Photo Credit By Online
(8 May 2012 ရက်စွဲပါ UPI မှ Tensions rising over Myanmar resettlements ကို ဘာသာပြန်ပါသည်။)
ပြီးခဲ့သည့်နှစ်က ရခိုင်ပြည်နယ်တွင် ဗုဒ္ဓဘာသာများနှင့်
ရန်ပွဲများဖြစ်ပွားပြီးနောက် အိုးမဲ့အိမ်မဲ့ဖြစ်ရ သော မွတ်ဆလင်များကို မြန်မာအစိုးရက
နေအိမ်များ ပြန်လည်နေရာချထားပေးရာတွင် တင်းမာမူများမြင့်တက် လျက် ရှိပါသည်။
ရခိုင်ပြည်နယ်မှ ဗုဒ္ဓဘာသာဒေသခံရာပေါင်းများစွာသည်
ရိုဟင်ဂျာမွတ်ဆလင်များကို ပြန်လည် နေရာချ ထားပေးခြင်းကြောင့် ယခုအပတ်တွင် လမ်းပေါ်ထွက်၍
ဆန္ဒပြခဲ့ကြသည်ဟု DVB သတင်းဌာနက သတင်း ဖော်ပြခဲ့ပါသည်။
ပြီးခဲ့သည့် အောက်တိုဘာက မွတ်ဆလင်နေအိမ်များကို
မီးရှို့ခဲ့ကြသော ဗုဒ္ဓဘာသာ များနေ ထိုင်ရာ
ကျောက်ဖြူမြို့အနီးမှ ရခိုင်ရွာ သုံးဆယ်ခန့်မှနေထိုင်သူများသည် ဆန္ဒပြခဲ့ကြပါသည်။
ကျောက်ဖြူမြို့အနီးမှ ရခိုင်ရွာ သုံးဆယ်ခန့်မှနေထိုင်သူများသည် ဆန္ဒပြခဲ့ကြပါသည်။
ကျောက်ဖြူတွင်နေထိုင်သူများမှာ ဗုဒ္ဓဘာသာရခိုင်များနှင့်
ရိုဟင်ဂျာများနှင့်မတူသော ကမန်မွတ်ဆလင် များဖြစ်ပြီး ၄င်းတို့သည် နိုင်ငံသားများဖြစ်ပါသည်။
၎င်းတို့က ရိုဟင်ဂျာများကို တရားမ၀င် ၀င်ရောက် လာသော ဘဂါင်္လီများအဖြစ် ရှုမြင်ကြောင်း
DVB သတင်းက ဆိုပါသည်။
အိုးမဲ့အိမ်မဲ့ဖြစ်ရသော မူဆလင်အများစုသည်
အစွန်အဖျားရှိ ရေလွှမ်းနိုင်သော နေရာများတွင် ယာယီ တဲများဖြင့် ဆိုးရွားသောအခြေအနေတွင်
နေထိုင်နေရပါသည်ဟု DVB ကပင် ဆိုပါသည်။
“ဒေသခံ ရခိုင်ပြည်သူတွေဟာ ဒီဒေသမှာငါးဖမ်းခြင်းကိုမှီခိုနေရပြီး
သူတို့မြေတွေကို အဆုံးအရှုံး မခံ နိုင်ပါဘူး။ ရိုဟင်ဂျာတွေကို လက်မခံနိုင်ပါဘူး” ဟု ရခိုင်ဒေသခံတစ်ဦးက DVB သို့ ပြောပါသည်။
ရခိုင်ပြည်နယ်မြောက်ပိုင်း ဘင်္ဂလားဒေ့ရှ်နယ်စပ်နှင့်အနီးတွင်
ရိုဟင်ဂျာ (735000) ခန့် နေထိုင်ကြောင်း National Endowment for Democracy က ထောက်ပံ့ထားသော
လူ့အခွင့်အရေး အုပ်စုတစ်ခုဖြစ်သည့် Arakan Project က ခန့််မှန်းပါသည်။
