Tuesday, May 7, 2013

မြန်မာသမ္မတက လူနည်းစုမူဆလင်များ၏ အခွင့်အရေးကို ကာကွယ်ပေးမည်ဟု ကတိပြု

(6 May 2013 ရက်စွဲပါ Washington post မှ AP ၏ Myanmar president vows to protect rights of minority Muslims ကို ဘာသာပြန်ပါသည်။)

မြန်မာနိုင်ငံမှ သမ္မတဦးသိန်းစိန်သည် ၄င်းတာဝန်ယူနေစဉ် ဘာသာရေးအရ ပြင်းထန်သော ဖြစ်ရပ်များ ဖြစ်ပွားအပြီး တစ်နှစ်ခန့်အကြာတွင် လူနည်းစု မူဆလင်များ၏ အခွင့်အရေးများကို လုပ်နိုင်သမျှ ကာကွယ်ပေး သွားမည်ဖြစ်ကြောင်း တနင်္လာနေ့က ကတိပေးပြောကြားခဲ့ပါသည်။

အဆိုပါကတိစကားမှာ မူဆလင်အသိုင်းအ၀ိုင်းအပေါ် စနစ်တကျတိုက်ခိုက်မူများကြောင့် ဘာသာရေး မတည်ငြိမ်မှုများ ထပ်မံဖြစ်ပေါ်လာမည်ကို စိုးရိမ်နေသည့်အချိန်တွင် ထွက်ပေါ်လာ ခြင်းဖြစ်သည်။ ပြီးခဲ့သည့် အပတ်က ရန်ကုန်မြောက်ဘက်ရှိ မူဆလင်ရွာတစ်ချို့ မီးရှို့ခံခဲ့ရပါသည်။

ပြီးခဲ့သည့်နှစ်က ရခိုင်ပြည်နယ်တွင် ဗုဒ္ဓ ဘာသာနှင့် ရိုဟင်ဂျာလူမျိုးများကြား ရန်ပွဲများပြီးကတည်းက ပြင်းထန်သောဖြစ်ရပ်များ ပျံ့နှံ့ခြင်းကို ရပ်ဆိုင်းအောင် သို့မဟုတ် မူဆလင်များအပေါ် အကာအကွယ် မပေးနိုင်မှုများအတွက် ဦးသိန်းစိန်၏ အစိုးရမှာ ပြင်းထန်စွာ ဝေဖန်မှုကို ခံခဲ့ရပါသည်။

နယူးယောက်အခြေစိုက် Human Rights Watchက ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးများ၊ ဒေသခံနိုင်ငံရေးသမားများ၊ အစိုးရတာဝန်ရှိသူများနှင့် လုံခြုံရေးတပ်ဖွဲ့များအပါအ၀င် အာဏာပိုင်များအား မူဆလင်များအပေါ် အပြတ်ရှင်းရန် စနစ်တကျဖန်တီးမှုအတွက် စွပ်စွဲခဲ့သော်လည်း အစိုးရကမူ ငြင်းဆိုခဲ့ပါသည်။

တနင်္လာနေ့က ရုပ်မြင်သံကြားမှ ထုတ်လွှင့်သောမိန့်ခွန်းတွင် ဦးသိန်းစိန်က ၄င်း၏အစိုးရသည် ရခိုင်ပြည်နယ် မူဆလင်များ၏ အခြေခံလူ့အခွင့်အရေးများ အာမခံချက်ရှိရန် လိုအပ်သော လုပ်ဆောင်မှုများလည်း လုပ်ပေးမည် ဖြစ်ကြောင်းနှင့် ရခိုင်ပြည်သူများ၏ လိုအပ်ချက်များနှင့် မျှော်လင့်ချက်များကိုလည်း ဖြည့်ဆည်းပေးသွားမည်ဟု ကတိပေး ပြောကြားခဲ့ပါသည်။

