Wednesday, May 22, 2013

မြန်မာနိုင်ငံအတွက် အထွတ်အထိပ်ရောက်ချိန်

(Independent သတင်းစာမှ 20 May 2013 ရက်စွဲပါ ခေါင်းကြီးပိုင်းဖြစ်သော A high-water mark for Burma ကိုဘာသာပြန်ဆိုသည်)
                                                                                      Photo Credit By Reuters
ယနေ့(မေလ ၂၀ ရက်၊ တနင်္လာနေ့)သည် မြန်မာနိုင်ငံသမ္မတ ဦးသိန်းစိန်အနေဖြင့် အိမ်ဖြူတော်သို့ ပထမဆုံး အ လည်အပတ်ရောက်ရှိသည့်နေ့ ဖြစ်သည်။ ယင်းဖြစ်ရပ်သည် ၁၉၆၆ ခုနှစ်နောက်ပိုင်းကာလများအတွင်း မြန်မာခေါင်းဆောင် တစ်ဦး အိမ်ဖြူတော်သို့ ပထမဆုံးလာရောက်ခြင်းလည်းဖြစ်သည်

သမ္မတဦးသိန်းစိန်၏ အမေရိကန်ပြည်ထောင်စုခရီးစဉ်သည် မကြုံစဖူးမျှဖြစ်သော သံတမန်ရေးရာ ပေါင်းကူးတံတား တည်ဆောက်မှုကို ဖော်ကျူးပြရုံသာမက ၎င်း၏ တိုင်းပြည်သည် နိုင်ငံတကာအသိုင်းအဝိုင်း၏ မျက်နှာသာပေးမှုကို ပြန်လည် ရယူနိုင်သည့် အထိမ်းအမှတ်တစ်ခုကိုလည်း ပြသလိုက်ရာရောက်ပါသည်။

တစ်ချိန်တစ်ခါကအထီးကျန်ဖြစ်ခဲ့သော မြန်မာနိုင်ငံနှင့်ယခုကဲ့သို့ ဖော်ရွေပျူငှာသည့်ဆက်ဆံရေးမျိုးပြုလုပ်ခြင်းဖြင့် အမေရိကန် သမ္မတအနေဖြင့် များစွာသော အကျိုးအမြတ်များ ရရှိမည်ဖြစ်သည်။ အဘယ့်ကြောင့်နည်း။ အကြောင်းမှာ ရှင်းပါ သည်။

 မြန်မာနိုင်ငံတွင်   ဖိနှိပ်ချုပ်ခြယ်သော   စစ်အာဏာရှင်စနစ်မှ   ဒီမိုကရေစီစနစ်သို့    ပြောင်းလဲမှုသည်      အမေရိကန်
ပြည်ထောင်စု၏ နိုင်ငံခြားရေးမူဝါဒ အောင်မြင်မှုတစ်ရပ်ဖြစ်ရုံသာမက မိမိ၏အာရှမဏ္ဍိုင်ပြု အစီအစဉ် တစ်စိတ် တစ်ပိုင်းဖြစ်သော မြန်မာအစိုးရနှင့် သင့်မြတ်ရေးဟူသည့် ချဉ်းကပ်မှုမူဝါဒအောင်မြင်မှုတစ်ရပ်အဖြစ်ပါ အိုဘားမားက အလေးအနက် စဉ်းစားထားသောကြောင့် ဖြစ်ပါသည်။ အိုဘားမားသည် အရှေ့အလယ်ပိုင်းဒေသ အပေါ်ထားရှိသော အမေ ရိကန်ပြည်ထောင်စု၏ ဖိုးကပ်စ်ကို တရုတ်သြဇာလွှမ်းမိုးမှုတဖြည်းဖြည်းချင်း ကြီးထွားလာသည့်အာရှဒေသအပေါ် ပြောင်းလဲ မည့် အစီအစဉ်တစ်စိတ်တစ်ပိုင်းအဖြစ် မြန်မာအစိုးရနှင့်ပိုမိုသင့်မြတ်ရေးဟူသောမူဝါဒကို ကျင့်သုံးခဲ့ခြင်း ဖြစ်သည်။

