Tuesday, May 7, 2013

မြန်မာနိုင်ငံတွင် မွတ်ဆလင်များ အသတ်ခံရမှုကို ကူဝိတ်အမတ်များ ရှုတ်ချ

(Gulf News မှ 6 May 2013  ရက်စွဲပါ  “Kuwait MPs condemn killing of Muslims in Myanmar”  သတင်းကို ဘာသာပြန်ဆိုသည်။)

 အာရှလွှတ်တော်များစည်းဝေးပွဲ APA သို့တက်ရောက်လာသော ကူဝိတ်လွှတ်တော်ကိုယ်စားလှယ် အဖွဲ့ကမြန်မာနိုင်ငံ
တွင် မွတ်ဆလင်များအသတ်ခံရမှုကို တနင်္လာနေ့တွင် ကန့်ကွက် ရှုတ်ချလိုက်ပါသည်။

ရခိုင်ပြည်နယ်မှာ  မွတ်စလင်တွေ  သတ်ဖြတ်ခြိမ်းခြောက် နှိပ်စက်ခံနေရတာကို ကျွန်တော်တို့ ကန့်ကွက်ရှုတ်ချပါ
တယ်ဟု ကူဝိတ်လွှတ်တော်ကိုယ်စားလှယ် အဖွဲ့ခေါင်းဆောင် ဆလက်အာရှိုးက APA အစည်းအဝေးတွင် ပြောကြားသည်။

မြန်မာနိုင်ငံမှ မွတ်ဆလင်များ၏ နိုင်ငံရေးနှင့် လူ့အခွင့်အရေး ချိုးဖောက်ခံရမှု အခြေအနေကို ကိုယ်တိုင်ကိုယ်ကျ
လေ့လာရန်အတွက် ယခုလကုန်တွင် မြန်မာနိုင်ငံသို့ ကူဝိတ် လွှတ်တော်ကိုယ်စားလှယ်အဖွဲ့သွားရောက် ကြမည်ဟု ၎င်းက
ဆိုသည်။

ထို့အပြင် ကမ္ဘာသူကမ္ဘာသားများ အထူးသဖြင့် အာရှတိုက်သားများ၏ လုံခြုံရေး၊ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးကို အထောက်အကူဖြစ်စေမည့် APA ချာတာ၏ မူဝါဒ၊ ရည်မှန်းချက်များနှင့် ကိုက်ညီသည့် အကြမ်းဖက်ဝါဒဆန့်ကျင်ရေးနှင့် နိုင်ငံခြားအလုပ်အကိုင်ဆိုင်ရာ ဆုံးဖြတ်ချက်မူကြမ်းကိုလည်း ၎င်းက အားကြိုးမာန်တက်အကြံ ပြုသည်။

မြန်မာနိုင်ငံမှ မွတ်ဆလင်များအား အကာအကွယ်ပေးရေးနှင့် ပတ်သက်သည့် ဆုံးဖြတ်ချက်မူကြမ်းကိုလည်း APA အမှုဆောင်ဘုတ်အဖွဲ့အစည်းအဝေးတွင် ကူဝိတ်လွှတ်တော်ကိုယ်စားလှယ်အဖွဲ့က တင်ပြခဲ့သည်။

လွှတ်တော်အမတ် ဆလက်အာရှိုး ဖတ်ကြားသောစာတမ်းတွင် မြန်မာနိုင်ငံမှ လူနည်းစုမွတ်ဆလင် အခွင့်အရေးများ ဆိုးဆိုးဝါးဝါး ချိုးဖောက်ခံနေရခြင်းကို  ရပ်ဆိုင်းသွားအောင်  နိုင်ငံတကာ  အသိုင်းအဝိုင်းက  အရေးယူဆောင် ရွက်ပေးရန်
တောင်းဆိုထားသည်။

ထို့အပြင် ရခိုင်ပြည်နယ်မှ မွတ်ဆလင်များ၊ ဘင်္ဂလားဒေ့ရှ်ဘက်ခြမ်း ဒုက္ခသည်စခန်းများမှ မွတ်ဆလင် များအတွက် အရေးပေါ်လူသားချင်းစာနာမှု အကူအညီများပေးကြရန်အတွက်လည်း ၎င်းကတိုက်တွန်းတောင်း ဆိုခဲ့သည်။

မြန်မာနိုင်ငံတွင် ၂၀၀၁ ခုနှစ်က အစိုးရမှချမှတ်ခဲ့သော ဗလီများတည်ဆောက်ခြင်း၊ ပြုပြင်ခြင်းကို တား မြစ်သည့် ဥပဒေကိုလည်း ကူဝိတ်လွှတ်တော်ကိုယ်စားလှယ်အဖွဲ့က ပြစ်တင် ရှုတ်ချခဲ့သည်။

  ရန်ကုန်မြို့မှ အကဲခတ်များကမူ ပြင်ပကမ္ဘာမှ  အစ္စလာမ်အသိုင်းအဝိုင်းအနေဖြင့် ယခုလိုပြစ် တင်ရှုတ်ချခြင်းပြု
လုပ်မည့်အစား မြန်မာအာဏာပိုင်များနှင့် ပြေပြေလည်လည်ဆွေးနွေးညှိုနှိုင်းကာ အခြေအနေများ တည်ငြိမ်အောင် ကူညီထိန်း
သိမ်းပေးခြင်းဖြင့် ရလာဒ်ကောင်းများ ထွက်ပေါ်လာအောင် ဆောင်ရွက်သင့်သည်ဟု သုံး သပ်ပြောကြားကြသည်။

No comments:

Post a Comment