Monday, May 6, 2013

မြန်မာတာဝန်ရှိသူများအပေါ် ခရီးသွားခွင့် ပိတ်ပင်မှု အမေရိကန် ဖြေလျှော့


(Asoian Tribune မှ 5 May 3013 ရက်စွဲပါ US eased travel ban on Myanmar Officials သတင်းကို ဘာသာပြန်ဆိုသည်)

      အမေရိကန်ပြည်ထောင်စုသည် မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲမှုများကို ထောက်ခံအားပေးရန်အတွက် ယခင်မြန်မာစစ်ဖက် အာဏာပိုင်များ၊ ၎င်းတို့၏ စီးပွားဖက်များ၊  မိသားစုဝင်များအပေါ်  ပြည်ဝင်ဗီဇာပိတ်ပင်ထားမှုကို  ကြာသာပတေးနေ့က  ရုတ်
သိမ်းပေးလိုက်ပါသည်။

    ၁၉၉၆ ခုနှစ် စတင်ချမှတ်ထားခဲ့သော ခရီးသွားခွင့်ပိတ်ပင်မှုကို ရုတ်သိမ်းပေးလိုက်ပြီဖြစ်သော်လည်း လူ့အခွင့်အရေး ချိုးဖောက်မှုဖြင့် စွပ်စွဲခံထားရသူ ပုဂ္ဂိုလ်များအပေါ် ပြည်ဝင်ခွင့်နှင့် ရင်းနှီးမြှုပ်နှံခွင့် တားမြစ်ထားခြင်းကိုမူ ဆက်လက်ချမှတ် ထား
သည်ဟု အမေရိကန် နိုင်ငံခြားရေးဌာနက ပြောကြားသည်။

        ၂၀၁၁ နောက်ပိုင်းတွင် မြန်မာအရပ်ဖက်အစိုးရသည် အရေးကြီးသော လူမှုရေး၊ နိုင်ငံရေး၊ စီးပွားရေး ပြုပြင်ပြောင်းလဲမှု
များတွင် အရေးပါသော ဆောင်ရွက်ချက်များကို ပြုလုပ်ခဲ့ပြီး စိုးရိမ်စရာနယ်ပယ်များတွင် သိသိသာသာတိုးတက်ပြောင်းလဲမှုကို
ပြသခဲ့သည်ဟု ၎င်းကြေညာချက်တွင် ဖော်ပြထားသည်။

      ခရီးသွားခွင့် တားမြစ်မှုကို ရုတ်သိမ်းပေးလိုက်ပြီဖြစ်သော်လည်း ယခင်တားမြစ်စာရင်းဝင် အာဏာပိုင်များအနေဖြင့်၎င်းတို့၏
ပြည်ဝင်ခွင့်ဗီဇာအတွက် စုံစမ်းစစ်ဆေးခံရဦးမည်ဟု ကြေညာချက်က ဆိုပါသည်။

  ၁၉၉၀ ခုနှစ်များအလယ်ပိုင်း ကာလနောက်ပိုင်း ဒီမိုကရေစီလှုပ်ရှားမှုများကို ဖိနှိပ်ရာတွင် ပါဝင်ပတ်သက်သူမြန်မာခေါင်းဆောင်
များနှင့် စီးပွားရေး သို့မဟုတ် ရင်းနှီးမြှုပ်နှံမှု မလုပ်ရန် အမေရိကန် လုပ်ငန်းရှင်များ၊ ကုမ္ပဏီများကို တားမြစ် ထားသော မြန်မာနိုင်ငံဆိုင်ရာ အမျိုးသား အရေးပေါ်အက်ဥပဒေကို သမ္မတ အိုဘားမားက နောက်ထပ် တစ်နှစ် သက်တမ်း တိုးလိုက်သောနေ့တွင်ပင်   ဗီဇာပိတ်ပင်မှု ရုတ်သိမ်းကြောင်း ကြေညာချက်ထုတ်ပြန်ခြင်းဖြစ်သည်  ဟု ရိုက်တာက သတင်း
ဖော်ပြသည်။

              အိုဘားမားက ကွန်ဂရက်လွှတ်တော်သို့ ပေးပို့သောစာတွင် “မြန်မာနိုင်ငံ၏ ဒီမိုကရေစီပြုပြင်ပြောင်းလဲမှုနောက်ပြန်
မလှည့်စေရန် ပြုပြင်ပြောင်းလဲအားထုတ်နေမှုများကို အားကောင်းအောင် ထောက်ခံပေးသွားရန် အမေရိကန်ပြည်ထောင်စုက တာဝန်ခံထားသည်။ ထိုအကြောင်းရင်းကြောင့် မြန်မာနိုင်ငံကို လေးစားသည့်အနေဖြင့် အမျိုးသားရေး အရေးပေါ်အက်ဥပဒေကို ဆက်လက်ချမှတ်ရန်လိုအပ်ကြောင်း ဆုံးဖြတ်လိုက်သည်”ဟု ဖော်ပြထားပါသည်။

             ဥရောပသမဂ္ဂ အီးယူကလည်း ၂၀၁၁ ခုနှစ် သမ္မတ ဦးသိန်းစိန် အာဏာရလာပြီးနောက်ပိုင်း အကောင်အထည်ဖော်
ခဲ့သော နိုင်ငံရေးအပြောင်းအလဲများကို အသိအမှတ်ပြု တုန့်ပြန်သည့်အနေဖြင့် လက်နက်အရောင်းအဝယ် တားမြစ်မှုမှလွဲ၍ ကျန်အရေးယူပိတ်ဆို့မှု sanction များ အားလုံးနီးပါးကို ယခင်လက ရုတ်သိမ်းပေးလိုက်ပြီဖြစ်သည်။

No comments:

Post a Comment