ရိုဟင်ဂျာများသည် ဘင်္ဂလားဒေ့ရှ်ရှိ စစ်တကောင်းဘင်္ဂါလီများနှင့်ဆက်နွယ်နေပြီး
အရှေ့တောင်အာရှ ဇစ်မြစ်ဖြစ်သော ဗုဒ္ဓဘာသာလူဦးရေနှင့် ကွဲပြားခြားနားပါသည်။
မြန်မာဥပဒေတွင် ရိုဟင်ဂျာများကို ဖယ်ထုတ်ပြီး
နိုင်ငံသားပြုခွင့်ကို ကန့်သတ်ထားရာ နိုင်ငံတကာ၏ စိုးရိမ်မှုကို ဖြစ်စေပါသည်။
မွတ်ဆလင်များနှင့် ဗုဒ္ဓဘာသာများကြားတွင်
ဖြစ်ပွားသောအကြမ်းဖက်မူများသည် ရခိုင်ပြည်နယ်
ပြင်ပသို့ ပင် ပျံ့နှံ့ခဲ့ပါသည်။ မွတ်ဆလင်များသည် တိုင်းပြည်လူဦးရေ၏ ၅%ထက်နည်းပါသည်။
ပြင်ပသို့ ပင် ပျံ့နှံ့ခဲ့ပါသည်။ မွတ်ဆလင်များသည် တိုင်းပြည်လူဦးရေ၏ ၅%ထက်နည်းပါသည်။
မတ်လက မိတ္ထီလာတွင်ဖြစ်ပွားသော ဘာသာရေးအရ
ပြင်းထန်သောဖြစ်ရပ်များတွင် ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးတစ်ပါးအား သတ်ဖြတ်မူဖြင့် မွတ်ဆလင်အမျိုးသား
(၆)ဦးအား တရားစွဲထားကြောင်း ရဲတပ် ဖွဲ့က ပြောပါသည်။
အဓိကရုဏ်းများကြောင့် လူပေါင်း(၄၀)ကျော်
သေဆုံးပြီး၊ ဘုန်းကြီးများပါဝင်သောမြန်မာလူအုပ်ကြီး
သည် မွတ်ဆလင်များပိုင်ဆိုင်သော ဆိုင်များကိုဖျက်ဆီးကြပြီး၊ ရဲတပ်ဖွဲ့အင်အားအတော် များများက
နောက်မှ ရပ်ကြည့်နေသည်ဟု ဆိုပါသည်။
သည် မွတ်ဆလင်များပိုင်ဆိုင်သော ဆိုင်များကိုဖျက်ဆီးကြပြီး၊ ရဲတပ်ဖွဲ့အင်အားအတော် များများက
နောက်မှ ရပ်ကြည့်နေသည်ဟု ဆိုပါသည်။
မတ်လ (၂၀)ရက်နေ့မှစတင်ဖြစ်ပွားသော အဆိုပါဖြစ်စဉ်တွင်
မွတ်ဆလင်(၁၂၀၀၀)ကျော် နေအိမ် များကို စွန့်ခွာထွက်ပြေးရပါသည်။
သမ္မတ ဦးသိန်းစိန်က ယခုအပတ်တိုင်းပြည်သို့
ပြောကြားသောမိန့်ခွန်းတွင် ငြိမ်းချမ်းစွာ အတူ ယှဉ်တွဲ နေထိုင်ရေးကို တိုက်တွန်းခဲ့ပြီး
မွတ်ဆလင်များ၏ အခွင့်အရေးများကို စောင့်ရှောက်ရန် ကတိပေး ခဲ့ပါသည်။
“ရခိုင်ကိစ္စနှင့် ပတ်သက်လို့ ကျွန်တော်တို့အစိုးရဟာ
မူဆလင်များရဲ့ အခြေခံရပိုင်ခွင့်တွေကို ကာကွယ်ဖို့ တာဝန်ယူသွားမှာဖြစ်ပါတယ်။ တစ်ချိန်တည်းမှာ
အခြားအုပ်စုများရဲ့အခွင့်အရေးတွေကိုလည်း လျစ်လျူရှုထားမှာ မဟုတ်ပါဘူး” ဟု ၄င်းက ပြောပါသည်။
