ဟတ်ကြီးရေကာတာ
စီမံကိန်းကို အကြောင်းပြုပြီး ၎င်းတို့အားထိုးစစ်ဆင်လာပါက ခုခံသွားမည်ဟု ကရင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများဖြစ်သော
KNU/KNLA ငြိမ်းချမ်းရေးကောင်စီနှင့် DKBA အဖွဲ့များ က မေလ ၆ ရက်နေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။
KNU/KNLA ငြိမ်းချမ်းရေးကောင်စီနှင့်
DKBA တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များက မေလ ၆ ရက်နေ့က ကရင်ပြည်နယ်၊ မြဝတီမြို့နယ်ရှိ
KNU/KNLA အထူးဗျူဟာရုံးချုပ် တွင်ပြည်တွင်းသတင်း
ထောက်များကို ခေါ်ယူတွေ့ဆုံပြီး ထိုကဲ့သို့ပြောကြားခဲ့ခြင်းဖြစ်သည်။
အဆိုပါတွေ့ဆုံပွဲတွင်
DKBA အဖွဲ့မှ ဗိုလ်မှူးကြီး စောဆန်းအောင်( ကလိုထူးဘော်အခြေချစစ်ဗျူဟာမှူး)
က မိမိတို့ တပ်ဖွဲ့ထံ မေလ ၂ ရက်နေ့တွင် တပ်မတော်မှ ဟတ်ကြီးရေအားလျှပ်စစ်စီမံကိန်း လုပ်ကိုင်ရန်
အတွက် DKBA တပ်များအား မေလ ၄ ရက်နေ့ည ၁၂ နာရီနောက်ဆုံးထားပြီး ဆုတ် ခွာပေး ရန် ညွှန်ကြားခဲ့ကာ အဆိုပါညွှန်ကြားချက်နှင့်ပတ်သက်၍ မိမိတို့အနေဖြင့် မည်သည့်နည်းလမ်းနှင့်မျှ
ဆောင်ရွက်နိုင်ခြင်းမရှိသဖြင့် လက်ခံသွားမည်မဟုတ်ဘဲ ထိုးစစ်ဆင်လာပါက ခုခံတိုက်ခိုက်သွားမည်
ဖြစ်ကြောင်း ပြောကြားခဲ့သည်။

တပ်မတော်မှ
DKBA တပ်များကို မေလ ၄ရက်နေ့ နောက်ဆုံးထားပြီး လှိုင်းဘွဲ့၊ မီဆိုင်း၊ ကျုံထော်၊ မြိုင်ကြီးငူ
စသော ဒေသများက ဆုတ်ခွာပေးရန်ညွှန်ကြားထားသော်လည်း DKBA တပ်များဆုတ်ခွာမည်
ဆိုပါက ပထမတစ်ချက်အနေဖြင့် ထိုင်းနိုင်ငံနှင့် လွန်စွာနီးကပ်သွားမည်ဖြစ်သောကြောင့် ထိုင်းနိုင်ငံမှလည်း လက်ခံမည် မဟုတ်ကြောင်း နှင့် ဒုတိယအချက်နေဖြင့် DKBA တပ်များသည် သက်ဆိုင်ရာဒေသများရှိ စိုက်ပျိုးရေးနှင့် အခြားလုပ်ငန်းများတွင် အခြေကျနေပြီဖြစ်သောကြောင့် လက်ခံမနိုင်ရခြင်းဖြစ်ကြောင်း ၎င်းက ထပ်မံပြောကြား ခဲ့သည်။

ထိုသို့ လက်နက်ကိုင်တပ်များ
ဆုတ်ခွာရန်အမိန့်ပေးခြင်းသည် ငြိမ်းချမ်းရေးတည်ဆောက်ရန်အတွက် သဘောတူညီထားသည့် အချက်တစ်ချက်ဖြစ်သော
“ နှစ်ဖက်သဘောတူညီထားသော နယ်မြေများမှအပ နယ်မြေကျော်လွန် လက်နက်ကိုင်ဆောင်သွားလာမှုကို
နှစ်ဖက်ကြိုတင်ညှိနှိုင်းပြီးဆောင်ရွက်မည်” ဆိုသည့် အချက်ကို မလေးစားရာရောက်ကြောင်း
၎င်းကဆက်လက်ပြောကြားခဲ့သည်။
အဆိုပါဖြစ်ရပ်နှင့်ပတ်သက်၍
ကရင်လက်နက်ကိုင်အဖွဲ့အစည်းတစ်ခုဖြစ်သည့် KNU/KNLA ငြိမ်းချမ်းရေး ကောင်စီမှ ကြားနေကာ ဝင်ရောက်ဖြေရှင်းပေးခြင်း မရှိသေးသော်လည်း
ယခုကိစ္စအတွက် တပ်မတော် အနေဖြင့် အာဏာရှင်သဘောမျိုး အမိန့်ပေးစေခိုင်းမှုများ ဆက်လက်ဆောင်ရွက်နေပါက
လက်ရှိဆောင်ရွက် နေသည့် ပြည်တွင်းငြိမ်းချမ်းရေးကို ထိခိုက်လာနိုင်ရုံမျှမက တင်းမာမှုများဆက်လက်
ဖြစ်ပေါ်နေပါက ပြဿနာများ ကြီးထွားလာနိုင်ပြီး အခြားကရင်လက်နက်ကိုင်အဖွဲ့အစည်းများသို့ပါကူးစက်
ကာ ကရင်ပြည်နယ်အတွင်း တိုက်ပွဲများပြန်လည်ဖြစ်ပေါ်လာနိုင်ကြောင်း KNU/KNLA ငြိမ်းချမ်းရေးကောင်
စီမှ ဗိုလ်မှူးချုပ် တိမသေ ကပြောကြားခဲ့သည်။

ထို့အပြင်
DKBA တပ်များကို တပ်မတော်မှ ထိုးစစ်ဆင်ကာ ဖယ်ရှားမည်ဆိုပါက KNU/KNLA အနေဖြင့် လက်ပိုက်ကြည့်
နေမည်မဟုတ်ကြောင်း KNU/KNLA ငြိမ်းချမ်းရေးကောင်စီမှ ဗိုလ်မှူးကြီး စောအဲကောထူး (တိုက်ဂါး)
ကပြောကြားထားကြောင်း သိရှိရသည်။
မေလ ၆ ရက်နေ့တွင်
မြဝတီမြို့သို့ သတင်းထောက်များကို ခေါ်ယူအသိပေးမှုသည်အောက်ခြေ
တွင်ဖြစ်ပေါ် နေသည့် အခြေအနေများကို တိုင်းရင်းသားငြိမ်းချမ်းရေးကိစ္စများ အထူးအလေးပေးဆောင်
ရွက်နေသည့် နိုင်ငံတော်သမ္မတနှင့် တာဝန်ရှိသူများ၊ မြန်မာငြိမ်းချမ်းရေးစင်တာမှ တာဝန်ရှိပုဂ္ဂိုလ်များ ထဲထဲဝင်ဝင်သိရှိနိုင်စေ ရန် အသိပေးလို၍ဖြစ်ကြောင်း သိရှိရသည်။

No comments:
Post a Comment