Friday, May 10, 2013

ဖွဲ့စည်းပုံအခြေခံဥပဒေအရ ကာကွယ်ရေးဦးစီးချုပ်က သမ္မတထက် အာဏာပိုရှိကြောင်း ပညာရှင်တစ်ဦး သုံးသပ်


              လက်ရှိ ပြဋ္ဌာန်းထားသည့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် တပ်မတော်၏ အခန်းကဏ္ဍမှာ ပိုမိုကျယ်ပြန့်နေပြီး ကာကွယ်ရေးဦးစီးချုပ်သည် သမ္မတထက် အာဏာပိုမိုအသုံးပြုနိုင်ရန် ပြဋ္ဌာန်းထားကြောင်း အင်ဒိုနီးရှားနိုင်ငံ၏ ဖွဲ့စည်းပုံ အခြေခံ ဥပဒေနှင့်နှိုင်းယှဉ်ကာ National University of Singapore ဥပဒေရေးရာ ဌာနမှ ဒေါက်တာမစ်စ် မယ်လီဆာက မေလ ၉ ရက်နေ့က မီကာဆာဟိုတယ်တွင် ပြုလုပ်ခဲ့သော အခြေခံဥပဒေပြင်ဆင်ရေး အလုပ်ရုံဆွေးနွေးပွဲ ဒုတိ ယနေ့တွင်ပြောကြား
ခဲ့ကြောင်း သိရသည်။

      တပ်မတော်၏ အခန်းကဏ္ဍကို လေ့လာရာ ၂၀၀၈ အခြေခံဥပဒေ၏ အခန်း(၇)တွင် တပ်မတော်ကို ကာကွယ်ရေးဦးစီးချုပ်မှသာ ထိန်းချုပ်ထားခြင်း၊ ကာကွယ်ရေးဦးစီးချုပ်အား ရွေးချယ်ရာတွင် ကာ/လုံ မှရွေးချယ်ခြင်း၊ ကာကွယ်ရေးဦးစီးချုပ်တစ်ယောက်အတွက် တာဝန်သက်တမ်းအချိန် အကန့်အသတ်မရှိခြင်း၊ ကာကွယ်ရေးဦးစီးချုပ် ဖြစ်ရန် အရည်အချင်းသတ်မှတ်ချက်မရှိခြင်း၊ ကာကွယ်ရေးဦးစီးချုပ်အား ရာထူးမှဖယ်ရှားရန်အတွက် မည်သည့်နည်း ဥပဒေနှင့် ဆောင်ရွက်ရမည်ဆိုသည့် အချက်များမှာ ၂၀၀၈ အခြေခံဥပဒေ တွင်ပါဝင်ခြင်းမရှိကြောင်း မစ်စ် မယ်လီဆာမှ ပြောကြားခဲ့သည်။

              တပ်မတော်သည် လွတ်တော်၏ ထိန်းချုပ်မှုအောက်တွင်သာရှိသင့်ပြီး တပ်မတော်အနေဖြင့် ဥပဒေပြုလွှတ်တော်တွင် မပါဝင်သင့်ကြောင်း စသည့်အချက်များကို တိကျစွာရေးဆွဲသင့်သည်ဟု မစ်စ်မယ်လီဆာက အကြုံပြုတင်ပြခဲ့ သည်။

               အင်ဒိုနီးရှားနိုင်ငံသည် မြန်မာနိုင်ငံကဲ့သို့ပင် စစ်အာဏာရှင်များ၏လက်အောက်တွင် နေထိုင်ခဲ့ရသော်လည်း အင်ဒိုနီး ရှားနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးတွင် စစ်တပ်၏အခန်းကဏ္ဍကို လွှတ်တော်မှဖယ်ရှားနိုင်ခဲ့ပြီး ဖိလစ်ပိုင် နိုင်ငံတွင်လည်း တပ်မတော်သားများ နိုင်ငံရေးလှုပ်ရှားမှုကို တိုက်ရိုက်ပါဝင်ခွင့်အား အခြေခံဥပဒေတွင် ထည့်သွင်း တားမြစ်ရေးဆွဲထားကြောင်း ၎င်းကဆက်လက်ပြောကြားခဲ့သည်။

        သမ္မတမှ နယ်စပ်ရေးရာဝန်ကြီးခန့်အပ်ရန်အတွက် ကာ/ချုပ်၏ အကြံကို ယူရသည်ဆိုသည်မှာ လွှတ်တော်သည် ကာ/ချုပ် မပါဘဲ လွတ်လပ်စွာဆုံးဖြတ်နိုင်ခွင့်မရှိကြောင်းကို ပြသရာရောက်သည်ဟု ၎င်းကပြောကြားခဲ့ သည်။

           မစ်စ်မယ်လစ်ဆာခရော့ခ်ျ မှာ စင်ကာပူနိုင်ငံ NUS ဥပဒေရေးရာဌာနမှ ပါရဂူဘွဲ့ရတစ်ဦးဖြစ်ပြီး ၎င်း၏အဓိက သင်ကြားရေးနယ်ပယ်မှာ ပြည်သူ့ဥပဒေနှင့် အုပ်ချုပ်ရေးဥပဒေ တို့ဖြစ်ကာ သြစတေးလျနှင့် NUS တို့တွင် သင်ကြားပို့ချမှုများပြုလုပ်နေသူတစ်ဦးဖြစ်ကြောင်း သိရသည်။

No comments:

Post a Comment