မြန်မာနိုင်ငံတွင်
လျှပ်စစ်ဓါတ်အား ပိုမိုထုတ်လုပ်နိုင်ရန်အတွက် ကျောက်မီးသွေးသုံးဓါတ်အားပေး
စက်ရုံများ တည်ဆောက်ရာတွင် နိုင်ငံတကာပညာရှင်များနှင့် လက်တွေ့လုပ်ငန်းခွင်နားလည်တက်ကျွမ်း
သူများကို ပြည်ထောင်စုဝန်ကြီး ဦးအောင်မှ မေလ ၁ ရက်နေ့က စင်ကာပူနိုင်ငံတွင် ကျင်းပပြုလုပ်ခဲ့သော Myanmar Transitional Platform (MPT) တွင် ဖိတ်ခေါ်ခဲ့ကြောင်း သိရှိရသည်။

မြန်မာနိုင်ငံ၏
အဓိကလိုအပ်ချက်တစ်ခုဖြစ်သော လျှပ်စစ်ကဏ္ဍအတွက်နိုင်ငံတကာမှမြန်မာ
ပညာရှင်များ၏ အကူအညီများနှင့် အကြံပြုချက်များကို ရယူသွားမည်ဖြစ်ပြီး ပြည်ပရောက်ပညာရှင်
များနှင့်ဖွဲ့စည်းထားသော အဖွဲ့အစည်းတစ်ခုကိုလည်း ဖွဲ့စည်းသွားမည်ဖြစ်ကြောင်း အဆိုပါတွေ့ဆုံပွဲသို့ တက်ရောက်ခဲ့သူ နိုင်ငံတော် သမ္မတ အကြံပေးဦးလှမောင်ရွှေ မှပြောကြားခဲ့သည်။

မြန်မာနိုင်ငံ၏လက်ရှိ
လျှပ်စစ်ဓါတ်အားထုတ်လုပ်မှုကဏ္ဍကို နိုင်ငံတော်ကသာ လုပ်ဆောင်လျှက်ရှိပြီး အရှုံးများသော
လုပ်ငန်းတစ်ခုအဖြစ် သတ်မှတ်ထားကာ လျှပ်စစ်ဓါတ်အားကော်ပိုရေးရှင်းမှ ပြည်သူများကို တစ်ယူနစ်လျှင်
၂၅ ကျပ်နှင့်ဖြန့်ဖြူးပေးနေသော်လည်း ထုတ်လုပ်မှုစရိတ်အားထုတ်ပြန်ထားခြင်း မရှိကြောင်း
နှင့် စက်ရုံများနှင့် လုပ်ငန်းသုံးအတွက် လျှပ်စစ်ဓါတ်အားခ တစ်ယူနစ်လျှင် ၅၀၀ကျပ်ကောက်ခံ
ထားသော် လည်း လျှပ်စစ်ဓါတ်အားလုံလောက်စွာမရရှိခြင်း၊ ဓါတ်အားခကြီးမြင့်ခြင်းတို့ကြောင့် နိုင်ငံခြား
ရင်းနှီးမှုများကို အဟန့်အတားဖြစ်စေကြောင်း စင်ကာပူနိုင်ငံမှ လျှပ်စစ်ဓါတ်အားထုတ်လုပ်မှုနည်းပညာရှင် ဦးဇော်အောင် က ပြောကြားခဲ့သည်။

ထို့အပြင်
မြန်မာနိုင်ငံ၏ အမျိုးသားစီမံကိန်းရည်မှန်းချက်များ ၂၀၁၃ - ၂၀၁၄ မူကြမ်းတွင် အိမ်နီး
ချင်းနိုင်ငံများ ၌ကျင့်သုံးနေသော ပုဂ္ဂလိကလျှပ်စစ်ဓါတ်အားထုတ်လုပ်မှု (Independent Power Production) ကိုစတင် အကောင်အထည်ဖော်မည်ဟု ဖော်ပြပါရှိထားသည်မှာ မြန်မာနိုင်ငံ၏ လက်ရှိအခြေ
အနေများနှင့် ကိုက်ညီခြင်း မရှိကြောင်း ၎င်းက သုံးသပ်ပြောကြားခဲ့သည်။