“ဘာသာရေးလွတ်လပ်ခွင့် ဖြစ်ပေါ်လာဖို့ရာမှာ သည်းခံမှု၊ ယုံကြည်မှုအမျိုးမျိုးကြားမှာ အချင်းချင်း လေးစားမှုရှိရ ပါမည်။ ဒါမှသာ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်နိုင်မှာဖြစ်ပါတယ်”ဟု ၄င်းက ပြောပါသည်။

၎င်း၏မိန့်ခွန်းတွင် ဦးသိန်းစိန်က ပြီးခဲ့သည့်နှစ်က ပဋိပက္ခ၏ အကြောင်းအရင်းကို စုံစမ်းစစ်ဆေးရန် ဖွဲ့စည်းပေးခဲ့ သော ကော်မရှင်က ထောက်ခံအကြံပြုထားသော အချက်များကို အကောင်အထည်ဖော်မည် ဖြစ်ကြောင်း ထည့်သွင်း ပြောကြားခဲ့ပါသည်။

ကော်မရှင်တွင် ရိုဟင်ဂျာများပါဝင်ခြင်းမရှိပဲ တိုင်းရင်းသားရခိုင်များသာ အဖွဲ့ဝင်အဖြစ် ပါဝင်ပြီး  ရိုဟင်ဂျာများ ပါဝင်ခြင်းမရှိပဲ တိုင်းရင်းသားရခိုင်များသာ အဖွဲ့ဝင်အဖြစ်ပါဝင်ပြီး  ထောက်ခံ အကြံပြုချက်များစွာ ပေးထားပါသည်။ ၄င်းတို့တွင် လုံခြုံရေးတပ်ဖွဲ့ နှစ်ဆတိုး၍ ချထားရန်နှင့် မူဆလင် များကြားတွင် လူဦးရေကြီးထွားမှု ရပ်တန့်နိုင်အောင် မိသားစုစီမံကိန်းများ မိတ်ဆက်ပေးရန်ပါဝင် ပါသည်။

ရခိုင်ပြည်နယ်တွင်နေထိုင်သော ရိုဟင်ဂျာများကို နိုင်ငံခြားမှ ၀င်ရောက်လာသူများအဖြစ် ကျယ်ကျယ်ပြန့်ပြန့် ရှုမြင်နေကြပြီး အချို့မှာ မြန်မာနိုင်ငံတွင် မျိုးဆက်များစွာ နေထိုင်ခဲ့ကြသော်လည်း ဘင်္ဂလားဒေ့ရှ်မှ တရားမ၀င် ခိုးဝင်လာသူများဖြစ်၍ နိုင်ငံသားဖြစ်ခွင့် ငြင်းပယ်ခံရမှုနှင့် ကြုံတွေ့ နေရပါသည်။

ဦင်္းသိန်းစိန်က ပြောကြားရာတွင် ၄င်း၏ အစိုးရသည် မတရားဝင်ရောက်မှုများအတွက် လိုအပ်သော လုံခြုံရေးကိစ္စများအားလုံး လုပ်ဆောင်မည်ဖြစ်ပြီး နိုင်ငံသားဖြစ်မှုနှင့် ပတ်သက်သော ကိစ္စရပ်များကိုလည်း ကိုင်တည်သွား မည်ဟု ပြောခဲ့သော်လည်း အသေးစိတ်ပြောကြားခဲ့ခြင်းမရှိပေ။

၎င်းက ပဋိပက္ခဒဏ်ခံရသော ရခိုင်ပြည်နယ်အတွက် အကူအညီပေးရန် ကတိပေးခဲ့ပြီး ၄င်း၏ အစိုးရသည် မြန်မာနိုင်ငံတွင် အလုပ်လုပ်နေသော နိုင်ငံခြားအကူအညီပေးရေးအဖွဲ့များကို ကူညီ မည်ဖြစ်ကြောင်းပြောကြားခဲ့ပါ
သည်။