ဦးသိန်းစိန်၏ ပြုပြင်ပြောင်းလဲမှုများနှင့် တရုတ်နိုင်ငံ၏မတူညီသော ချဉ်းကပ်မှုများတိုးပွားလာသည့် အထောက် အထားများ ပိုမိုများပြားလာသည့် ဖြစ်ရပ်နှစ်ခုကြားတွင် အိုဘားမားအနေဖြင့် မြန်မာနိုင်ငံကို ၎င်း၏အောင်မြင်ဖြစ်ထွန်းမှုများ အနက်တစ်ခုအဖြစ် သေချာပေါက်ရှုမြင်မည်သာဖြစ်သည်။

သို့သော် စစ်မှန်သောအောင်မြင်မှုဟူသည်မှာ သမ္မတဦးသိန်းစိန်နှင့်သာ သက်ဆိုင်ပါသည်။ ဦးသိန်းစိန်သည် လွန်စွာ တိုတောင်းသောနှစ်ကာလအတွင်း သူ၏တိုင်းပြည်ကိုခရီးရှည်ကြီးတစ်ခုကို ဖြတ်သန်းနိုင်အောင် လုပ်ဆောင်ခဲ့သည်ဟူသော အချက်မှာ ငြင်းဆန်၍ရမည် မဟုတ်ပေ။ ဒေါ်အောင်ဆန်းစုကြည်မှာ လွှတ်တော် ကိုယ်စားလှယ်တစ်ဦး ဖြစ်လာပြီး တိုင်းပြည် စီးပွားရေးမှာလည်း တိုးတက်မှုခြေလှမ်းများရရှိနေပြီဖြစ်ကာ ဖိနှိပ်ချုပ်ခြယ်မှုများလည်း စတင်ကွယ်ပျောက်လာပြီဖြစ်သည်။ မည်သို့ပင်ဆိုစေ ရှေ့ဆက်ရမည့် ခရီးရှည်ကြီး ကျန်ရှိနေပါသေးသည်။

 အလွယ်ကူဆုံးနှင့် အပေါ်ယံသဘောမျှသာ ဖြစ်သော ပြောင်းလဲမှုများ ပြုလုပ်ခဲ့ပြီးဖြစ်သည့်တိုင် ယင်းပြောင်းလဲမှုများမှာ အသာတကြည်ပင် နောက်ပြန်လှည့်သွားနိုင်သည့် အနေ အထားတွင် ရှိနေပါသည်။

ဖမ်းဆီးထိန်းသိမ်းခံထားရသော နိုင်ငံရေးအကျဉ်းသား ၁၅၀ ခန့် ကျန်ရှိနေသော်လည်း ထိုအထဲမှ အယောက် ၂၀ မျှသာ ဦးသိန်းစိန်၏အမေရိကန်ခရီးစဉ်ကြောင့် လွတ်ငြိမ်းချမ်းသာခွင့်ရရှိလိုက်သည်။ ဤအတောအတွင်းမှာပင် ပြည်တွင်း စစ်မီးမှာ ဆက်လက် တောက်လောင်လျက်ရှိပြီး ရိုဟင်ဂျာမွတ်စလင်တို့၏ အခြေအနေမှာလည်း ဆိုးရွားလျက်ရှိသည်။

ဦးသိန်းစိန်နှင့်သမ္မတအိုဘားမားတို့သည် အဆိုပါအရေးကိစ္စများကို ယနေ့ဆွေးနွေးကြတော့မည် ဖြစ်သည်။

    မြန်မာ နိုင်ငံကိုကူညီ ထောက်ပံ့ပေးမည်ဟူသော ကတိကဝတ်များရှိနေစဉ်မှာပင် အိုဘားမားအနေဖြင့် သတင်း စကားနှစ်ခုကိုတော့ မ ဖြစ်မနေ ပြောကြရမည်သာဖြစ်၏။ ပထမတစ်ခုမှာ ဒီမိုကရေစီစနစ်တွင် နိုင်ငံရေးအကျဉ်းသား မရှိဟူသောစကား ဖြစ်သည်။ ဒုတိယစကားမှာမူ ယခုအချိန်သည် တိုင်းရင်းသားလူမျိုးစုံရှိသည့် မြန်မာနိုင်ငံအတွက်ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြန်လည်ပြင် ဆင်ရတော့မည့် အချိန်ဖြစ်ပြီဟူသော စကားပင်ဖြစ်ပါသည်။


No comments:

Post a Comment