အမျိုးသားစီမံကိန်းရည်မှန်းချက်များတွင်ပါရှိသောလျှပ်စစ်ဝန်ကြီးဌာန၏ထုတ်ပြန်ချက်တွင် လေစွမ်း
အင်နှင့်နေရောင်ခြည်ဓါတ်အားပေးစက်ရုံများ ကျယ်ကျယ်ပြန့်ပြန့်စီးပွားဖြစ်တည်ဆောက်ရန် ဖော်ပြထား
သည့်အချက် အပေါ်တွင် ဖွံဖြိုးဆဲနိုင်ငံများအနေဖြင့် အဆိုပါ လေစွမ်းအင်နှင့်နေရောင်ခြည်သုံးစက်ရုံများ စီးပွားရောင်းချရန် တည်ဆောက်ရာတွင် အရှုံးများစွာပေါ်ပေါက်ခဲ့သော သာဓကများရှိသောကြောင့်
မြန်မာနိုင်ငံအနေဖြင့် အဆိုပါစီမံကိန်းများကို မပြုလုပ်သင့်ကြောင်း စွမ်းအင်ဆိုင်ရာ ပညာရှင်များက
ပြောကြားခဲ့သည်။

ပညာရှင်များ၏
ခန့်မှန်းချက်အရ မြန်မာနိုင်ငံတွင် ရေအားလျှပ်စစ်မှ မဂ္ဂါဝပ် ၃၇၀၀၀ ရရှိနိုင်ပြီး လက်
ရှိတွင် နိုင်ငံတော်အစိုးရ၏ တရားဝင်ထုတ်ပြန်ချက်တွင် ၂၇၇၃ မဂ္ဂါဝပ် ( ၆ ရာခိုင်နှုန်း) သာထုတ်လုပ်နိုင်
သည်ဟု ဖော်ပြထားသောကြောင့် စီမံကိန်းများစွာအကောင်အထည်ဖော်ရန် ကျန်ရှိနေသေးပြီး လျှပ်စစ်
ဓါတ်အားတိုးမြှင့် ထုတ်လုပ်နိုင်ရန်အတွက် လျှပ်စစ်ကော်ပိုရေးရှင်း EPC ကိုလည်း ပြုပြင်ပြောင်းလဲမှုများ
ဆောင်ရွက်သင့် ကြောင်း ပြည်ပရောက်ပညာရှင်များက ထောက်ပြပြောဆိုခဲ့ကြောင်း သိရှိရသည်။

ပုဂ္ဂလိကရေအားလျှပ်စစ်ထုတ်လုပ်ဖြန့်ဖြူးမှုမှာ အောင်မြင်မှုမရသေးသော အနေအ
ထားတွင်ရှိပြီး ပုဂ္ဂလိက ရေအားလျှပ်စစ်ထုတ်လုပ်ရေးလုပ်ငန်းများကို ဒေသဆိုင်ရာတာဝန်ရှိသူများမှ လွတ်
လပ်စွာမှတ်ပုံတင် ခွင့်ပေးရန်၊ နယ်မြို့များတွင် မြို့နယ်အဆင့်ခွင့်ပြုမိန့်ဖြင့် ၁ မဂ္ဂါဝပ်အောက်လျှပ်စစ်ဓါတ်
အားထုတ်လုပ်မှုကို ခွင့်ပြုပေးပါက ဒေသတွင်းပိုမိုဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း လျှပ်စစ်ဓါတ်အား
ထုတ်လုပ်မှုနည်းပညာရှင် ဦးဇော်အောင် ကပြောကြားခဲ့သည်။

ပုဂ္ဂလိကရေအားလျှပ်စစ်စီမံကိန်းမှာ ဘီလူးချောင်း အမှတ်(၃) ရေအားလျှပ်စစ်စီမံကိန်းဖြစ်
ပြီး
၂၀၁၃ သြဂုတ်လ တွင်စတင်လည်ပတ်သွားမည်ဖြစ်ကာ နိုင်ငံပိုင် မဟာဓါတ်အားလိုင်းများမှ တစ်ဆင့်
ဖြန့်ဖြူး ပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။

No comments:
Post a Comment