Friday, May 10, 2013

တပတ်အတွင်းစီးပွားရေးသတင်း


တပတ်အတွင်း စီးပွားရေးသတင်းများကို စာဖတ်သူများသိစေရန်အလို့ဌာ Yangon Chronicle မှ စုစည်း တင်ပြလိုက်ပါသည်။

သတင်းအဖွဲ့
(၁) ကုန်သွယ်ရေးမူဝါဒသစ်
       မြန်မာနိုင်ငံ၏ ကုန်သွယ်စီးပွားရေးစီးဆင်းမှုတွင် အဓိကကျသည့် ပို့ကုန်ကဏ္ဍတိုးတက်ရေးအတွက် ကုန်သွယ်ရေးမူဝါဒကို စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့အစည်း ( World Trade Organization) ၏အကူအညီဖြင့် ယခုနှစ် နှစ်ကုန်ပိုင်းတွင် အပြီးသတ်ရေးဆွဲသွားမည်
ဖြစ်သည်။

      မြန်မာနိုင်ငံ၏လက်ရှိကျင့်သုံးနေသော ကုန်သွယ်ရေးမူဝါဒသည် ပြုပြင်ပြောင်းလဲလာသော စီးပွားရေး
စနစ်သစ် များနှင့် အံမဝင်သဖြင့် အသစ်ရေးဆွဲရန် လိုအပ်လျက်ရှိကြောင်းပြည်ပပို့ကုန်လုပ်ငန်းရှင်များ
က ပြောကြား ထားခဲ့သည်။

     ယခုလက်ရှိ ကုန်သွယ်ရေးမူဝါဒသည် ဆိုရှယ်လစ်ခေတ်ကတည်းက ရေးဆွဲထားခြင်းဖြစ်သော ကြောင့် ဆိုရှယ်လစ်စနစ်ကို အားပေးသော မူဝါဒဖြစ်ကာ ခေတ်နှင့်လိုက်လျောညီထွေမှုမရှိသဖြင့် အသစ်ပြန်လည်
ရေးဆွဲခြင်းရခြင်းဖြစ်ပြီး ကုန်သွယ်ရေးမူဝါဒသစ်တွင် ပို့ကုန်မြှင့်တင်မှုကို အားပေးသော Export Leading မူဝါဒများ ထည့်သွင်း ရေးဆွဲသွားမည်ဖြစ်သည်။

မြန်မာ့ဈေးကွက်စီးပွားရေးစနစ်အတွက် ကုန်သွယ်ရေးမူဝါဒအသစ်များရေးဆွဲအကောင်အထည်ဖော်ရာတွင် စည်းမျဉ်းဥပဒေအချို့အား လျှော့ချပေးရန်၊ အစိုးရမှ ထိန်းချုပ်ထားခြင်းကို လျှော့ချပေးရန် စသည့် အချက်များကို ထည့်သွင်းဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။

(၂) ရင်းနှီးမြှုပ်နှံမှု
MIC ၏ ဥက္ကဋ္ဌနေရာအပြောင်းအလဲ


                                 Photo Credit by httphlaoo1980.blogspot.com
         မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်( MIC ) ကို နိုင်ငံတော်သမ္မတရုံးအမိန့်ကြေညာစာအမှတ် ၄၂/၂၀၁၃  ဖြင့်  ယခုလ ၃ ရက်နေ့က ထုတ်ပြန်ခဲ့ပြီး ယခင်ကော်မရှင်ဥက္ကဋ္ဌနေရာတွင် တာဝန်ယူ ထား
သောသမ္မတရုံးဝန်ကြီး ဦးစိုးသိန်း၏ နေရာတွင် ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီး ဌာန ပြည်ထောင် စုဝန်ကြီး
ဦးဝင်းရှိန်က  ပြောင်းလဲတာဝန်ယူ  ထားပြီး  အတွင်းရေးမှူးအဖြစ်  အမျိုးသား စီမံ ကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးမှုဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဒေါက်တာကံဇော်က တာဝန်ယူထားခဲ့သည်။

            MIC ကိုပြောင်းလဲဖွဲ့စည်းခဲ့သော်လည်း လုပ်ဆောင်ပေးနေသည့် အပိုင်းများတွင်မူ ယခင်မူဝါဒ
များအတိုင်းဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။ 

မြန်မာ - တိုင်ဝမ်
      တိုင်ဝမ် အခြေစိုက်ကုမဏီ ၃၁ ခုပါဝင်သော Taiwan Trade Center မှ စီးပွားရေးလုပ်ငန်းရှင် ၄၅ ဦးနှင့် စီးပွားရေးဆွေးနွေးပွဲတစ်ရပ်ကို မတ်လ ၁၀ ရက်နေ့တွင် ဆီဒိုးနားဟိုတယ်တွင် ကျင်းပသွား
မည်ဖြစ် ကြောင်း သိရှိရသည်။
      အဆိုပါစီးပွားရေး ဆွေးနွေးပွဲတွင် မော်တော်ယာဉ်၊ ဆိုင်ကယ်နှင့် အပိုပစ္စည်းလုပ်ငန်း၊ အထည်ချုပ်နှင့်
 ဆေးဆိုးပါးရိုက်လုပ်ငန်း၊ ဗီနိုင်းနှင့်ပုံနှိပ်ခြင်းလုပ်ငန်း၊ ပညာရေးလုပ်ငန်း၊ ဖုန်းနှင့် ကွန်ပြူတာ ပစ္စည်းလုပ်ငန်း  စသည့်လုပ်ငန်းများအပါအဝင်  လုပ်ငန်းပေါင်း  ၁၆  မျိုးအား  မြန်မာ့စီးပွားရေးလုပ်ငန်း
ရှင်များနှင့် အကျိုးတူပူးပေါင်းဆောင် ရွက်ရန်ဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။