အိမ်နီးချင်းနိုင်ငံများက ရိုဟင်ဂျာဒုက္ခသည်များ
ပိုမိုဝင်ရောက်လာမူကို စိုးရိမ်နေချိန်တွင် ၄င်း၏ မိန့်ခွန်း ထွက်ပေါ်လာခြင်းဖြစ်ပါသည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် ကုန်းလမ်းမှထွက်ပြေးလာသော
ရိုဟင်ဂျာအများစုကိုလက်ခံထားရရာ နယ်စပ် ရှိ ဒုက္ခသည်စခန်းများတွင် ထောင်ပေါင်းများစွာ
ပြည့်ကျပ်နေပါသည်။
သို့သော် ရိုဟင်ဂျာများသည် လှေများဖြင့်လည်း
တိုး၍ထွက်ပြေးလျှက်ရှိရာ အင်ဒိုနီးရှားနှင့် မလေးရှား တို့လည်း ပါဝင်ပါသည်။
ယခုနှစ်အစောပိုင်းက ဥရောပသမဂ္ဂသည် မြန်မာနိုင်ငံ၏
ဒီမိုကရေစီသို့အရွေ့များကြောင့်စီးပွားရေး
အရ အရေးယူမူအများအပြားကို ရုတ်သိမ်းပေးခဲ့ပါသည်။
အရ အရေးယူမူအများအပြားကို ရုတ်သိမ်းပေးခဲ့ပါသည်။
သို့သော် မကြာသေးမီက ထုတ်ပြန်သော အမေရိကန် အစိုးရကော်မရှင်၏ အစီရင်ခံစာတွင်
မြန်မာနိုင်ငံ သည် လွတ်လပ်စွာကိုးကွယ်ခွင့်ကို စနစ်တကျချိုးဖောက်မူတွင် တာဝန်ရှိသော အစိုးရ (၁၅)
ခုအား အမေရိကန် နိုင်ငံခြားရေးဌာနမှ အမည်မည်းစာရင်းသွင်းထားရာတွင် ဆက်လက်ထားရှိသင့်
ကြောင်း ထောက်ခံတင်ပြခဲ့ ပါသည်။
မြန်မာနိုင်ငံ သည် လွတ်လပ်စွာကိုးကွယ်ခွင့်ကို စနစ်တကျချိုးဖောက်မူတွင် တာဝန်ရှိသော အစိုးရ (၁၅)
ခုအား အမေရိကန် နိုင်ငံခြားရေးဌာနမှ အမည်မည်းစာရင်းသွင်းထားရာတွင် ဆက်လက်ထားရှိသင့်
ကြောင်း ထောက်ခံတင်ပြခဲ့ ပါသည်။
အဆိုပါကော်မရှင်၏ အစီရင်ခံစာတွင် မြန်မာအစိုးရသည်
မူဆလင်အုပ်စုများကို ဆက်လက်ခွဲခြား
နှိပ်ကွပ်နေကြောင်း ဖော်ပြထားပါသည်။
နှိပ်ကွပ်နေကြောင်း ဖော်ပြထားပါသည်။
“မြန်မာနိုင်ငံရဲ့ လက်ရှိအရေးကြီးတဲ့
နိုင်ငံရေးပြုပြင်ပြောင်းလဲမူတွေဟာ ဘာသာရေးအရလွတ်လပ်
စွာယုံကြည်မူအခြေအနေကို အရေးပါစွာ တိုးတက်မူမရှိသေးပါဘူး” ဟု ကော်မရှင်က ပြောပါသည်။
စွာယုံကြည်မူအခြေအနေကို အရေးပါစွာ တိုးတက်မူမရှိသေးပါဘူး” ဟု ကော်မရှင်က ပြောပါသည်။
No comments:
Post a Comment