Friday, May 10, 2013

ကမ္ဘာ့ဘဏ်မှ မြန်မာနိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်လုပ်ဆောင်မည်



      အမေရိကန်နိုင်ငံ ဝါရှင်တန်မြို့အခြေစိုက် ကမ္ဘော့ဘဏ်အုပ်စုအနေဖြင့် မြန်မာနိုင်ငံအစိုးရ၏ လက်ရှိဆောင် ရွက် နေသော
ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များအား အသိအမှတ်ပြုသည့်အနေဖြင့် နိုင်ငံတွင်းစီးပွားရေး ဖွံ့ဖြိုး တိုးတက်ရေးနှင့် အလုပ်အကိုင်အခွင့်အလမ်းသစ်များ ပေါ်ထွန်းလာနိုင်စေရန် မြန်မာနိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ဆောင်ရွက်သွား
မည်ဖြစ်ကြောင်း မေလ ၉ ရက်နေ့တွင် နေပြည်တော်ရှိ သင်္ဂပာပိာုတယ်၌ ကျင်းပပြုလုပ်ခဲ့သည့် အလုပ်ရုံဆွေးနွေးပွဲတွင် တာဝန်
ရှိသူတစ်ဦးက ပြောကြားသည်။

      ယင်းပူးပေါင်းဆောင်ရွက်မှု လုပ်ငန်းစဉ်များအရ ကမ္ဘာ့ဘဏ်မှ မြန်မာနိုင်ငံအတွင်း အရည်အသွေးနှင့်ရလဒ်ကောင်းများ
ပေါ်ထွက်လာစေရန် ဖွံ့ဖြိုးမှုနောက်ကျသည့်နိုင်ငံများသို့ အတိုးမဲ့ချေးငွေများနှင့် ထောက်ပံ့ငွေများပေးအပ်လျက်ရှိသော အပြည်ပြည်ဆိုင်ရာဖွံ့ဖြိုးရေးအဖွဲ့(International Development Association)၏ လုပ်ငန်းဆောင်ရွက်မှုများ၊ ငွေကြေးဆိုင်ရာ လုပ်ငန်းစဉ်များ၊ ဖွံ့ဖြိုးမှုရလဒ်ကောင်းများ ထွက်ပေါ်လာစေရန် စီမံဆောင်ရွက်ခြင်းနှင့် ကမ္ဘာ့ဘဏ် စီမံကိန်းလုပ်ငန်းများ၏ လှည့်ပတ်မှုဖြစ်စဉ်များ ပါဝင်မည်ဖြစ်ကြောင်း သိရသည်။

    ထို့ပြင် ကမ္ဘ့ဘဏ်မှ မြန်မာနိုင်ငံ၏ ဆက်သွယ်ရေး၊ ပညာရေးနှင့် ပညာရေးကဏ္ဍများဖွံ့ဖြိုးတိုးတက်လာစေရန် အတွက် လာ
မည့်နှစ်တွင် အမေရိကန်ဒေါ်လာသန်း ၇၀၀ ကျော်ကို အတိုးနှုန်းသက်သာစွာဖြင့်ထုတ်ချေးသွားမည်ဖြစ်ကြောင်း သိရသည်။

    ထိုသို့မြန်မာနိုင်ငံနှင့် ကမ္ဘာ့ဘဏ်တို့ ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ခြင်းဖြင့် အုပ်စုနှစ်ခုအကြား လုပ်ငန်းစဉ်များနှင့် လုပ်ထုံးလုပ်နည်းများ ပိုမိုသိရှိလာနိုင်ပြီး ဆောင်ရွက်မည့် စီမံကိန်းများကိုလည်း ထိရောက်စွာအကောင်အထည်ဖော်ဆောင်ရွက်
နိုင်မည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတရုံး ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းက ပြောကြားသည်။

          ထို့ပြင် ကမ္ဘာဘဏ်မှ မြန်မာအစိုးရ၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍများတွင်       ကတိကဝတ်ပြုထားသည့် ပူးပေါင်းဆောင်ရွက်မှုများကိုလည်း ပိုမိုအားကောင်းလာနိုင်စေရန်  ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး၊ ဆင်းရဲနွမ်းပါးမှုလျှော့ချရေးနှင့် အ လုပ်အကိုင် အခွင့်အလမ်းသစ် ဖန်တီးပေးခြင်း စသည့်လုပ်ငန်းစဉ် များကိုလည်း ကူညီဆောင် ရွက်ပေးသွားမည်ဖြစ်ကြောင်း ကမ္ဘာ့ဘဏ်၏ မြန်မာနိုင်ငံဆိုင်ရာမန်နေဂျာ မစ္စတာခန်သန်ရှင်ကာက ပြောကြား ခဲ့သည်။

        ထို့ပြင် မြန်မာနိုင်ငံသားများ၏ အကျိုးစီးပွားအတွက် ဘဏ္ဍာရေးနှင့် နည်းပညာဆိုင်ရာ ပံ့ပိုးကုညီမှုများကိုလည်း
ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။

        လက်ရှိအချိန်တွင် ကမ္ဘာ့ဘဏ်မှ ၂၀၁၃ ခုနှစ်မတိုင်မီကာလအတွင်း ကမ္ဘာတစ်ဝန်းရှိ ပြည်သူများ၏ ဆင်းရဲနွမ်းပါးမှု
အပြီးသတ်တိုက်ဖျက်ခြင်းနှင့်ကမ္ဘာပေါ်ရှိ လူဦးရေ(၄၀)ရာခိုင်နှုန်း ဝင်ငွေတိုးတက်လာစေရန်ဆောင်ရွက်ပေးလျက်ရှိကြောင်း
သိရသည်။      

No comments:

Post a Comment