မြန်မာ - အိန္ဒိယ
     အိန္ဒိယနိုင်ငံ ကုန်သည်ကြီးများအသင်း ICC သည် မြန်မာနိုင်ငံကုန်သည်ကြီးများနှင့် စက်မှုလက်မှု အသင်းချုပ် UMFCCI နှင့် ချိတ်ဆက်ကာ မုံရွာမြို့ မြို့တော်ခန်းမတွင် မြန်မာ - အိန္ဒိယနှစ်နိုင်ငံ ဒေသ
ဆိုင်ရာရင်းနှီးမြှုပ်နှံမှု ဆွေးနွေးပွဲ ကို မေလ ၂၇ ရက်မှ မေလ ၃၁ ရက်အထိ ကျင်းပပြုလုပ်မည်ဖြစ်သည်။ 

         အဆိုပါဆွေးနွေးပွဲသို့ အိန္ဒိယပြည်နယ် ဝန်ကြီးချုပ်များနှင့် အိန္ဒိယစီးပွားရေးလုပ်ငန်းရှင် ၈၀ ကျော်
တက်ရောက်မည် ဖြစ်ပြီး နှစ်နိုင်ငံ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးသွားမည်ဖြစ်သည့်အပြင်
နှစ်နိုင်ငံထုတ်ကုန် ပစ္စည်းများကိုလည်း ပြသရောင်းချသွားမည်ဖြစ်ကြောင်း သိရှိရသည်။

မြန်မာ - ထိုင်း
         ထိုင်းနိုင်ငံမှ စက်မှုကုန်ထုတ်လုပ်ငန်းရှင်ကုမဏီ ၁၆ ခုနှင့် မြန်မာနိုင်ငံတိုင်းရင်းသားစီးပွားရေး လုပ်ငန်းရှင်များ တိုက်ရိုက်တွေ့ဆုံဆွေးနွေးမည့် စီးပွားရေးပြောဆိုဆွေးနွေးပွဲ ( Business Matching ) ကို မေလ ၁၇ ရက်နေ့ တွင် ပြုလုပ်သွားမည်ဖြစ်သည်။ အဆိုပါတွေ့ဆုံဆွေးနွေးပွဲဖြစ်မြောက်ရန်အတွက် Global Business Link Co.,Ltd နှင့် ထိုင်းနိုင်ငံမှ Department of Industrial Promotion (DIP) တို့ပူးပေါင်းစီစဉ်ခဲ့ခြင်းဖြစ်သည်။

 အဆိုပါတွေ့ဆုံဆွေးနွေးပွဲတွင် လျှပ်စစ်ပစ္စည်းများ၊ အီလက်ထရွန်နစ်ပစ္စည်းများ၊ ကားအလှဆင်ပစ္စည်းနှင့် ကားဘီးများ၊ CCTV နှင့်အသံစနစ်၊ စက်ရုံလုပ်ငန်းပစ္စည်းအမျိုးမျိုးအပါအဝင် ကုန်ပစ္စည်း (၁၆) မျိုးခန့်ကို အကျိုးပူးပေါင်း၍ ရင်းနှီးမြုပ်နှံရန်အတွက် တွေ့ဆုံဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။

(၃) ဘဏ္ဍာရေးကဏ္ဍ
ကမ္ဘာ့ဘဏ်၏ ဖွံ့ဖြိုးရေးချေးငွေသစ်
                                          Photo Credit by www.gbld.org
        ကမ္ဘာ့ဘဏ်မှ  မြန်မာနိုင်ငံ၏  ဆက်သွယ်ရေး၊  ပညာရေးနှင့်  လျှပ်စစ်စွမ်းအင်ကဏ္ဍများ ဖွံ့ဖြိုးရေးအတွက် လာမည့်နှစ်တွင် အမေရိကန်ဒေါ်လာ သန်း ၇၀၀ ကျော် နှစ်ရှည်ထုတ်ချေးရန်ရှိကြောင်း
 ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်း၏ ပြောကြားချက်အရ သိရှိရသည်။ 

             အဆိုပါချေးငွေများကို ပညာရေးနှင့် လျှပ်စစ်စွမ်းအင် ကဲ့သို့သော မြန်မာနိုင်ငံ၏ အားနည်းသည့် ကဏ္ဍများတွင်သုံးစွဲသွားမည် ဖြစ်ကြောင်း သိရှိရသည်။

