Friday, May 10, 2013

တပ်မတော်နှင့် ရှမ်းတောင်ပိုင်း RCSS/SSA တို့၏တိုက်ပွဲများကြောင့် ထွက်ပြေးသည့်စစ်ရှောင်ဒုက္ခသည်များအား တရုတ် လက်မခံ


         ပြီးခဲ့သည့် မေလ ၉ ရက်နေ့တွင် အစိုးရ၏တပ်မတော်မှ အပစ်အခတ်ရပ်စဲရေးသဘောတူစာချုပ်အား ဖောက်ဖျက်၍ ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီနှင့် ရှမ်းပြည်တပ်မတော် တောင်ပိုင်း RCSS/SSA စခန်းချရာ ရှမ်းပြည်နယ် မြောက်ပိုင်း နမ့်ခမ်းမြို့နယ်အတွင်းရှိ အမှတ်(၇၀၁)နယ်မြေအား ထိုးစစ်ဆင် တိုက်ခိုက်ခဲ့သည့်အတွက်  တိုက်ပွဲများ ပြင်းထန်ခဲ့ပြီး စစ်ဘေး
ရှောင် ဒေသခံ ပြည်သူများမှာ တရုတ်ပြည် အတွင်းသို့ထွက်ပြေးသော်လည်း တရုတ်အာဏာ ပိုင်များက လက်မခံဘဲပြန်လွှတ်
ခြင်းများပြုလုပ်ခဲ့ကြောင်း ဒေသခံ တစ်ဦး၏ ပြောကြားချက်အရ သိရသည်။

          ထိုသို့ လက်နက်ကြီးများဖြင့် ပတ်ခတ်သည်အထိ တိုက်ပွဲပြင်းထန်မှုများကြောင့် တပ်မတော်ဘက်မှ ကျဆုံးသူ ၉ ဦး၊ ဒဏ်ရာအကြီးအကျယ်ရရှိသူ ၈ ဦးအထိရှိနေပြီး ရှမ်းတောင်ပိုင်း SSA ဘက်မှအကျအဆုံးစာရင်းကိုမူ အတိအကျ ထုတ်ပြန်ခြင်း မရှိသေးကြောင်း သိရသည်။ ထို့ပြင် တပ်မတော်နှင့် ရှမ်းပြည်တောင်ပိုင်းတပ်မတော်တို့၏ တိုက်ပွဲဖြစ်ပွားမှုများကြောင့် နမ့်ခမ်းမြို့တစ်ဘက်ကမ်းရှိ နောင်မကျေးရွာအုပ်စု ဝမ်တာပေား၊ ပာိုဆိုင်း၊ ဝမ်ကွန် စသည့်ကျေးရွာများမှ ဒေသခံပြည်သူ ၅၀၀ ကျော်ခန့်မှ တရုတ်နိုင်ငံအတွင်းသို့ ထွက်ပြေးတိမ်းရှောင်မှုများ ပြုလုပ်သကဲ့သို့ နမ့်ခမ်းမြို့ ရှိ ဇေယျသုခဘုန်းတော်ကြီး
ကျောင်းများနှင့် မြို့ပေါ်ရှိ ဆွေမျိုးမိတ်ဆွေအိမ်များထံတွင် သွားရောက်ခိုလှုံလျက် ရှိကြောင်း သိရသည်။

        ပြီးခဲ့သည့် ဧပြီလကုန်ပိုင်းတွင် မြန်မာစစ်တပ်မှ စစ်ထောက်လှမ်းရေး(၄)ဦးပျောက်ဆုံးမှာ ရှမ်းပြည်နယ်တောင်ပိုင်း တပ်မတော်မှဖမ်းဆီသွားခြင်းဖြစ်သည်ပာု စွပ်စွဲခဲ့ပြီး မေလ ၅ ရက်နေ့တွင် အစိုးရတပ်မတော်မှ ရှမ်းတောင်တပ်မတော်ပိုင် ဒင်းခါးစခန်းအား ဝင်ရောက်ရှာဖွေမီးရှို့ရာမှ အစပြု၍ တိုက်ပွဲများပြန်လည်ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

            ထို့ပြင် လက်ရှိအချိန်တွင် အစိုးရ၏ တပ်မတော်မှ ပာတ်ကြီးရေကာတာစီမံကိန်းနယ်မြေအတွင်းမှ ရှမ်းပြည်နယ်မြောက်ပိုင်းလက်နက်ကိုင်အဖွဲ့(SSA)တပ်ဖွဲ့များအား နေရာရွှေ့ပြောင်းခိုင်းခြင်းမှအစပြု၍ ရှမ်းမြောက်(SSA) အဖွဲ့များနှင့် သဘောထားတင်းမာကာ တိုက်ပွဲများ ပြန်လည်ဖြစ်ပွားလျက်ရှိကြောင်း သိရသည်။
 
        အစိုးရ၏ ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့နှင့် ရှမ်းပြည်နယ်တောင်ပိုင်းတပ်မတော်(RCSS/SSA) အဖွဲ့များသည် ပြီးခဲ့သည့် ၂၀၁၁ ခုနှစ် ဒီဇင်ဘာလ ၂ ရက်နေ့တွင် ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးပွဲများပြုလုပ်ခဲ့ပြီး ပဏာမသဘောတူညီချက်(၈)ချက်ဖြင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ရရှိခဲ့ကြောင်း သိရသည်။

No comments:

Post a Comment