Tuesday, May 7, 2013

မြန်မာ-ထိုင်း နယ်စပ်ဂိတ်သစ် ဗုဒ္ဓ္ဓ္ဓ္ဓ္ဓ္ဓ္ဓ္ဓဟူးနေ့တွင် တရားဝင်ဖွင့်

                                            Credit By Chaiwat Satyaem
( Bangkok Post မှ 6 May 2013 ရက်စွဲပါ “New Myanmar crossing opens wed” သတင်းကို ဘာသာပြန်ဆိုသည် )
မြန်မာ-ထိုင်းနယ်စပ်မှ ဆင်ခေါင်း ယာယီ စစ်ဆေးရေးဂိတ်ကို အဆင့်မြှင့်တင်ပြီးပြီဖြစ်၍ ဗုဒ္ဓ္ဓ္ဓ္ဓ္ဓ္ဓ္ဓ္ဓဟူးနေ့တွင် အမြဲတမ်းဝင်ပေါက် အဖြစ် ဖွင့်လှစ်တော့မည်ဖြစ်သည်။

ယင်းသို့ဖွင့်လှစ်မည့် အစီအစဉ်ကို နှစ်နိုင်ငံစလုံးက အတည်ပြုထားပြီးဖြစ်၍ ဗုဒ္ဓ္ဓ္ဓ္ဓ္ဓ္ဓ္ဓ္ဓဟူးနေ့တွင် ဆင်ခေါင်းဂိတ်၌ အခမ်းအနားဖြင့်ဖွင့်လှစ်သွားမည်ဟု ဒေသန္တရ အုပ်ချုပ်ရေးမှူး ဗီရာဆရီဝပ်တန်နာထရာကူးက ပြောကြားသည်။

ဖရာချွတ်ကီရီစဉ် ခရိုင်ရှိ ဆင်ခေါင်းဂိတ်သည် မြန်မာနိုင်ငံဖက်မှ မောတောင်စစ်ဆေးရေးဂိတ်နှင့် မျက်နှာချင်းဆိုင်တွင် တည်ရှိပြီး နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်ရေး မြှင့်တင်ရန် အတွက် အမြဲတမ်းဂိတ်အဖြစ် အဆင့်မြှင့်တင် ဖွင့်လှစ်မည့် နယ်စပ်ဂိတ် ၃ ခု အနက်မှ တစ်ခုဖြစ်ပါသည်။

ဆင်ဂေါင်းဂိတ်သည် မြန်မာနိုင်ငံဖက်မှ မြိတ်မြို့နှင့် ထိုင်းနိုင်ငံကို ဆက်သွယ်ပေးမည်ဖြစ်သည်။

အမြဲတမ်းဂိတ်အဖြစ် အဆင့်မြှင့်တင်ထားသည့် အခြားဝင်ပေါက်နှစ်ခုမှာ ကန်ချနာဘူရီ နှင့် ဘုရားသုံးဆူ အကြားမှ ဘုရားသုံးဆူဂိတ်၊ ကန်ချနာဘူရီ နှင့် ထီးစီး အကြားမှ ဘန်နန်ပူရွန်ဂိတ်တို့ ဖြစ်သည်။

ဧပြီ ၂၅ ရက်က ဘရူနိုင်း အာဆိယံထိပ်သီး ညီလာခံအသိုင်းအဝိုင်းတွင် ဝန်ကြီးချုပ် ယင်လပ်နှင့် သမ္မတ ဦးသိန်းစိန်တို့ တွေ့ဆုံဆွေးနွေပြီးနောက် ယခုကဲ့သို့ နယ်စပ်ဂိတ်သစ်များ အဆင့်မြှင့်တင် ဖွင့်လှစ်မည့် အစီအစဉ် ပေါ်ထွက်လာ
ခဲ့ခြင်းဖြစ်သည်။

No comments:

Post a Comment