Tuesday, May 7, 2013

မြန်မာလယ်သမားများကို အမေရိကန်အစိုးရ ချေးငွေပေးမည်


                   မြန်မာနိုင်ငံရှိ တောင်သူလယ်သမားများ လိုအပ်နေသော စိုက်ပျိုးရေးစရိတ်များကို အစိုးရမှ
ချေးငွေလုံလောက် စွာ ထုတ်ပေးနိုင်ခြင်းမရှိသောကြောင့် တောင်သူလယ်သမားများအတွက် ကာလရှည် အတိုးနည်းချေးငွေကို အမေရိကန်အစိုးရမှ ထုတ်ချေးသွားမည်ဖြစ်ကြောင်း မေလ ၆ ရက်နေ့က ကျင်းပသော  လယ်ယာစိုက်ပျိုးရေး  ကနဦးအလုပ်ရုံဆွေးနွေးပွဲသို့  တက်ရောက်လာသည့်   မြန်မာနိုင်ငံ
ဆိုင်ရာ အမေရိကန်ပြည်ထောင်စု သံအမတ်ကြီး ဒဲရစ်မစ်ချယ်က ပြောကြားခဲ့သည်။

             အတိုးနှုန်းကြီးသော ပုဂ္ဂလိကချေးငွေများကို ရယူနေရသည့် မြန်မာလယ်သမားများကို Soft Loan ( ကာလရှည် အတိုးနည်းချေးငွေ) ကို အမေရိကန်အစိုးရမှ ထုတ်ချေးပေးစေလိုကြောင်း   ပြည်သူ့
လွှတ်တော်ဥက္ကဋ္ဌ သူရဦး ရွှေမန်း ကတိုက်တွန်းပြီးနောက် ရန်ကုန်မြို့၊ ပြည်ထောင်စုလွှတ်တော်ရုံးခွဲတွင်
ပြုလုပ်သည့် လယ်ယာစိုက်ပျိုး ရေး ကန်ဦးအလုပ်ရုံဆွေးနွေးပွဲတွင် ၎င်းက အထက်ပါအတိုင်း ကတိပြုပြော
ကြားခဲ့ခြင်းဖြစ်သည်။

            သို့ရာတွင် အဆိုပါချေးငွေ ပေးအပ်နိုင်ရေးအတွက် လွှတ်တော်က ဥပဒေပြဋ္ဌာန်းပေးရန်လိုအပ်ပြီး အစိုးရ အုပ်ချုပ် ရေးယန္တရားအတွင်း အကျင့်ပျက်ချစားမှုများကို နည်းနိုင်သမျှနည်းအောင် လုပ်ဆောင်ရ
မည်ဖြစ် ကြောင်း အမေရိကန် သံအမတ်ကြီးမှပြောကြားခဲ့သည်။

           နိုင်ငံတကာအဖွဲ့အစည်းများထံမှ အတိုးနှုန်းသက်သာသော ကာလတိုချေးငွေကိုနိုင်ငံတကာဖွံ့ဖြိုး
မှုဆိုင်ရာ အမေရိကန်ပြည်ထောင်စု အေဂျင်စီ (USAID) ကမြန်မာလယ်သမားများအတွက်  ရှာဖွေပေးနိုင်
ပါက များစွာ အကျိုးရှိမည်ဖြစ်ကြောင်း သူရဦးရွှေမန်းမှ ပြောကြားခဲ့သည့်အပြင်အဆိုပါဆွေးနွေးပွဲသို့ တက်
ရောက်လာသော ဒေါ်အောင်ဆန်းစုကြည်မှလည်း လယ်သမားများကိုလုံလောက် သောချေးငွေထုတ်ပေး
ရန်လိုအပ်ပြီး  လက်မှု လယ်ယာမှ  စက်မှုလယ်ယာသို့ကူးပြောင်းရာတွင်  အစိုးရမှ  အကူအညီပေးရမည်
ဖြစ်ကြောင်း ပြောကြားခဲ့ သည်။

           အဆိုပါဆွေးနွေးပွဲတွင် လယ်သမားများအား ချေးငွေထုတ်ပေးမည့်ကိစ္စအပြင် နိုင်ငံရေးတည်ငြိမ်မှု
အတွက် အဓိကကျသော ဆန်းစပါးဈေးနှုန်းတည်ငြိမ်ရေးနှင့် လယ်သမားများ ဆန်စပါးကို ထိုက်သင့်
သောနှုန်းဖြင့်  ရောင်းချနိုင်ရေးအတွက်  လယ်သမားကာကွယ်စောင့်ရှောက်ရေးဗဟို  ကော်မတီဖွဲ့စည်းရန် လယ်သမားကာ ကွယ်စောင့်ရှောက်ရေးဥပဒေကြမ်းတွင် ရေးဆွဲထားကြောင်း သူရဦးရွှေမန်းကဖြည့်စွက်
ပြောကြားခဲ့သည်။

         လယ်သမားများကို လုံလောက်သော ချေးငွေထုတ်ချေးခြင်း၊ အတိုးနည်းချေးငွေရှာဖွေပေးခြင်း၊ စပါးဈေးထိုး မကျစေရန် အနိမ့်ဆုံးဈေးနှုန်းသတ်မှတ်ပေးခြင်းနှင့် ဆန်စပါးဈေးကို ဆန်ကုန်သည်များမှ
ဈေးကွက်ပေါက်ဈေး ထက်  ထိုးတင်ရောင်းချခြင်းမပြုရန်  အမြင့်ဆုံးရောင်းချနိုင်သည့်   ဈေးနှုန်းသတ်
မှတ်ပေးခြင်း တို့ကိုယင်း ဗဟိုကော်မတီက လုပ်ဆောင်ရမည်ဖြစ်ကြောင်း ၎င်းကထပ်မံပြောကြားခဲ့သည်။

           စပါးစိုက်ပျိုးသည့် အခြားနိုင်ငံများတွင် စပါးရိတ်သိမ်းပြီးပါက အောက်တိုဘာလတွင်ဆန်စပါးဈေး ထိုးကျနိုင်ပြီး ပြည်တွင်းလယ်သမားများ အရှုံးပေါ်နိုင်သဖြင့် ယခုဥပဒေကြမ်းကို ဇွန်လအတွင်း ပြုလုပ်မည့် လွှတ်တော် အစည်းအဝေးတွင် အပြီးဆုံးဖြတ်သွားဟု သူရဦးရွှေမန်းကပြောကြားခဲ့ကြောင်း သိရှိရသည်။

No comments:

Post a Comment