     ကမ္ဘာ့ဘဏ်၏  ထုတ်ပြန်ချက်တွင်  မြန်မာနိုင်ငံ၏  ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို အထောက်အပံ့ငွေ ဒေါ်လာသန်း ၈၀ ဖြင့် ဆောင်ရွက်လျက်ရှိပြီး ၂၀၁၄ ခုနှစ်တွင်မြန်မာ့ဆက်သွယ်ရေး
ကဏ္ဍပြုပြင်ပြောင်းလဲရေး၊ လျှပ်စစ်ဓါတ်အားစီမံကိန်း၊ ပြည်သူ့ဘဏ္ဍာရေး စီမံခန့်ခွဲ့မှုတိုးတက်ရေး စီမံ
၏ကိန်းများအတွက် စီစဉ်ဆောင်ရွက် လျက်ရှိကြောင်း သိရှိရသည်။

စံချိန်တင်အခွန်ဝင်ငွေ
       ၂၀၁၂ - ၂၀၁၃ ဘဏ္ဍာနှစ်တွင်  ပြည်တွင်းအခွန်များဦးစီးဌာနမှ  ကောက်ခံရရှိထားသော အခွန်ဝင်ငွေသည်  အခွန်ကောက်ခံရရှိမှု  သက်တမ်းတစ်လျှောက်တွင်  အမြှင့်ဆုံးရရှိခဲ့ခြင်းဖြစ်ကြောင်း
 ပြည်တွင်းအခွန်များဦးစီးဌာန မှ ညွန်ကြားရေးမှူး ဦးအောင်မိုးကြည်က ပြောကြားခဲ့သည်။

     ထို့သို့ တိုးပွားလာရခြင်းမှာ အခွန်နှုန်းထားများကို ပွင့်လင်းမြင်သာမှုရှိရန် ပြုလုပ်နေခြင်း၊ အခွန်ပညာ
ပေးဟောပြောပွဲများ ပြုလုပ်ခြင်းနှင့် ကွင်းဆင်းလေ့လာရေး လုပ်ငန်းများ ဆောင်ရွက်နေခြင်းတို့ကြောင့်
 ဖြစ်သည်ဟု သိရှိရသည်။

      ၂၀၁၂ - ၂၀၁၃ ဘဏ္ဍာနှစ်တွင် အခွန်ငွေကျပ် ၁,၅၅၀ ဘီလီယံရရှိရန် လျာထားခဲ့သော်လည်း အခွန်ငွေ ကျပ်ဘီလီယံ ၂,၇၀၀ ကျော်အထိရရှိခဲ့သောကြောင့် လျာထားချက်ထက် ၁,၁၅၀ ဘီလီယံကျော် ပိုမိုရရှိခဲ့ခြင်း ဖြစ်သည်။

(၄) ကုန်သွယ်မှုဆိုင်ရာ
မူဝါဒသစ်နှင့် နည်းပညာလိုအပ်ချက်

   မြန်မာနိုင်ငံ၏ ကုန်သွယ်မှုမြှင့်တင်နိုင်ရန်အတွက် ဖွံ့ဖြိုးမှုအားကောင်းသည့် ပြည်ပနိုင်ငံများမှ နည်းပညာ အကူအညီများ ရယူရန်လိုအပ်လျက်ရှိကြောင်း စီးပွား/ကူသန်းပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့်က ပြော
ကြားခဲ့ သည်။ 

      လက်ရှိတွင် မြန်မာနိုင်ငံ၏ ကုန်သွယ်မှုမြှင့်တင်ရန် ပထမခြေလှမ်းအဖြစ် ကုန်သွယ်ရေးမူဝါဒကို ၂၀၁၃ ခုနှစ်အပြီး ပြင်ဆင်ရေးဆွဲလျက်ရှိသည်။ 

ပို့ကုန်ဆိုင်ရာမဟာဗျူဟာ
         ထို့အပြင် ပို့ကုန်ဆိုင်ရာ မဟာဗျူဟာရေးဆွဲရန်အတွက် အပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှုကောင်စီ ( ITC ) နှင့် စီးပွားကူးသန်းဝန်ကြီးဌာနတို့ ပူးပေါင်းကာ အလုပ်ရုံဆွေးနွေးပွဲကို နေပြည်တော်တွင် မေလ ၂ ရက်နေ့မှ စတင်ကာ သုံးရက်ကြာ ကျင်းပပြုလုပ်ခဲ့သည်။

            မြန်မာနိုင်ငံ၏ ကုန်သွယ်မှု ပမာဏမှာ ၂၀၁၂ - ၂၀၁၃ ဘဏ္ဍာနှစ်တွင် ကန်ဒေါ်လာ ( ၁၈ ဒသမ ၅ ) ဘီလီယံ အထိ မြင့်တက်လာသော်လည်း အိမ်နီးချင်း ထိုင်းနိုင်ငံ၏ နှစ်လတာကုန်သွယ်မှု ပမာဏမှာ ကန်ဒေါ်လာ ၁၉ ဘီလီယံ ကျော်ရှိကြောင်း သိရှိရသည်။

No comments:

Post a Comment