 သို့သော် အဆိုပါဒေသတွင်လုပ်ကိုင်နေသော အချို့ နိုင်ငံတကာ ကယ်ဆယ် ရေး အေဂျင်စီများသည် အခြေအနေကို
ပိုမိုဆိုးရွားစေခြင်းကြောင့် ဒေသဆိုင်ရာ ထိလွယ်ရှလွယ် ကိစ္စရပ်များတွင် ကိုယ့်ကိုယ်ကိုယ် တာဝန်ယူမှုများ ရှိရမည်ဟု ဆိုခဲ့သည်။

ဒေသခံ ဗုဒ္ဓဘာသာများကမူ နိုင်ငံခြားအကူအညီပေးရေးအဖွဲ့များသည် ရိုဟင်ဂျာများအပေါ်တွင် မျက်နှာလိုက်ကြောင်း အကြိမ်ကြိမ်စွပ်စွဲခဲ့ကြပါသည်။ တစ်ချိန်တည်းမှာပင် နိုင်ငံတကာအကူအညီပေးရေး အေဂျင်စီများကလည်း ၄င်းတို့၏ လုပ်ငန်းများတွင် အတားအဆီးများ ရှိကြောင်း စောဒက တက်ကြပြီး ၄င်းတို့၏ ၀န်ထမ်းများမှာလည်း အစွန်းရောက်များ၏ ခန္ဓာကိုယ်ထိခိုက်နာကျင်စေမည့် ခြိမ်းခြောက်မူများရှိကြောင်းဆိုပါသည်။ ၄င်းတို့၏ အကူအညီအများစုသည် ရိုဟင်ဂျာများထံသို့သာ တိုက်ရိုက်ပေးသည် သိရှိရကြောင်း၊ အဘယ်ကြောင့်ဆိုသော် အိုးမဲ့အိမ်မဲ့ အများစုမှာ ရိုဟင်ဂျာများ ဖြစ်နေသောကြောင့်ဟု ဆိုသည်။

ဦးသိန်းစိန်က ပြောကြားရာတွင် လွတ်လပ်စွာပြောဆိုခွင့်သည် ဒီမိုကရေစီ၏ အနှစ်သာရဖြစ်သော်လည်း အချို့သည် ထိုအခွင့်အရေးကို ချိုးဖောက်ကြောင်း လှုံ့ဆော်ရန်ရည်ရွယ်ခြင်း၊ ကြောက်ရွှံ့မှုကို ဖြစ်စေခြင်းနှင့် အမုန်းတရားကိုပြန့်ပွားစေခြင်းများ ဖြစ်ပြီး ဘာသာရေးအရ မတူသော အသိုင်းအ၀န်းများကြားတွင် ပဋိပက္ခကို ပိုမိုဆိုးရွားစေသည်ဟု ဆိုပါသည်။

မကြာသေးသောလများအတွင်း ၉၆၉ ဟုခေါ်သော ဗုဒ္ဓဘာသာစည်းရုံးရေးလုပ်ငန်းစဉ်သည် ဗုဒ္ဓဘာသာဝင်များ အနေဖြင့် မိမိဘာသာဝင်များ၏ဆိုင်တွင်သာ ဈေးဝယ်ရန်၊ မူဆလင်များနှင့်လက်ထပ်ခြင်း၊ နေအိမ်များငှားခြင်း၊ ရောင်းဝယ်ခြင်း
မပြုရန် တိုက်တွန်းထားပါသည်။ ၉၆၉ မှာ တစ်နိုင်ငံလုံး လျင်မြန်စွာ ပျံ့နှံ့သွားပါသည်။ 

လူ့အခွင့်အရေးလှုပ်ရှားသူများက ပြောကြားရာတွင် ၄င်းသည် မူဆလင် ဆန့်ကျင်ရေး အကြမ်းဖက်မှုများကိုလောင်စာ
ပင့်ပေးသည့်နှယ်ဖြစ်သည်ဟု ဆိုပါသည်။

No comments:

Post a Comment