝင်ပါသည်။

သုံးသပ်သူများက
ပြောကြားရာတွင် အဆိုပါစီမံကိန်းကြောင့် ယူနန်မှ တိုင်းရင်းသားများကို ပြန်လည်နေရာချထားရမှုနှင့်
မျိုး
တုန်းတော့မည့် ငါးမျိုးစိတ်များ၊ မျိုးဥများ ဥနိုင်မည့်နေရာများ ပျောက်ကွယ်သွားမည်ဖြစ်သည်ဟု ဆိုပါသည်။
တုန်းတော့မည့် ငါးမျိုးစိတ်များ၊ မျိုးဥများ ဥနိုင်မည့်နေရာများ ပျောက်ကွယ်သွားမည်ဖြစ်သည်ဟု ဆိုပါသည်။
သက်ရောက်မှုဒဏ်များကို
ခံရမည့်သူများမှာ သံလွင်မြစ်ပေါ်တွင် မှီခိုနေသည့် လယ်သမားများနှင့် ငါးဖမ်းသူများဖြစ်ကြ
ပါသည်။
ပါသည်။
“မြစ်အပေါ်မှီခိုနေတဲ့ အသိုင်းအဝိုင်းတွေအတွက် သယံဇာတအပြောင်းအလဲဖြစ်စေမယ့်ရေလှောင်တမံတွေအကြောင်း
ပြောနေတာပါ”ဟု နိုင်ငံတကာမြစ်များနှင့် ပတ်သက်၍ တရုတ်အစီအစဉ်ညှိနှိုင်းရေးမှူး Katy Yan က ပြောပါသည်။
ပြောနေတာပါ”ဟု နိုင်ငံတကာမြစ်များနှင့် ပတ်သက်၍ တရုတ်အစီအစဉ်ညှိနှိုင်းရေးမှူး Katy Yan က ပြောပါသည်။
No comments:
Post a Comment